Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ဖမ်းဆီးခံအန္တရာယ်တွေကြားက ထိုင်းကိုတရားမဝင်သွားနေတဲ့ မြန်မာလုပ်သားတွေအခြေအနေ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ကိုဗစ်ကာလတလျောက်မှာ ထိုင်းဘက်ကို တရားမဝင်သွားတာပိုများ လာနေ ပြီး ဒီရက်ထက် မြန်မာလုပ်သားတွေ ဖမ်းဆီးခံရတာတွေရှိနေပါတယ်။


ကိုဗစ်အခြေအနေတွေကြောင့် ထိုင်းဘက်ကို မြန်မာရွှေ့ပြောင်းလုပ်သားတွေမလာစေချင်သေးဘူးလို့ အလုပ် သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ကိုဗစ်ကာလတလျောက်မှာ ထိုင်းဘက်ကို တရားမဝင်သွားတာပိုများ လာနေ ပြီး ဒီရက်ထက် မြန်မာလုပ်သားတွေ ဖမ်းဆီးခံရတာတွေရှိနေပါတယ်။

သြဂုတ်လ ၁၃ ရက်က ကန်ချနဘူရီခရိုင်ထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ ဦးဖမ်းဆီးခံခဲ့ရသလို သြဂုတ် ၁၅ ရက်ကလည်း မဲဆောက် ဘက်မှာ ၄၅ ဦး ဖမ်းဆီးခံခဲ့ရတာပါ။

ပြည်တွင်းမှာ အလုပ်ရှားတာကြောင့် ထိုင်းဘက်ကို ပွဲစားခတွေအများကြီးပေး အရဲစွန့်ထွက်သွားနေကြပြီး နယ်စပ်မှာ ထိုင်းစစ်တပ်က လုံခြုံရေးတင်းကြပ်ထားတယ်လို့ အလုပ် သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ထိုင်းထဲရောက်သွားရင်လည်း ကိုဗစ်ကြောင့် စက်ရုံတွေပိတ်ထားရလို့ အလုပ်လက်မဲ့တွေလည်းရှိနေတယ်လို့ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ (မဲဆောက်တာဝန်ခံ) ဦးမိုးကျော်က လက်ရှိအခြေအနေတွေကို ဖြေကြားထားပါတယ်။

Public Service Announcement

Public Service Announcement