Connect with us

Hi, what are you looking for?

ဗီဒီယို

⚠️ ကိုဗစ်အလွန် ကျန်းမာရေးစစ်ဆေးမှု ဘယ်သူတွေလုပ်သင့်သလဲ

နာတာရှည်ရောဂါအခံရှိသူတွေကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ရာဂါအခံ၊ အသက်အရွယ်အပေါ်မူတည်ပြီး အခြား လိုအပ်တဲ့စစ်ဆေးမှုတွေကိုလည်းလုပ်ဖို့ ဆရာနဝန်တွေက အကြံပြုထားပါတယ်။

🩺 ကိုဗစ်အလွန်မှာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။

😷 ကိုဗစ်ပျောက်ကင်းသွားသူတွေအားလုံး ဆေးစစ်ဖို့လိုတာတော့မဟုတ်ပါဘူး။ Mild Symptom လို့ခေါ်တဲ့ သာမန်ကိုဗစ်လက္ခဏာတွေပဲ ခံစားရသူတွေကတော့ မဖြစ်မနေစစ်ဖို့ မလိုပါဘူး။

🤒 အဖျားကြီးပြီးအဖျားကလည်းရက်ရှည်တယ်၊ ချောင်းဆိုးဆိုးရွားရွားဆိုးပြီး သလိပ်ထွက်တယ်၊ အောက်စီဂျင်မ ကျပေမယ့်လည်း ကိုဗစ်လက္ခဏာတွေကို အတန်အသင့်ပြင်းထန်စွာ ရက်ရှည်ခံစားခဲ့ကြသူတွေက ဆေးစစ်ဖို့ လိုအပ် ပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက အနည်းစုဖြစ်တဲ့ အောက်စီဂျင်ကျတယ်၊ ဆေးရုံနဲ့ နေအိမ်တွေမှာ ကုသမှုခံယူခံယူခဲ့ရတဲ့ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားခံစားခဲ့ကြရတယ်ဆိုသူတွေကတော့ နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုတွေ မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။

🏥 ဆေးရုံကြီးအချို့ကတော့ ကိုဗစ်အလွန်ကျန်းမာရေးစစ်ဆေးမှုအတွက် Package တွေစီစဉ်ပြီး စစ်ပေးနေတာတွေ ရှိပါတယ်။

Public Service Announcement

Public Service Announcement

🏩 အဲလိုအများကြီးစစ်ဖို့ အကုန်အကျမတတ်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ ရင်ဘတ်ဓာတ်မှန်ရိုက်၊ နှလုံး အီးစီးဂျီဆွဲ၊ CRP , CP နဲ့ Liver Function Test တို့လို သွေးစစ်ဆေးတာတွေကိုတော့ အနည်းဆုံးလုပ်ကြဖို့ ဆရာဝန်တွေက အကြံပြုပါတယ်။

👩🏻‍⚕️ နာတာရှည်ရောဂါအခံရှိသူတွေကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ရာဂါအခံ၊ အသက်အရွယ်အပေါ်မူတည်ပြီး အခြား လိုအပ်တဲ့စစ်ဆေးမှုတွေကိုလည်းလုပ်ဖို့ ဆရာနဝန်တွေက အကြံပြုထားပါတယ်။

🫁 ကိုဗစ်က အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နဲ့ ဦးနှောက်အာရုဏ်ကြောတွေကို အနည်းနဲ့အများ ထိခိုက်စေတဲ့အတွက် ကိုဗစ်ရောဂါကို အောင်အောင်မြင်မြင်တိုက်ထုတ်ပြီးနလန်ထပြီဆိုတာနဲ့ စစ်ဆေးကြည့်ရမှာပါ။

🦠 ကိုဗစ်လက္ခဏာတွေစပြတဲ့ရက်ကနေ ၂၁ ရက်အကြာမှာ သူများကို ပိုးကူးနိုင်ချေနည်းသွားပြီဖြစ်လို့ အဲဒီနောက်ပိုင်းမှ ကျန်းမာရေးစစ်ဆေးတာတွေလုပ်သင့်တယ်လို့ ပြောပါတယ်။

🍛 ကိုဗစ်လက္ခဏာတွေသက်သာပျောက်ကင်းသွားတဲ့တိုင်အောင် ကောင်းကောင်းနားပါ၊ အရမ်းမလှုပ်ရှားပါနဲ့ ၊ ပြင်းပြင်းထန်ထန်အလုပ်တွေ လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့၊ အင်အားပြန်ပြည့်အောင် ကျန်းမာတဲ့အ စားအစာ တွေစားပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အငွေ့တစ်ထောင်းထောင်း ထွက်နေတဲ့ ကော်ဖီပူပူ တစ်ခွက်ဟာ စိတ်ကို ကြည်လင်လန်းဆန်းစေပြီး၊ ခန္ဓာကိုယ်ကို နွေးထွေးစေသလို သက်တောင့်သက်သာ ခံစားချက်ကိုလည်း ပေးနိုင်တယ်လို့ သုတေသနတွေက အကြံပြုထားပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က နိုင်ငံတကာ ကင်ဆာသုတေသနဂျာနယ် (International Journal of Cancer) မှာ ဖော်ပြခဲ့တဲ့...

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

Facebook