Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

မနက်ဖြန်မနက် NUG Radio စမ်းသပ်စလွှင့်မယ်

တို့လိုလိုင်းတွေဖမ်းလို့ရတဲ့ရေဒီယိုတွေဆိုရင်တော့ NUG Radio လိုင်းကိုပါ ဖမ်းလို့ရမှာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက Radio NUG ကို မနက်ဖြန်မနက်မှာ စမ်းသပ် စတင်တော့မှာဖြစ်ပါတယ်။

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ပြည်သူနဲ့ အဆက်မပြတ်သွားအောင်နဲ့ NUG အစိုးရရဲ့ အရေးကြီးသတင်းအချက်အလက်တွေ အချိန်နဲ့တပြေးညီလူထုကို အသိပေးနိုင်ဖို့ သြဂုတ် ၂၀ ရက် က စလွှင့်မယ်လို ကြေညာထားတာပါ။

မနက် ၈ နာရီတစ်ကြိမ်၊ ည ၈ နာရီတစ်ကြိမ် စတင်စမ်းသပ်ထုတ်လွှင့်မှာဖြစ်ပြီးတော့ လှိုင်းတိုမီတာ ၁၆၊ မက်ဂါဟဇ် ၁၇ ဒသမ ၇၁ မှာ ဖမ်းယူနားဆင်နိုင်မှာဖြစ်ပါတယ်။

NUG Radio ကိုနားဆင်နိုင်ဖို့ 10 Band Digital Radio အမျိုးအစားကိုဆောင်ထားကြဖို့ တိုက်တွန်းထားတာပါ။

Public Service Announcement

Public Service Announcement

ရိုးရိုး FM လိုင်းပဲဖမ်းလို့ရတဲ့ရေဒီယိုတွေကတော့ ဖမ်းလို့မိမှာမဟုတ်ကြောင်းနဲ့ BBC၊ VOA တို့လိုလိုင်းတွေဖမ်းလို့ရတဲ့ရေဒီယိုတွေဆိုရင်တော့ NUG Radio လိုင်းကိုပါ ဖမ်းလို့ရမှာဖြစ်ပါတယ်။

စျေးကွက်ထဲမှာတော့ ရေဒီယိုတစ်လုံးကို ၁၃၀၀၀ ဝန်းကျင်ကနေ ၂၀၀၀၀ ကျော်အထိ အစားစားရှိပါတယ်။

“ရေဒီယိုဆိုင်တွေ ဒီနေ့တွေ့ရသလောက်ကတော့ အရမ်းတွေဝယ်နေကြတာမျိုးမရှိဘူး။ တော်တော်များများကလည်းအရင်ထဲက ဝယ်ထားကြပြီးသားဖြစ်မယ်ထင်တယ် ဆိုင်တွေမှာတော့ ပုံမှန်ပါပဲ” လို ဒီကနေ့ ညနေပိုင်းက မြို့ထဲကရေဒီယိုဆိုင်ကို ရောက်ခဲ့တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဆိုရှယ်မီဒီယာမှာတော့ ရေဒီယိုဝယ်ဖို့ ပြောဆိုနေကြပြီး အဓိကကတော့ D-Day လာတော့မယ်ဆိုတဲ့ခန့်မှန်းချက်တွေကြောင့်ဖြစ်ပါတယ်။

NUG ဒုတိယ သမ္မတဒူဝါလရှိးလက သြဂုတ် ၁၇ ရက်က မလွဲမသေတိုက်ပွဲဝင်ရမှာဖြစ်ပြီး တိုက်ပွဲဝင်နိုင်ဖို့လည်း မရပ်မနားကြိုတင်ပြင်ဆင်နေတယ်လို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။