Connect with us

Hi, what are you looking for?

News

ချပ်သင်းကုန်းရွာအနီးတိုက်ပွဲ စစ်​ကောင်စီတပ်အထိနာဟု​ ဒေသတွင်းသတင်းရင်းမြစ်များ​ဖော်ပြ

“စခတွေဟာ အနီးရှိတောင်ပေါ်သို့တက်ပြေးရာ ကျန်ခဲ့သောလက်နက်ခဲယမ်းများအား သွားကောက်နေတယ်လို့သိရ”ဟုSagaing Scout Network ကလည်းဖော်ပြသည်။

(ကန့်ဘလူ PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-PDF(ကန့်ဘလူ))

စစ်ကိုင်းတိုင်း၊ကန့်ဘလူ-ကောလင်း ဒေသအစပ် ချပ်သင်းကုန်းရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး စစ်ကြောင်းမှူး အပါအဝင် ၂၀ ကျော်သေဆုံးကာ ကျန်ရှိ ရဲဘော်များမှာလည်း ထွက်ပြေးခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၉ ရက်) နံနက် ၅ နာရီခန့်ကကောလင်းမြို့နယ်ထဲမှ ကန့်ဘလူမြို့နယ်သို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် အင်အား ၆၈ ဦးပါ အကြမ်းဖက်စစ်အုပ်စုကို နှောကုန်းရွာနှင့် ချပ်သင်းကုန်းရွာကြား၌ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ် ရေး အဖွဲ့၊ တပ်ခွဲ (၂) ကစောင့်ကြိုတိုက်ခိုက်ခဲ့ သည်ဟု​ဒေသတွင်းသတင်းရင်းမြစ်များက​ဖော်ပြသည်။

“စခတွေဟာ အနီးရှိတောင်ပေါ်သို့တက်ပြေးရာ ကျန်ခဲ့သောလက်နက်ခဲယမ်းများအား သွားကောက်နေတယ်လို့သိရ”ဟုSagaing Scout Network ကလည်းဖော်ပြသည်။

ထို့အတူကောလင်းဒေသ တိုင်ပွဲများ ထုတ်ပြန်နေသည့် Kawlin Info ကလည်း”ယနေ့ မနက်ပိုင်း ကန့်ဘလူ-ကောလင်းနယ်စပ် တိုက်ပွဲ စခ၂၀ကျော်သေဆုံးပြီး ဖရိုဖရဲထွက်ပြေးရဟုသတင်းရရှိ”ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်အကျဆုံးမရှိခဲ့ကြောင်းလည်းသိရသည်။

သို့သော် အဆိုပါ တိုက်ပွဲနှင့်ဆက်စပ်၍ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ် ရေး အဖွဲ့က တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

အလားတူ ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံ တိုက်ပွဲ ဖြစ်စဥ်ကို အတည်ပြုရန် လူထုနွေဦးက ဆက်သွယ်​နေ​သော်လည်း ဆက်သွယ်မရ​သေး​ပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။