Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့တွင် စစ်ကောင်စီတပ်က လေးရက်အတွင်း နေအိမ် ၅၀ကျော် မီးရှို့ဖျက်ဆီး၊ ပြည်သူ သုံးဦးနှင့် ပြည်သူ့ရဲဘော်တစ်ဦးကို သတ်ဖြတ်

ယမန်နေ့(​စက်တင်ဘာလ ၂၃ရက်) နံနက် ၁နာရီခန့်ကလည်း အောင်သီရိရပ်ကွက် အတွင်းရှိ ပြည်သူ နှစ်ဦးအား ရှာဖွေ ဖမ်းဆီးသွားခဲ့သည်။

(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လေးရက်အတွင်း နေအိမ်၅၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ သုံးဦးနှင့် ​ဒေသကာကွယ်ရေးရဲဘော်တစ်ဦးတို့ကို သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၂၁ရက်နံနက် ၁ နာရီခွဲခန့်က ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရုံးပင်ကျေးရွာသို့ သပိတ်ကျင်းမြို့နယ်၊ ရွှေကျင်ကျေးရွာမှတစ်ဆင့် ရေမော်တော်(သံကွန်ဖြင့်)ကူးလာပြီး ဒေသခံပြည်သူ ၁၁ဦးကို ဖမ်းဆီးသွားခဲ့သည်။

ထိုနေ့ ညနေပိုင်းတွင် ခင်ဦးမြို့နယ် ကဘွက်ကျေးရွာသို့ ဖမ်းစီးခံပြည်သူများအား လူသားဒိုင်းပြုလုပ်ကာ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စက်တင်ဘာ ၂၃ ရက် ညနေပိုင်းတွင် ဖမ်းစီးခံထားရသည့် ဒေသခံပြည်သူ ၁၁ဦးအနက် ၁၀ဦးကိုပြန်လွှတ်ပေးခဲ့သည်။

သို့သော် အသက်(၄၅)နှစ်အရွယ်ဦးညွန့်လင်းဆိုသူအား အင်္ကျီမပါဘဲ လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ခင်ဦးမြို့နယ်အနောက်ခြမ်းတွင်လည်း စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ရွှေဘို-ခင်ဦး လမ်း၊ ရေဦး-ခင်ဦး လမ်းပိုင်းတွင်လည်း ပြည်သူအချို့ဖမ်းဆီးခံရကာ လူသားဒိုင်းအဖြစ်အသုံးပြုသောကြောင့် လမ်းဘေးဝဲယ ရွာများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၉ ရက်တွင် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပြန်လည်လိုက်လံပစ်ခတ်မှုကြောင့် ကံသစ်မူးကူးရာတွင် ကာကွယ်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

စက်တင်ဘာ၂၁ ရက်တွင် စစ်ကောင်စီတပ်က မြင်းဒေါင်းကျေးရွာရှိ ကုန်မာဆိုင်နှင့် နေအိမ်တဲတစ်လုံးအား မီးရှို့ခဲ့သည်။

(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စက်တင်ဘာ ၂၂ ရက်တွင် သာဂရကျေးရွာမှ မီးရှို့ခံထားရ၍ ယာယီဆောက်ထားသည့်နေအိမ် များအပါအဝင် ၄၀ခန့်၊ ဂွေးကုန်း တောတဲနေအိမ်နှင့် ကွမ်းခြံတဲ ငါးလုံးခန့်၊ ကံသစ် တောတဲနေအိမ် ငါးလုံးခန့်အား မီးတင်ရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၉ ရက်နှင့် ၂၁ ရက်များတွင် သာဂရကျေးရွာမှ အသက်(၇၀)နှစ်အရွယ် ဦးဌေးမောင်နှင့် အသက် (၄၈)နှစ်အရွယ် ကိုဖိုးကူးတို့ကို သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ယနေ့(စက်တင်ဘာလ ၂၄ ရက်) နံနက် ၃ နာရီခန့်က ခင်ဦးမြို့ပေါ်၊ အောင်သီရိရပ်ကွက်ကို အတွင်းရှိ နေအိမ် ခုနစ်လုံးအား ဝင်ရောက်ရှာဖွေဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ငါးဦးကိုလည်း ဖမ်းဆီးသွားသည်။

(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးသတ်ဖြတ်ခံထားရသော ရုပ်အလောင်းနှင့် ကျေးရွာနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ယမန်နေ့(​စက်တင်ဘာလ ၂၃ရက်) နံနက် ၁နာရီခန့်ကလည်း အောင်သီရိရပ်ကွက် အတွင်းရှိ ပြည်သူ နှစ်ဦးအား ရှာဖွေ ဖမ်းဆီးသွားခဲ့သည်။

ယနေ့ (နံနက် ၅နာရီခန့်)ကလည်း ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကျေးရွာကို ရေဦးမြို့နှင့် ရွာသစ်ကုန်းမှစစ်ကောင်စီတပ်များပေါင်းပြီး အင်အား ၄၀ခန့်ဖြင့် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ နံနက် ၇နာရီခန့်တွင် တတိယအကြိမ်မြောက် ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးထားသည်။

စက်တင်ဘာ ၁၉ ရက်မှ ၂၁ရက်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ သုံး ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။