Connect with us

Hi, what are you looking for?

ဗီဒီယို

ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားမှု ဂျပန်ရောက်မြန်မာများ ပြုလုပ်နေ

‘ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး’ လှုပ်ရှားမှုကို စက်တင်ဘာ ၁၁ ရက်က ဒိန်းမတ်၊ ယူကေ၊ ဖင်လန်၊ ဩစတြေးလျ၊ အစ္စရေး၊ အမေရိကန် စတဲ့နိုင်ငံတွေမှာလည်း ဆင်နွှဲခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ထောက်ခံကြောင်း ‘ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန် ရေး’ လှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ ဟိုကိုင်းဒိုတို့မှာဆက်လက်ပြုလုပ်ခဲ့ပြီး ထောင်နဲ့ချီတဲ့မြန်မာနိုင်ငံသားတွေ တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကို လာမယ့် စက်တင်ဘာ ၁၄ ရက်မှာ စတင်ကျင်းပဖို့ရှိနေပြီး ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို NUG က ကိုယ်စားပြုခွင့်ရရှိရေးနဲ့ လက်ရှိမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေးအတွက် ပြည်ပရောက်မြန်မာတွေက အခုလိုလှုပ်ရှားမှုကို ကမ္ဘာတစ်ဝန်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို လက်မခံဘဲ ကန့်ကွက်ကြောင်း၊ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ကသာ ပြည်သူရွေးချယ်တင်မြှောက်တဲ့၊ လက်ခံတဲ့အစိုးရဖြစ်ကြောင်းကို ပြသခဲ့ကြပါတယ်။

‘ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး’ လှုပ်ရှားမှုကို စက်တင်ဘာ ၁၁ ရက်က ဒိန်းမတ်၊ ယူကေ၊ ဖင်လန်၊ ဩစတြေးလျ၊ အစ္စရေး၊ အမေရိကန် စတဲ့နိုင်ငံတွေမှာလည်း ဆင်နွှဲခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း ဒူဂျူယန် တိုက်ခတ်မှုကြောင့် ဂျပန်မှာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

Facebook