သတင်း တန့်ဆည်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို ငါးကြိမ်မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများနိုင် ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့အား နေ့လယ် ၁ နာရီခန့်တွင် မိုင်ပွိုင့်သုံးကြိမ်၊ ၂နာရီခွဲခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်၊ ၂ နာရီ ၅၀မိနစ် ခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်ဖြင့် စုစုပေါင်း ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း ခင်ဦးနယ် အင်းပတ်ရွာကို မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးအဖွဲ့များ ဝင်တိုက် ယနေ့ (စက်တင်ဘာ ၂၄ရက်) နံနက် ၉နာရီခန့်က အင်းပတ်ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်များကို ခင်ဦး PDFနှင့် အခြားဒေသတွင်း PDF များ၊ ပကဖ အဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြကြောင်း SSTF ( MRDA တပ်ခွဲ-ခင်ဦး )က အသိပေးသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းများ အလင်းဝင်ကြရန် ကန့်ဘလူမြို့နယ် (ပအဖ) ကြေညာ စစ်ကိုင်းတိုင်းရှိ အခြားမြို့နယ်များတွင်လည်း Non CDM ဝန်ထမ်းများ အမြန်ဆုံးအလင်းဝင်ရန် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်ထားသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း စစ်ကောင်စီတပ် ပိတ်ပင်မှုများကြောင့် ရခိုင်စစ်ရှောင်များစားနပ်ရိက္ခာ အကြပ်အတည်း ပိုမိုရင်ဆိုင် လာရ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် မောင်တောနှင့် ရသေ့တောင်အပါအဝင် စစ်ဘေးရှောင်ဦးရေများထပ်မံတိုးပွားလာရာ စုစုပေါင်း စစ်ရှောင် ခြောက်သောင်းကျော်ရှိသည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း ပခုက္ကူမြို့နယ်ရှိ နေအိမ် ၆၀ကျော်ကို စစ်ကောင်စီတပ် မီးတင်ရှို့ စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၂ ရက်နံနက် ၆ နာရီခန့်က ပခုက္ကူမြို့နယ်၊ ဂဝံလေးတိုင်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၆လုံး မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း မုံရွာ(နမခ)မှ မန္တလေးဘက်သို့ ထွက်လာသော စစ်ကောင်စီယာဥ်နှစ်စီးအား မိုင်းဆွဲတိုက်ခိုက် ယနေ့(စက်တင်ဘာ ၂၄ ရက်) နံနက် ၄ နာရီခန့်က မုံရွာ - မန္တလေးလမ်းမကြီးပေါ်၊ မုံရွာ-ချောင်းဦးကြား လမ်းပိုင်းတစ်နေရာတွင် မုံရွာဘက်မှ မန္တလေးမြို့ဘက်သို့ သွားသော စစ်ကောင်စီ၏ ယာဥ်ကြီး နှစ်စီးအား မိုင်း၂ လုံးခွဲကာ တိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa ၏ ထုတ်ပြန်ချက်တွင်... LuduNwayOoစက်တင်ဘာ 24, 2022
သတင်း ခင်ဦးမြို့တွင် စစ်ကောင်စီတပ်က လေးရက်အတွင်း နေအိမ် ၅၀ကျော် မီးရှို့ဖျက်ဆီး၊ ပြည်သူ သုံးဦးနှင့် ပြည်သူ့ရဲဘော်တစ်ဦးကို သတ်ဖြတ် ယမန်နေ့(စက်တင်ဘာလ ၂၃ရက်) နံနက် ၁နာရီခန့်ကလည်း အောင်သီရိရပ်ကွက် အတွင်းရှိ ပြည်သူ နှစ်ဦးအား ရှာဖွေ ဖမ်းဆီးသွားခဲ့သည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း မတူပီ – ဟားခါးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား သုံးဦးသေ တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သောကြောင့်မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် ပြည်သူများသို့ CDFက တိုက်တွန်းသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ ပြည်သူ့ရဲဘော်တစ်ဦးကျဆုံး တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး နယ်ခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoစက်တင်ဘာ 24, 2022
သတင်း သပိတ်တောင်ရခိုင်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ မူဆလင်ရွာကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်နှင့် အမျိုးသမီးတစ်ဦးဒဏ်ရာရ စက်တင်ဘာ ၂၃ရက် နေ့လည်ပိုင်းက သပိတ် တောင် မူဆလင်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ် ပြီး ဒေသခံ ၁၀ဦးခန့်ကို ဖမ်းသွားသည်ဟု ဆိုသည်။ LuduNwayOoစက်တင်ဘာ 24, 2022