သတင်း မြစ်ဆုံအနီး တန်ဖဲရွာအထွက်၌ စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်၊ သေဆုံးထိခိုက်ရှိနိုင် ယနေ့ (ဇွန်လ ၁၈ရက်)နံနက်ပိုင်းတွင် ပူတာအိုဘက်မှ မြစ်ကြီးနားဘက်သို့ ဦးတည်ပြီး ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇွန် 18, 2022
သတင်း ဂန့်ဂေါနယ်အတွင်း ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရပြီး ရှစ်ဦးခန့်သေ စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇွန်လ ၁၄ရက်ကတည်းက ဂန့်ဂေါမြို့နယ် ကန်ရွာသို့ဝင်ရောက်သောင်းကျန်းခဲ့ပြီး ပြည်သူများအားဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် တိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 18, 2022
သတင်း ဆားလင်းကြီးနယ် လင်းစာကျက်ရွာတွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကိုသတ်ဖြတ်ပြီး နေအိမ်၁၀၀ ကျော်အား မီးရှို့ဖျက်ဆီး နေအိမ်စုစုပေါင်း ၁၁၂လုံး၊ အိမ်ထောင်စု ၁၀၉စု၊နေအိမ် ၅၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး စာသင်ကျောင်းအပါ အဝင် ကျေးလက်ဆေးပေးခန်း၂လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြား ရေးက ထုတ်ပြန်သည်။ LuduNwayOoဇွန် 18, 2022
သတင်း လူများစွာကို လည်လှီး၊ ခေါင်းဖြတ်၊ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီတပ်သားများကိုယ်တိုင် ပြောထားသည့် ရုပ်သံမှတ်တမ်းအား RFA ဖော်ထုတ်တင်ဆက် စစ်ကိုင်းတိုင်း၌ အာဏာသိမ်းစစ်ကောင်စီက စစ်ဆင်ရေးလုပ်ဆောင်သည့် ကာလအတွင်း စစ်ကောင်စီတပ်သားများ၏ ရက်စက်ကြမ်းကြုတ်မှုများကို သိသာပေါ်လွင်စေသည့် ဓာတ်ပုံနှင့် ဗွီဒီယို မှတ်တမ်း ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇွန် 18, 2022
သတင်း ကသာမြို့နယ်အတွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ၄၀ဦးထက်မနည်းသေဆုံး ကသာခရိုင် PDFရင်း-(၃)+ဒေသခံ ပကဖ ပူးပေါင်းတပ်များ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှု ၃ကြိမ်အတွင်း စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးခဲ့ပြီးပကဖ ရဲဘော် ၁ဦးကျဆုံးခဲ့ကြောင်းအသိပေထားသည်။ LuduNwayOoဇွန် 18, 2022
သတင်း မုံရွာတွင်သောက်စားမူးယစ်နေသောစစ်ကောင်စီတပ်နှင့် ပျူများကိုမိုင်းခွဲတိုက်ခိုက်ရာ ၁၂ဦးထက်မနည်းသေဟု PDF များပြော ယနေ့ (ဇွန်လ၁၇ရက်)၊ မွန်းတည့် ၁၂ နာရီခန့်က မုံရွာမြို့၊ အလုံ စွယ်တော်ဦးစားသောက်ဆိုင်တွင် မူးယစ် သောက်စားနေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဇီးကွက်စစ်ဆင်ရေးအနေဖြင့် မိုင်းနှစ်လုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Monywa Nightking အဖွဲ့က ပြောသည်။ LuduNwayOoဇွန် 17, 2022
သတင်း ညောင်လယ်ရွာ၌ စစ်ကောင်စီတပ်က ပြည်သူခြောက်ဦးကို သတ်ဖြတ်ရာ ငါးဦးကိုလက်ပြန်ကြိုးတုပ် မီးရှို့ သတ်ဖြတ်ခဲ့ဟု ဂန့်ဂေါ(ပအဖ)ထုတ်ပြန် ဇွန်လ ၃ရက်က စစ်ကောင်ဏီတပ်များ ညောင်လယ်ရွာသို့ ဝင်ရောက်လာစဉ် ပြည်သူခြောက်ဦးကို သတ်ဖြတ်ခဲ့ရာ ၎င်းအနက် ငါးဦးမှာလက်ပြန်ကြိုးတုပ်ကာ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ LuduNwayOoဇွန် 17, 2022
သတင်း ကလေးမှတီးတိန်သွားသောစစ်ကာင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်နှစ်ဖွဲ့ပေါင်းတိုက်ရာ ၇ဦးသေ၊ ၁၅ ဦးဒဏ်ရာရ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟုဖော်ပြထားသည်။ LuduNwayOoဇွန် 17, 2022
သတင်း စစ်ကောင်စီထိုးစစ်ကြောင့်စစ်ရှောင်နေရသည့် ဒီးမော့ဆိုလူထု၏ ဆိုင်ကယ်များကို ကာကွယ်ရေး ပူးပေါင်းတပ် ပြန်ထုတ်ယူပြီး ပြည်သူများအားပြန်ပေး ဆိုင်ကယ်အများအပြားကို အကြမ်းဖက်စစ်ကောင်စီမှ ခိုးယူသုံးစွဲခဲ့ပြီး ဆိုင်ကယ်အချို့မှာ ရိုက်ချိုးဖျက်စီးခံခဲ့ရသည်ကို တွေ့ရကြောင်း၊ ထုတ်ယူနိုင်ခဲ့သော ဆိုင်ကယ်(၁၆)စီးအနက် (၆)စီးအား မိဘပြည်သူပိုင်ရှင်ထံ ပြန်လည်အပ်နှံပြီးစီးခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 17, 2022
သတင်း ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီ ထောင်ဒဏ် ၂၁ နှစ်ထပ်ချ ဒီနေ့အမိန့်ချရာမှာ မောင်ဝိတ်ဆီက လာဘ်ယူတယ်ဆိုတဲ့ အမှု ၃ မှုအတွက် ထောင်ဒဏ် ၁၅ နှစ် ၊NLDပါတီရုံးမြေကိစ္စ အမှု ၂ မှုအတွက် ၆နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁နှစ်ကိုချမှတ်ခဲ့တာပါ။ LuduNwayOoဇွန် 17, 2022