Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့တွင် စစ်ကောင်စီတပ်က လေးရက်အတွင်း နေအိမ် ၅၀ကျော် မီးရှို့ဖျက်ဆီး၊ ပြည်သူ သုံးဦးနှင့် ပြည်သူ့ရဲဘော်တစ်ဦးကို သတ်ဖြတ်

ယမန်နေ့(​စက်တင်ဘာလ ၂၃ရက်) နံနက် ၁နာရီခန့်ကလည်း အောင်သီရိရပ်ကွက် အတွင်းရှိ ပြည်သူ နှစ်ဦးအား ရှာဖွေ ဖမ်းဆီးသွားခဲ့သည်။

(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လေးရက်အတွင်း နေအိမ်၅၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ သုံးဦးနှင့် ​ဒေသကာကွယ်ရေးရဲဘော်တစ်ဦးတို့ကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၁ရက်နံနက် ၁ နာရီခွဲခန့်က ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရုံးပင်ကျေးရွာသို့ သပိတ်ကျင်းမြို့နယ်၊ ရွှေကျင်ကျေးရွာမှတစ်ဆင့် ရေမော်တော်(သံကွန်ဖြင့်)ကူးလာပြီး ဒေသခံပြည်သူ ၁၁ဦးကို ဖမ်းဆီးသွားခဲ့သည်။

ထိုနေ့ ညနေပိုင်းတွင် ခင်ဦးမြို့နယ် ကဘွက်ကျေးရွာသို့ ဖမ်းစီးခံပြည်သူများအား လူသားဒိုင်းပြုလုပ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ဖမ်းစီးခံထားရသည့် ဒေသခံပြည်သူ ၁၁ဦးအနက် ၁၀ဦးကိုပြန်လွှတ်ပေးခဲ့သည်။

သို့သော် အသက်(၄၅)နှစ်အရွယ်ဦးညွန့်လင်းဆိုသူအား အင်္ကျီမပါဘဲ လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ခင်ဦးမြို့နယ်အနောက်ခြမ်းတွင်လည်း စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ရွှေဘို-ခင်ဦး လမ်း၊ ရေဦး-ခင်ဦး လမ်းပိုင်းတွင်လည်း ပြည်သူအချို့ဖမ်းဆီးခံရကာ လူသားဒိုင်းအဖြစ်အသုံးပြုသောကြောင့် လမ်းဘေးဝဲယ ရွာများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၉ ရက်တွင် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြန်လည်လိုက်လံပစ်ခတ်မှုကြောင့် ကံသစ်မူးကူးရာတွင် ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

စက်တင်ဘာ၂၁ ရက်တွင် စစ်ကောင်စီတပ်က မြင်းဒေါင်းကျေးရွာရှိ ကုန်မာဆိုင်နှင့် နေအိမ်တဲတစ်လုံးအား မီးရှို့ခဲ့သည်။

(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စက်တင်ဘာ ၂၂ ရက်တွင် သာဂရကျေးရွာမှ မီးရှို့ခံထားရ၍ ယာယီဆောက်ထားသည့်နေအိမ် များအပါအဝင် ၄၀ခန့်၊ ဂွေးကုန်း တောတဲနေအိမ်နှင့် ကွမ်းခြံတဲ ငါးလုံးခန့်၊ ကံသစ် တောတဲနေအိမ် ငါးလုံးခန့်အား မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၉ ရက်နှင့် ၂၁ ရက်များတွင် သာဂရကျေးရွာမှ အသက်(၇၀)နှစ်အရွယ် ဦးဌေးမောင်နှင့် အသက် (၄၈)နှစ်အရွယ် ကိုဖိုးကူးတို့ကို သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ယနေ့(စက်တင်ဘာလ ၂၄ ရက်) နံနက် ၃ နာရီခန့်က ခင်ဦးမြို့ပေါ်၊ အောင်သီရိရပ်ကွက်ကို အတွင်းရှိ နေအိမ် ခုနစ်လုံးအား ဝင်ရောက်ရှာဖွေဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ငါးဦးကိုလည်း ဖမ်းဆီးသွားသည်။

(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ယမန်နေ့(​စက်တင်ဘာလ ၂၃ရက်) နံနက် ၁နာရီခန့်ကလည်း အောင်သီရိရပ်ကွက် အတွင်းရှိ ပြည်သူ နှစ်ဦးအား ရှာဖွေ ဖမ်းဆီးသွားခဲ့သည်။

ယနေ့ (နံနက် ၅နာရီခန့်)ကလည်း ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကျေးရွာကို ရေဦးမြို့နှင့် ရွာသစ်ကုန်းမှစစ်ကောင်စီတပ်များပေါင်းပြီး အင်အား ၄၀ခန့်ဖြင့် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ နံနက် ၇နာရီခန့်တွင် တတိယအကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

စက်တင်ဘာ ၁၉ ရက်မှ ၂၁ရက်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ သုံး ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။