Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

တိုက်ဆိုင်တဲ့ နှုတ်ဆက်ခြင်း

အခုတော့ ဆရာကြီးနာဂသိမ်းလှိုင်ရော၊ ဆရာအောင်ချိမ့်ပါ အပြီးတိုင်ထွက်ခွာသွားပါပြီ။ဆရာတို့ နှစ်ဦးစလုံးက တိုင်းပြည်ကို မတရားအာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရာမှာလည်း တစ်သဘောထဲရှိခဲ့သူတွေလည်း ဖြစ်ပါတယ်။

ဒီမြေရဲ့ တန်ဖိုးထားရသူ နှစ်ဦးကို ဒီကနေ့ တိုက်တိုက်ဆိုင်ဆိုင် တစ်နေရာထဲမှာ တစ်ချိန်ထဲနီးပါးမှာ အပြီးတိုင်း နှုတ်ဆက်ခဲ့ကြရပါတယ်။

ခေတ်ပေါ်မြန်မာကဗျာအရွေ့ကို တပ်ဦးက ဦးဆောင်ခဲ့တဲ့ ဂန္တဝင် ကဗျာဆရာကြီး အောင်ချိမ့်နဲ့ ဆေးပညာလောကတစ်ခုလုံးမသိသူမရှိတဲ့ ရွှေဓားဗိုလ် ဆရာကြီး နာဂသိမ်းလှိုင်တို့ နှစ်ဦးရဲ့ နောက်ဆုံးခရီးပါ။

ရေဝေးသင်္ချိုင်းမှာ အုတ်ဂူအနည်းငယ်ပဲခြားပြီး သဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

ဆရာကြီးနာဂသိမ်းလှိုင်က ကွယ်လွန်ချိန်မှာ ၈၈ နှစ်ရှိပြီဖြစ်ပြီး ဒီကနေ့ သြဂုတ် ၁၀ ရက် မနက်မှာကွယ်လွန်ခဲ့တာဖြစ်ပြီး ညချင်းသဂြိုဟ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဆရာအောင်ခြိမ့်က သြဂုတ် ၉ ရက် ညပိုင်းက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဆရာအောင်ချိမ့်က ခေတ်ပေါ်ကဗျာရေစီးကို ဦးဆောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်သလို အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေး စတဲ့ကဗျာဆရာ သုံးဦးပါဝင်ရေးသားခဲ့တဲ့ “သစ်ရွက်အသေများပေါ်က ရက်စက်တဲ့ဂီတ” ကဗျာစာအုပ်က လူသိများပြီး ထင်ရှားပါတယ်။ ဒါ့အပြင် စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းရေးဖွဲ့ခဲ့တဲ့ ” ခင်ပျိုရေ ငါစောင့်ခဲ့တယ် ” ကဗျာက လူငယ်တွေကြား ရေပန်းစားခဲ့ပါတယ်။

ဆရာအောင်ချိမ့်ဆုံးပြီးနောက်နေ့မှာမှာပဲ ကွယ်လွန်သွားတဲ့ ဆရာကြီးနာဂသိန်းလှိုင်က လူနာတွေအပေါ်ထားတဲ့ သူ့စိတ်ထားက မွန်မြတ်လှပါတယ်။

“ဆရာဝန်က ဘာမှမတတ်ဘူးလေ။ လူနာက ဆရာဝန်ကို ပြန်သင်ပေးတာ။ ဆရာဝန်ဆိုတာ စာဖတ်ပြီး တတ်တာ။ လူနာဟာ ကျေးဇူးရှင်ပဲ။ လူနာက ကိုယ့်ကို အကုန်လုံးသင်ပေးသွားတာ။ ဘာဘွဲ့ပဲရရ မှတ်ဉာဏ်ကောင်းလို့ အလွတ်ဖြေပြီး ဘွဲ့ရလာတာ” လို့ ဆရာကြီး နာဂသိန်းလှိုင်က သူ့ရဲ့ လူနာတွေနဲ့ပတ်သက်တဲ့ ခံယူချက်ကို အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။

ဆရာကြီးဟာ လည်ပင်ကြီးရောဂါသည်တွေကို ထုံဆေးနဲ့ ခွဲစိတ်ကုသပေးခဲ့တာကြောင့် ဆေးလောကရဲ့ ဆရာတစ်ဆူဖြစ်ပြီး ဒါကြောင့်လည်း ရွှေဓားဗိုလ်ရယ်လို့ နာမည်တစ်လုံးရခဲ့တာပါ။ ဆရာကြီးခွဲစိတ်ခဲ့တဲ့ လည်ပင်ကြီးလူနာပေါင်းဟာ ၂,၈၀၀ ကျော်ရှိပါတယ်။

နာဂတောင်တန်းဒေသမှာအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ခဲ့ပြီး ဒေသခံတိုင်းရင်းသားတွေကို သွားရောက်ကုသပေးခဲ့သူ စေတနာရှင် ဆရာဝန်ကြီးတစ်ဦးဖြစ်ပါတယ်။

အခုတော့ ဆရာကြီးနာဂသိမ်းလှိုင်ရော၊ ဆရာအောင်ချိမ့်ပါ အပြီးတိုင်ထွက်ခွာသွားပါပြီ။

ဆရာတို့ နှစ်ဦးစလုံးက တိုင်းပြည်ကို မတရားအာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရာမှာလည်း တစ်သဘောထဲရှိခဲ့သူတွေလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

News

စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းရေးဖွဲ့ခဲ့တဲ့ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်ကဗျာဟာ လူငယ်တွေကြားရေးပမ်းစားခဲ့ပြီး ဂန္တဝင်မမ၊ အသည်းစွဲကဗျာဆရာ ခင်ပျို​ရေ​စောင့်ခဲ့တယ် စတဲ့ကဗျာတွေဟာလည်း ဆရာ့ရဲ့ ထင်ရှားတဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။

News

ဆရာအောင်ချိမ့် ဟာ ၁၉၄၈ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပါပြီ။ ဆရာဟာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး သက်ရှိ ထင်ရှားကဗျာ ဆရာအဖြစ် ဂုဏ်ပြု အသိအမှတ်ပြုခံရသူတစ်ဦးလည်းဖြစ်ပါတယ်။