Connect with us

Hi, what are you looking for?

News

ကနီမြို့နယ် ရေလယ်ကျွန်းရွာတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ တပ်ဆုတ်သွာ

PRA ၏ တပ်မဟာ(၁)ပြောက်ကျား စစ်သည်တော်များမှာ အထိအခိုက် အကျအဆုံးမရှိဘဲ နံနက် ၈နာရီ ၁၅မိနစ်တွင် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ သည်ဟု အသိပေးသည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ရေလယ်ကျွန်းကျေးရွာ၌ အကြမ်းဖက်စစ်တပ်ကို တပ်ဆုတ်သွားသည်အထိ တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DPRA)က ထုတ်ပြန်သည်။

ယနေ့(ဧပြီ ၁၄ရက်)နံနက် ၇နာရီခွဲခန့်တွင် အင်အား ၃၀ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းကို DPRA တပ်မဟာ(၁) ပြောက်ကျားစစ်သည်တော်များက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ရေလယ်ကျွန်းရွာထိပ်အထိ လိုက်လံခြေမှုန်း ကာ ထိခိုက်သေဆုံးမှုများစွာဖြင့် တပ်ဆုတ်သွားသော်လည်း စစ်ကောင်စီ တပ်သားများ၏ ကျဆုံးစာရင်းကို အတိအကျမသိရသေးဟု DPRA က ပြောသည်။

“အဓိကတော့ လက်နက်ရိက္ခာအရန်အားနည်းနေတာပဲဗျ။ မဟုတ်ရင် ကျွန်တော်တို့ အဲဒီစခ စစ်ကြောင်းကို အပြတ်တိုက်နိုင်တယ်”ဟု DPRA ပြန်ကြားရေးတာဝန်ခံက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

DPRA ၏ တပ်မဟာ(၁)ပြောက်ကျား စစ်သည်တော်များမှာ အထိအခိုက် အကျအဆုံးမရှိဘဲ နံနက် ၈နာရီ ၁၅မိနစ်တွင် အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။