Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုမြို့နယ် တည်သီးတောရွာတပ်စွဲထားသော စစ်ကောင်စီတပ်အား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခုနစ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

ဧပြီ ၃ ရက်ကလည်း တည်သီးတောကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသတွင်း PDFပူး​ပေါင်းဖွဲ့မှသွား​ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦး​သေဆုံးကာ ​လေးဦးထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သေးသည်။

(မတ်လ ၇ ရက်က တည်သီးတောကျေးရွာအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဥ်။)

▪️စစ်​​ကောင်စီတပ်သား သုံးဦး​သေဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တည်သီးတောကျေးရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခုနစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စုဘက်မှ သုံးဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘိုအဖွဲ့က သတင်းထုတ်ပြန် သည်။

ယမန်နေ့ (ဧပြီလ ၂၅ ရက်)က ရွှေဘိုမြို့နယ်တည်သီး‌ တောကျေးရွာတွင် တပ်ချထားသော အကြမ်းဖက်စစ်တပ်အား မဟာမိတ်ညီနောင်များဖြစ်ကြသော ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို အဖွဲ့၊ C&T SHWEBO၊ ဖားရွှေကျော်အဖွဲ့၊ SNAKE EYE PDF၊ Alpha 7၊ ဒေါင်းမာန်အဖွဲ့ နှင့် တပ်ပေါင်းစု (၂)တို့ မှ သွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦးသေဆုံးပြီး နှစ်ဦးအပြင်းထန်ဒဏ်ရာရကာ မဟာမိတ်ညီနောင်များမှာ ထုံးစံအတိုင်း အထိခိုက်မရှိ ဘေးရန်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တည်သီးတောကျေးရွာသည် ရွှေဘိုမြို့နယ် အရှေ့ခြမ်းတွင်တည်ရှိပြီး ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွှေဘို-ကျောက်မြောင်းလမ်းပေါ်ရှိ ကြက်ခြံတစ်ခုကို မီးရှို့ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဧပြီ ၃ ရက်ကလည်း တည်သီးတောကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများကို ဒေသတွင်း PDFပူး​ပေါင်းဖွဲ့မှသွား​ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား နှစ်ဦး​သေဆုံးကာ ​လေးဦးထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။