News
ရွှေဘိုမြို့နယ်ရှိ ကျားရွာတောင်ပိုင်းကို ယနေ့ ညနေ ၅နာရီခွံခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများဝင်ရောက်လာကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း၊ စစ်ကားအကြီးတစ်စီး လူအင်အားလက်နက်အပြည့်အစုံဖြင့် ရွာထဲကားထားပြီး ကျားရွာ၊ပေါင်းလဲကုန်း၊ လက်ယာကုန်းရွာများဘက်သို့ ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။



















































