Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်ပဋိပက္ခမှာ ထိုင်းက အလွန်အကျွံ အင်အားသုံးနေတယ်လို့ ကမ္ဘောဒီးယား စွပ်စွဲ

နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေမှာ ထိုင်းဟာ စစ်လက်နက် အင်အားကို လွန်လွန်ကဲကဲ အသုံးပြုနေတယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပါတယ်။

Social Media

နယ်စပ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေမှာ ထိုင်းဟာ စစ်လက်နက် အင်အားကို လွန်လွန်ကဲကဲ အသုံးပြုနေတယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ ထိုင်းစစ်တပ်ဟာ တပ်အင်အား အမြောက်အမြားကို ဖြန့်ကျက်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို အပြင်းအထန် လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းစစ်တပ်ဟာ သာလွန်အင်အားကို အသုံးပြုပြီး ကမ္ဘောဒီးယား ပိုင်နက်ကို ကျူးကျော်သိမ်းယူဖို့ ကြံစည်နေတာလို့လည်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ စွပ်စွဲ ရေးသားထားပါတယ်။ ထိုင်းရဲ့ ကြမ်းကြုတ် ရက်စက်ပြီး ပြောင်ပြောင်တင်းတင်း ရန်လိုတဲ့ လုပ်ရပ်ဟာ ကုလသမဂ္ဂ ပဋိညာဉ် သဘောတူညီချက်တွေ၊ နိုင်ငံတကာ ဥပဒေ ကျင့်ထုံးတွေ၊ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အခြေခံမူတွေ အားလုံးကို ချိုးဖောက်ရာ ရောက်တယ်လို့ အဲဒီ ကြေညာချက်ကို Khmer Times သတင်းစာကလည်း ထပ်ဆင့် ဖော်ပြထားခဲ့ပါတယ်။

Khaosod English

ထိုင်းတိုက်လေယာဉ်တွေဟာ ကမ္ဘောဒီးယား ထိန်းချုပ်နယ်မြေထဲကို အနည်းဆုံး ဗုံးနှစ်လုံး ကြဲချခဲ့တယ်လို့လည်း အဲဒီသတင်းက ဆိုပါတယ်။ ထိုင်းစစ်တပ်ကတော့ ကမ္ဘောဒီးယားက ထိုင်းပိုင်နက်ထဲ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တဲ့နောက် F-16 တိုက်လေယာဉ်တွေကို အသုံးပြုပြီး ကမ္ဘောဒီးယား စစ်စခန်း နှစ်ခုကို ဗုံးကြဲခဲ့တယ်လို့ အတည်ပြုထားပါတယ်။ ပြီးတော့ ကမ္ဘောဒီးယား ဒုံးကျည်ဒဏ်ကြောင့် ထိုင်းလူနေဧရိယာတွေမှာ ထိခိုက်ပျက်စီးမှု မှတ်တမ်း ဓာတ်ပုံတွေကိုလည်း ထိုင်းစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာလီ ဆိုချီယက်တာက ထိုင်းရဲ့ တရားလက်မဲ့နဲ့ လက်လွတ်စပယ် လုပ်ရပ်တွေဟာ ဒေသရဲ့ တည်ငြိမ် အေးချမ်းမှုကိုသာ မကဘဲ နိုင်ငံတကာ တည်ငြိမ်မှု အခြေခံ အုတ်မြစ်ကိုပါ ထိခိုက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးတော့ ကမ္ဘောဒီးယား စစ်တပ်ဟာ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ အစွမ်းကုန် ပြင်ဆင် တုံ့ပြန်သွားမယ်လို့လည်း သူက သတိပေးသွားပါတယ်။

ကိုးကား: Khmer Times

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်ရဲ့ ကြည်းတပ်ဟာ ဒရုန်းစစ်ဆင်ရေးတွေကို ကွပ်ကဲပေးမယ့် သီးခြား စစ်ဆင်ရေး ယူနစ်တစ်ခု ဖွဲ့စည်းဖို့ ကာကွယ်ရေး ဝန်ကြီးဌာနဆီ တင်ပြ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒါ့အပြင် စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အတွဲလိုက်ပစ် ဒုံးကျည် စနစ်တွေ ဖြည့်တင်းပေးဖို့လည်း ကြည်းတပ်က...