News
PRA ၏ တပ်မဟာ(၁)ပြောက်ကျား စစ်သည်တော်များမှာ အထိအခိုက် အကျအဆုံးမရှိဘဲ နံနက် ၈နာရီ ၁၅မိနစ်တွင် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ သည်ဟု အသိပေးသည်။
Hi, what are you looking for?
PRA ၏ တပ်မဟာ(၁)ပြောက်ကျား စစ်သည်တော်များမှာ အထိအခိုက် အကျအဆုံးမရှိဘဲ နံနက် ၈နာရီ ၁၅မိနစ်တွင် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ သည်ဟု အသိပေးသည်။
လက်ရှိမှာ လေးကေကော်ဒေသထဲကို စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်နဲ့ တပ်မ ၂၂ တပ်မ ၄၄ တပ်တွေအပြင် နယ်ခြားစောင့်တပ်တွေပါ ပါဝင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဧပြီ ၆ရက်မှ ဧပြီ ၁၀ရက်အထိတိုက်ပွဲအတွင်း စစ်ကောင် စီဘက်က ၁၀ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ နှစ်ဦးကျဆုံး၊ ၁၂ဦး ဒဏ်ရာရခဲ့သည်ဟု God Of Myaingကသတင်းထုတ်ပြန်ထားသည်။
"၈ ရက်( ဧပြီ) နေ့က စပြီး မြို့ပေါ် တိုက်ပွဲတွေ စပြင်း ထန်ခဲ့တာ။စခ တွေဘက်က ဂျက်တိုက်လေယာဥ် သုံးစီးနဲ့ ထောက်ပို့ယာဥ် တစ်စီး စုစုပေါင်းလေးစီး နဲ့ ပြန်တိုက်တယ်။၁၀ ရက်နေ့အထိမြို့ပေါ်မှာ တိုက်ပွဲ အတော်ပြင်းထန်တယ်လို့သိရတယ်"ဟု ၎င်းကဆက်ပြောသည်။
မြိုင်မြို့နယ်သီးပင်ကိုင်းကျေးရွာသို့ ရောက်ရှိလာသည့်စစ်ကောင်စီတပ်အား မြိုင်အခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုများက ဧပြီ ၉ရက် နံနက်တွင် တိုက်ခိုက်ခဲ့သည်။
"ပန်းဆေးပြည်သူ့စစ်အဖွဲ့က ကားနဲ့လာတာ။ နောင်အန်ရွာမှာကTNLA ရော MNDAA ရော ရှိတာ။ အဲဒီမှာ စစ်ဆေးရင်း ပစ်ခတ်မှု ဖြစ်တာ"ဟု ဒေသခံတစ်ဦးကပြောသည်။
"စခတွေဟာ အနီးရှိတောင်ပေါ်သို့တက်ပြေးရာ ကျန်ခဲ့သောလက်နက်ခဲယမ်းများအား သွားကောက်နေတယ်လို့သိရ"ဟုSagaing Scout Network ကလည်းဖော်ပြသည်။
“အခုဒီလို ဖြစ်တော့ သူ့တို့ ယောက်ျားတွေဆုံးရှုံးရတယ် သူတို့ ယောက်ျားတွေ သူများဖမ်းမိတယ်။ နောက်ပိုင်းမှာနေတဲ့ သူတွေကျတော့ တစ်ယောက်နဲ့ တစ်ယောက် မကျေမနပ်တွေဖြစ် တပ်တွင်း ဆူပူမှုတွေပေါ့ကွာ”ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့တွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌လည်း အပြစ်မဲ့ အရပ်သားပြည်သူ ၁၅ဦးထက်မနည်းကို အကြောင်းမဲ့သတ်ဖြတ်ခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။