Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

အပစ်ရပ် သဘောတူညီချက်ကို ကမ္ဘောဒီးယား ချိုးဖောက်တယ်လို့ ထိုင်းစစ်တပ် စွပ်စွဲ

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ကမ္ဘောဒီးယားဖက်က ချိုးဖောက်တာတွေ ရှိနေတယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ကမ္ဘောဒီးယားဖက်က ချိုးဖောက်တာတွေ ရှိနေတယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ရလဒ်အရ ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံ အချိန်တိတိမှာ နှစ်ဖက်စလုံး အပစ်ရပ်ရမယ်လို့ သဘောတူထားခဲ့ပေမယ့် ဇူလိုင် ၂၉ ရက် မနက်အစောပိုင်းအထိ ကမ္ဘောဒီးယားဖက်က ကတိချိုးဖောက်မှုတွေ ရှိနေတယ်လို့ ထိုင်းစစ်တပ်က ဆိုပါတယ်။

ဒါဟာ ကမ္ဘောဒီးယားက ရည်ရွယ်ချက်ရှိရှိ ယုံကြည်မှု ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုးလို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။ ထိုင်းအနေနဲ့ ကတိကဝတ်တွေကို တိတိကျကျ လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် လွန်ကဲလာရင်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ ထိုင်းစစ်ဦးစီးချုပ် ဌာနချုပ်မှာ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီက ကမ္ဘောဒီးယား အနေနဲ့ အပစ်အခတ် ရပ်စဲရေး ကတိကို ချိုးဖောက်နေတယ်လို့ အတိအလင်း စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အပစ်ရပ် သဘောတူညီမှု စတင်အသက်ဝင်ပြီးတဲ့ နောက်ပိုင်း အချိန်ထိ တချို့နေရာတွေမှာ ကမ္ဘောဒီးယား စစ်တပ်က ထိုင်းပိုင်နက်ဖက်ကို ဆက်လက် တိုက်ခိုက်နေတာတွေကို စိတ်ပျက်စရာ ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း၊ ဒီလုပ်ရပ်ဟာ သဘောတူညီမှုကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တာဖြစ်ပြီး အပြန်အလှန် ထားရှိတဲ့ ယုံကြည်မှုကို ပျက်စီးစေကြောင်း၊ ဒါကြောင့်လည်း ကမ္ဘောဒီးယားရဲ့ လုပ်ရပ်တွေကို ထိုင်းစစ်တပ် အနေနဲ့ ရှုတ်ချကန့်ကွက်ကြောင်း သူက ပြောကြားသွားပါတယ်။

ကမ္ဘောဒီးယားဖက်က အဲဒီလို လုပ်ရပ်တွေကို မရပ်ဘူးဆိုရင် ထိုင်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဥပဒေ စံနှုန်းတွေနဲ့အညီ လိုအပ်သလို လက်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့လည်း ထိုင်းစစ်တပ်က သတိပေးခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက် ညသန်းခေါင်ယံ အချိန်၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စတင် အသက်မဝင်ခင် အထိတော့ နှစ်ဖက်စလုံးက စစ်ရေး လှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ မလေးရှားမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အပစ်ရပ်ဖို့ သဘောတူညီပြီးတဲ့နောက် အပစ်ရပ်ကာလ စတင် အသက်မဝင်ခင်မှာ ထိုင်းလေတပ်ကလည်း တာကွိုင် ရှေးဘုရားကျောင်းနားက ကမ္ဘောဒီးယားက လက်နက်ကြီး တပ်တွေဆီ ဆက်သွယ်ထားတဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ F-16 တိုက်လေယာဉ်တွေကို စေလွှတ် ဗုံးကြဲစေခဲ့တယ် ဆိုတာ အတည်ပြုခဲ့ပါတယ်။

ကမ္ဘောဒီးယားဖက်က အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်တယ်လို့ ထိုင်းက စွပ်စွဲနေပေမယ့် နယ်စပ်ဧရိယာ အများစုကတော့ ဇူလိုင် ၂၈ ရက်နေ့ သန်းခေါင်ယံမှာ အတော်လေး အခြေအနေ အေးဆေး တည်ငြိမ်ပြီး တိတ်ဆိတ်နေခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းစစ်တပ်ရဲ့ ကြည်းတပ်ဟာ ဒရုန်းစစ်ဆင်ရေးတွေကို ကွပ်ကဲပေးမယ့် သီးခြား စစ်ဆင်ရေး ယူနစ်တစ်ခု ဖွဲ့စည်းဖို့ ကာကွယ်ရေး ဝန်ကြီးဌာနဆီ တင်ပြ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒါ့အပြင် စစ်ဆင်ရေး စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက် သံချပ်ကာယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အတွဲလိုက်ပစ် ဒုံးကျည် စနစ်တွေ ဖြည့်တင်းပေးဖို့လည်း ကြည်းတပ်က...