သတင်း မြိတ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက် "သေပျောက်ကတော့မရှိပါဘူး။ မိုင်းပေါက်ကွဲပြီးတော့စစ်ခွေး၊ ရဲခွေး၊ ပျူစောထီးနှင့် မီးသတ်အဖွဲ့က သေနတ်ကိုင်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့သိရပါတယ်"ဟု မြိတ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ထီးလင်းနယ်တွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ကို PDFတိုက်ခိုက် တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သတင်းကိုအတည်ပြု၍ မရနိုင်သေးကြောင်း ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ကော်ဘရာစစ်ကြောင်း၏ Facebook Page စစ်ကောင်စီဘက်က Report လုပ်နေ၍ Pageကို 5 Starsပေးပြီး Good Reviewsများရေးပေးကြရန် ပြည်သူများထံ တောင်းဆို ကော်ဘရာစစ်ကြောင်းသည် မြ၀တီ - ဝေါ်လေလမ်းတလျှောက်တွင် စစ်ကောင်စီတပ်ကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ဇူလိုင် ၁၂ရက်မှ ၁၄ရက်အတွင်း တိုက်ပွဲဖြစ်စဉ်များ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း များစွာကို ကော်ဘရာ စစ်ကြောင်းက သိမ်းဆည်းရရှိခဲ့သည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ရေဖြူစရဖရုံးကိုဗုံးခွဲစဥ်စစ်ကူလာသောစစ်ကောင်စီတပ်ကား၃ စီးမိုင်းကိုPDFများမိုင်းခွဲတိုက်ခိုက်စစ်သား ၅ဦးသေ စရဖရုံးကိုတိုက်ခိုက်နေစဉ်ရေဖြူအနောက်ဘက်ကမ်းမှစစ်ကောင်စီတပ်က စစ်ကား ၃စီးဖြင့် စစ်ကူလာရာတွင်လောင်းလုံ-PDF- LLPDF ၊TPLF ၊ဇင်ယော်တပ်စုနှင့်ဒေသခံကာကွယ်ရေးတပ်တို့က ပူးပေါင်း၍ပဒေသာမိုင်းဖြင့် ဆီးကြိုတိုက်ခိုက်ခဲ့သည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ရွာငံမြို့တွင် PDFနှင့် ဒေသခံများ၏ သတင်းများကို စစ်ကောင်စီတပ်ထံတိုင်ကြားနေသည့် ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်း ပင်းတယမြို့တွင် ပျုစောထီးနှင့်ပြည်သူ့စစ်ဖွဲ့ရန် ကြိုး စားနေသည့် ပြည်ခိုင်ဖြိုးပါတီအမတ်လောင်း ဦးကျော်ငြိမ်းကို ဇွန်လ ၁၈ရက်တွင် ချိုးဖြူပြောက်ကျား တပ်ဖွဲ့(JPGF)က သုတ်သင်ရှင်းလင်းခဲ့သည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း တောင်သာမြို့နယ်တွင် စစ်ကောင်စီ၏ ရဲအချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေ၊ အမျိုးသမီးတစ်ဦး လက်ပြတ်ဟုဆို ယနေ့ (ဇူလိုင် ၁၅ရက်) ညနေ ၃နာရီမိနစ် ၄၀ခန့်က တောင်သာမြို့နယ် ရုံးစည်ကြီးနယ်မြေရဲစခန်းတွင် ရဲတပ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ သေနတ်နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု လူထုလှုပ်ရှားမှုကော်မတီ - တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ LuduNwayOoဇူလိုင် 16, 2022
သတင်း ကလေးနယ်တွင် စစ်ကော်စီနှင့် ပျူစောထီး ဖမ်းထားသည့် ပြည်သူ ၅၀ခန့်ကို PDFတပ်ဖွဲ့ ကယ်ထုတ်နိုင်ခဲ့ဟု NUG ကာကွယ်ရေးအသိပေး စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ်သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရအရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 15, 2022
သတင်း စစ်ကောင်စီညွန်ကြားချက်များကြောင့်ဒေါ်လာဈေးဆက်တက်၊ တစ်ဒေါ်လာ ၂၂၂၅ ကျပ်အထိရောက်လာ မြန်မာနိုင်ငံတွင်စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်သည် ပိုမိုမြင့်တက်လာပြီးဒေါ်လာဈေးမှာလည်း၂၀၂၁ စက်တင်ဘာလတွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။ LuduNwayOoဇူလိုင် 15, 2022
သတင်း သံတောင်ကြီးမြို့နယ် စုစည်းရွာအနီးတိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ၁၅ဦးထက်မနည်းသေဟုဆို စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်နေရာ သံတောင်ကြီးမြို့နယ်အတွင်း ပါဝင်သော်လည်း နေပြည်တော်၊ ပဲခူး တိုင်းနှင့် ကရင်ပြည်နယ်တို့၏ ထိစပ်နယ်မြေအနီးဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇူလိုင် 15, 2022
သတင်း ကျိုက်ထို အင်္ဂဘိုရွာတွင် စစ်ကောင်စီယာဉ်တန်းကို KNU/PDFပူးပေါင်းတပ် မိုင်းဆွဲတိုက်ခိုက် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက် လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်စာရင်း အား အတိအကျမသိရကြောင်း PDF တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 15, 2022