Connect with us

Hi, what are you looking for?

ဗီဒီယို

⚠️ ကိုဗစ်အလွန် ကျန်းမာရေးစစ်ဆေးမှု ဘယ်သူတွေလုပ်သင့်သလဲ

နာတာရှည်ရောဂါအခံရှိသူတွေကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ရာဂါအခံ၊ အသက်အရွယ်အပေါ်မူတည်ပြီး အခြား လိုအပ်တဲ့စစ်ဆေးမှုတွေကိုလည်းလုပ်ဖို့ ဆရာနဝန်တွေက အကြံပြုထားပါတယ်။

🩺 ကိုဗစ်အလွန်မှာ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။

😷 ကိုဗစ်ပျောက်ကင်းသွားသူတွေအားလုံး ဆေးစစ်ဖို့လိုတာတော့မဟုတ်ပါဘူး။ Mild Symptom လို့ခေါ်တဲ့ သာမန်ကိုဗစ်လက္ခဏာတွေပဲ ခံစားရသူတွေကတော့ မဖြစ်မနေစစ်ဖို့ မလိုပါဘူး။

🤒 အဖျားကြီးပြီးအဖျားကလည်းရက်ရှည်တယ်၊ ချောင်းဆိုးဆိုးရွားရွားဆိုးပြီး သလိပ်ထွက်တယ်၊ အောက်စီဂျင်မ ကျပေမယ့်လည်း ကိုဗစ်လက္ခဏာတွေကို အတန်အသင့်ပြင်းထန်စွာ ရက်ရှည်ခံစားခဲ့ကြသူတွေက ဆေးစစ်ဖို့ လိုအပ် ပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက အနည်းစုဖြစ်တဲ့ အောက်စီဂျင်ကျတယ်၊ ဆေးရုံနဲ့ နေအိမ်တွေမှာ ကုသမှုခံယူခံယူခဲ့ရတဲ့ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွားခံစားခဲ့ကြရတယ်ဆိုသူတွေကတော့ နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုတွေ မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။

🏥 ဆေးရုံကြီးအချို့ကတော့ ကိုဗစ်အလွန်ကျန်းမာရေးစစ်ဆေးမှုအတွက် Package တွေစီစဉ်ပြီး စစ်ပေးနေတာတွေ ရှိပါတယ်။

Public Service Announcement

Public Service Announcement

🏩 အဲလိုအများကြီးစစ်ဖို့ အကုန်အကျမတတ်နိုင်ဘူးဆိုရင် အနည်းဆုံးတော့ ရင်ဘတ်ဓာတ်မှန်ရိုက်၊ နှလုံး အီးစီးဂျီဆွဲ၊ CRP , CP နဲ့ Liver Function Test တို့လို သွေးစစ်ဆေးတာတွေကိုတော့ အနည်းဆုံးလုပ်ကြဖို့ ဆရာဝန်တွေက အကြံပြုပါတယ်။

👩🏻‍⚕️ နာတာရှည်ရောဂါအခံရှိသူတွေကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ရာဂါအခံ၊ အသက်အရွယ်အပေါ်မူတည်ပြီး အခြား လိုအပ်တဲ့စစ်ဆေးမှုတွေကိုလည်းလုပ်ဖို့ ဆရာနဝန်တွေက အကြံပြုထားပါတယ်။

🫁 ကိုဗစ်က အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နဲ့ ဦးနှောက်အာရုဏ်ကြောတွေကို အနည်းနဲ့အများ ထိခိုက်စေတဲ့အတွက် ကိုဗစ်ရောဂါကို အောင်အောင်မြင်မြင်တိုက်ထုတ်ပြီးနလန်ထပြီဆိုတာနဲ့ စစ်ဆေးကြည့်ရမှာပါ။

🦠 ကိုဗစ်လက္ခဏာတွေစပြတဲ့ရက်ကနေ ၂၁ ရက်အကြာမှာ သူများကို ပိုးကူးနိုင်ချေနည်းသွားပြီဖြစ်လို့ အဲဒီနောက်ပိုင်းမှ ကျန်းမာရေးစစ်ဆေးတာတွေလုပ်သင့်တယ်လို့ ပြောပါတယ်။

🍛 ကိုဗစ်လက္ခဏာတွေသက်သာပျောက်ကင်းသွားတဲ့တိုင်အောင် ကောင်းကောင်းနားပါ၊ အရမ်းမလှုပ်ရှားပါနဲ့ ၊ ပြင်းပြင်းထန်ထန်အလုပ်တွေ လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့၊ အင်အားပြန်ပြည့်အောင် ကျန်းမာတဲ့အ စားအစာ တွေစားပါ။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ကျန်းမာရေးဝန်ထမ်းများ လက်ခံခြင်း၊အခြားစည်းကမ်းချက်များ​ဖောက်ဖျက်သည်ဆို​သော စွပ်စွဲချက်များဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ကိုးခုကို စစ်ကောင်စီက အရေးယူလိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။

Infographics

လက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ်...

နိုင်ငံတကာ

တရုတ်မှာ တုပ်ကွေး၊ ကိုဗစ်တို့နဲ့ လက္ခဏာတွေ ဆင်တူတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါမျိုး ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေကြောင်း လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပိုမို ပျံ့နှံ့လာနေပါတယ်။

သတင်း

မြန်မာနဲ့ နယ်စပ်ထိစပ်နေရာ တက်ခ်ပြည်နယ်ထဲမှာ ကာလဝမ်းရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံတွေ အရေးတကြီး လုပ်ဆောင်နေကြောင်း သိရပါတယ်။

Facebook