Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုကို ငါးကြိမ်မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများနိုင်

ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့အား နေ့လယ် ၁ နာရီခန့်တွင် မိုင်ပွိုင့်သုံးကြိမ်၊ ၂နာရီခွဲခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်၊ ၂ နာရီ ၅၀မိနစ် ခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်ဖြင့် စုစုပေါင်း ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

(စစ်အုပ်စုက ငှက်ပျောတောရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - CJ)
(စစ်အုပ်စုက ငှက်ပျောတောရွာအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - CJ)

တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား မိုင်းပွိုင့်ငါးခုဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၂၄) ထုတ်ပြန် သည်။

ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်ကို ယနေ့နေ့လယ်ပိုင်း ၁နာရီက တန့်ဆည်မြို့နယ် ငှက်ပျောတောကျေးရွာအနီး၌ မြောက်ပိုင်း(ပကဖ)မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့​သည်ဟု ဖော်ပြသည်။

“မိုင်းပွိုင့် ၅ ခုမိတာကြောင့် (စစ်အုပ်စု)ထိခိုက်ကျဆုံးများနိုင်ပါသည်”ဟု တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ပျူစောထီးနှင့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့အား နေ့လယ် ၁ နာရီခန့်တွင် မိုင်ပွိုင့်သုံးကြိမ်၊ ၂နာရီခွဲခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်၊ ၂ နာရီ ၅၀မိနစ် ခန့်တွင် မိုင်းပွိုင့်တစ်ကြိမ်ဖြင့် စုစုပေါင်း ငါးကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့နေ့လယ် ၂ နာရီခန့်တွင် တန့်ဆည်နယ် အင်းနားရွာနှင့်ငှက်ပျောတောကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ညနေ ၃နာရီခန့်တွင် သစ်တော်ပေါက် (မြောက်ရွာ)သို့ ဝင်ရောက် သွားကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က တန့်ဆည်နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ကျေးရွာပေါင်း ၂၀ကျော်မှ ဒေသခံပြည်သူ ၂၀,၀၀၀ ဝန်းကျင် ဘေးလွတ်ရာပြေးနေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။