Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အာဏာသိမ်းပြီး အပျက်တကာအပျက်ထဲက YBS

“အခုဆိုရင် လိုင်းကားအချို့က သတ်မှတ်ထားတဲ့ ၂၀၀ ကျပ်ကနေ ကားပေါ်တက်တာ နဲ့ ၃၀၀ ကောက်နေတာတွေရှိတယ်။ တစ်ချို့လိုင်းတွေဆိုရင် ခရီးအကွာအဝးပေါ်မူတည်ပြီးတော့ ၅၀၀ လောက်အထိ ကောက်တာတွေရှိတယ်” လို့ YBS ခရီးသည်တစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ဆုတ်ယုတ်မှုများစွာထဲမှာ ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ လိုင်းကားစနစ်တစ်ခုလုံးလည်းပါဝင်ပါတယ်။

စပယ်ယာတွေငွေကာက်တဲ့ပုံစံကနေ စပယ်ယာမပါဘဲ ငွေထည့်တဲ့ပုံးထဲကိုယ်တိုင်ငွေထည့် အတက်၊ အဆင်းပေါက်သတ်မှတ်ပြီးစနစ်တကျလည်ပတ်တဲ့ လိုင်းကားစနစ်ကို ဒီချုပ်အစိုးရလက်ထက်မှာ ပြောင်းလဲ ခဲ့ပါတယ်။

“အခုဆိုရင် လိုင်းကားအချို့က သတ်မှတ်ထားတဲ့ ၂၀၀ ကျပ်ကနေ ကားပေါ်တက်တာ နဲ့ ၃၀၀ ကောက်နေတာတွေရှိတယ်။ တစ်ချို့လိုင်းတွေဆိုရင် ခရီးအကွာအဝးပေါ်မူတည်ပြီးတော့ ၅၀၀ လောက်အထိ ကောက်တာတွေရှိတယ်” လို့ YBS ခရီးသည်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးကာစမှာ ယာဥ်လိုင်းအချို့ ပြေးဆွဲမှုရပ်နားထားသလို သွားလာသူနည်းပါးချိန်မှာ ယာဥ်စီးခကို ၃၀၀ ကျပ်ပြောင်းကောက်ခဲ့ပြီးတဲ့နောက် အဲဒီနှုန်းနဲ့ပဲ တိုးပြီးပုံသေကောက်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“အခု လိုင်းကားခတွေက သူတို့ပါးစပ်ထဲမှာဖြစ်နေတာ။ ဒီနေ့ YBS 79 ကို တာမွေကနေ သမိုင်းစီးတာ ၅၀၀ တောင်းလို့ ပြန်ဆင်းခဲ့ရတယ်။ လှိုင်သာယာဘက်သွားရင်လည်း ၅၀၀ ပဲ ” လို့ YBS အမြဲစီးနင်းသူ အမျိုးသားက ပြောပါတယ်။

ဒါ့အပြင်အခုနောက်ပိုင်းမှာ ကားခကိုဒရိုင်ဘာကိုယ်တိုင်ကောက်တာရှိသလို စပယ်ယာတွေပါကားပေါ်မှာ ပါနေပြီး အရင်ကလို စပယ်ယာက ငွေကောက်တာတွေလုပ်တယ်လို့ ဆိုပါတယ်။

“ဟိုးတုန်းကလို အဆင်းဆို အပြိုင်မောင်းဖို့ စပယ်ယာတွေအော်တာဟစ်တာတွေပြန်ရှိလာတယ်။ YBS စတုန်းကတော့ ကိုယ်ဆင်းမယ့်မှတ်တိုင် ကိုယ့်ဟာကိုယ် ခလုတ်နှိပ်ဆင်းပေ့ါ ” လို့ ဘတ်စ်ကားစီးခရီးသည်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းထားတဲ့ ၇ လအတွင်း မြန်မာငွေတန်ဖိုးကျဆင်းနေပြီး အလုပ်အကိုင်တွေရှားပါးခက်ခဲ၊ ကုန်စျေးနှုန်းမြင့်မားနေတာကြောင့် အခြခံလူတန်းစားတွေအတွက် ဒီလိုလိုင်းကားခတွေ တောင်းချင်သလိုတောင်းနေတာတွေက သွားလာရေးအတွက် ခက်ခဲစေတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။