Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ် တည်သီးတောရွာတပ်စွဲထားသော စစ်ကောင်စီတပ်အား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခုနစ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

ဧပြီ ၃ ရက်ကလည်း တည်သီးတောကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသတွင်း PDFပူး​ပေါင်းဖွဲ့မှသွား​ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦး​သေဆုံးကာ ​လေးဦးထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သေးသည်။

(မတ်လ ၇ ရက်က တည်သီးတောကျေးရွာအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဥ်။)

▪️စစ်​​ကောင်စီတပ်သား သုံးဦး​သေဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တည်သီးတောကျေးရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခုနစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုဘက်မှ သုံးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘိုအဖွဲ့က သတင်းထုတ်ပြန် သည်။

ယမန်နေ့ (ဧပြီလ ၂၅ ရက်)က ရွှေဘိုမြို့နယ်တည်သီး‌ တောကျေးရွာတွင် တပ်ချထားသော အကြမ်းဖက်စစ်တပ်အား မဟာမိတ်ညီနောင်များဖြစ်ကြသော ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို အဖွဲ့၊ C&T SHWEBO၊ ဖားရွှေကျော်အဖွဲ့၊ SNAKE EYE PDF၊ Alpha 7၊ ဒေါင်းမာန်အဖွဲ့ နှင့် တပ်ပေါင်းစု (၂)တို့ မှ သွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦးသေဆုံးပြီး နှစ်ဦးအပြင်းထန်ဒဏ်ရာရကာ မဟာမိတ်ညီနောင်များမှာ ထုံးစံအတိုင်း အထိခိုက်မရှိ ဘေးရန်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တည်သီးတောကျေးရွာသည် ရွှေဘိုမြို့နယ် အရှေ့ခြမ်းတွင်တည်ရှိပြီး ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွှေဘို-ကျောက်မြောင်းလမ်းပေါ်ရှိ ကြက်ခြံတစ်ခုကို မီးရှို့ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဧပြီ ၃ ရက်ကလည်း တည်သီးတောကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသတွင်း PDFပူး​ပေါင်းဖွဲ့မှသွား​ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦး​သေဆုံးကာ ​လေးဦးထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook