Connect with us

Hi, what are you looking for?

ဗီဒီယို

ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မြင်သားရွာနှင့် နှမ်းခါးရွာသာမက စစ်ကောင်စီတပ်သည် ဂန့်ဂေါ်မြို့နယ် သာလင်းရွာကိုလည်း ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ခဲ့ကြောင်းလည်း ဒေသခံက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသို့ ယ​နေ့ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်သည် နှမ်းခါးရွာမှ အိမ်ခြေ ၃၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး Gangaw Youths Voice က ဖော်ပြသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် နှမ်းခါးရွာ အခြေအနေကို ရုပ်သံရိုက်ကူးပြီး Facebook စာမျက်နှာတွင် ဖော်ပြခဲ့ရာ နှမ်းခါးရွာ လမ်းမ ဘေးဝဲယာရှိ နေအိမ်များ မီးလောင်နေသည်ကို တွေ့ရသည်။

“ အိမ်ကြီးအိမ်ကောင်းတွေကို ​ရွေးဆော်သွားတာ” ဟု အဆိုပါ တပ်ဖွဲ့ဝင်က ပြောကြားသည်။
နှမ်းခါးရွာတွင် ယနေ့မနက်က ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။သို့​သော် တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရသေးပေ။ ​ဒေသခံကာကွယ်​ရေးအဖွဲ့ဝင်များသည် အဓိက တူးမီး​သေနတ်များကို ကိုင်​ဆောင်၍ ခုခံကာကွယ်​နေကြသည်။

Public Service Announcement

Public Service Announcement

နှမ်းခါးရွာအနီးရှိ မြင်သားရွာခံတစ်ဦးကလည်း စစ်ကောင်စီတပ်သည် စက်တင်ဘာ ၉ရက်တွင် မြင်သားရွာသို့ လက်နက်ကြီးဖြင့်ပစ်ခတ် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး ကျေးရွာ ကာကွယ်ရေးလူငယ်များနှင့်ရွာခံများကို ပါ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ထိုသို့ ရွာကို စီးနင်းပစ်ခတ်မှု​ကြောင့် လူငယ် ၁၁ဦးကျဆုံးခဲ့ကြောင်း၊ မြင်သားရွာရှိ နေအိမ် ၂၀ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ​ဒေသခံများကပြောကြားသည်။ ကျဆုံးသွား​သောလူငယ်များသည် PDF အဖွဲ့ဝင်များမဟုတ်ဘဲ စစ်​ကောင်စီက ရွာသို့ မကြာခဏ လာ​ရောက်ဖျက်ဆီးသဖြင့် ရပ်ရွာလုံခြုံ​ရေးအတွက် ဖွဲ့စည်းထား​သောလူငယ်များဖြစ်ကာ တူမီး​သေနတ်သာရှိ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။ ရွာကို ဒလန်လမ်းပြမှုဖြင့်စစ်​ကောင်စီကလာ​ရောက်စီးနင်း​ပစ်ခတ်သောအခါ လူငယ်အချို့က ရှိ​​သောတူမီး​သေနတ်ဖြင့်သာခုခံကာကွယ်ခဲ့​ကြောင်းလည်း ​ဒေသခံများက​ပြောသည်။

မြင်သားရွာနှင့် နှမ်းခါးရွာသာမက စစ်ကောင်စီတပ်သည် ဂန့်ဂေါ်မြို့နယ် သာလင်းရွာကိုလည်း ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ခဲ့ကြောင်းလည်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook