Connect with us

Hi, what are you looking for?

ဗီဒီယို

လေထု ညစ်ညမ်းမှုကြောင့် ဒေလီမှာ ကျောင်းနဲ့ တက္ကသိုလ်တွေ ယာယီ ပိတ်ထားရ

ဒေလီမှာ အရင်ကတည်းက လေထု ညစ်ညမ်းမှု ပြဿနာတွေ ရှိခဲ့ရာက ဒေပါဝလီ ပွဲတော်နေ့ အပြီးမှာ အခြေအနေတွေ ပိုဆိုးရွားလာပါတယ်။ ဒေလီရဲ့ လေထုဟာ မြင်ကွင်း မှုန်ဝါးနေပြီး ကျန်းမာရေးအတွက် လုံးဝ မသင့်တော်တဲ့ အနေအထားမျိုးထိ ရောက်ရှိလာပါတယ်။

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လေထု ညစ်ညမ်းမှု ပြဿနာကြောင့် ကျောင်းတွေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကို ပိတ်ထားဖို့ အာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။

ဒေလီမှာ အရင်ကတည်းက လေထု ညစ်ညမ်းမှု ပြဿနာတွေ ရှိခဲ့ရာက ဒေပါဝလီ ပွဲတော်နေ့ အပြီးမှာ အခြေအနေတွေ ပိုဆိုးရွားလာပါတယ်။ ဒေလီရဲ့ လေထုဟာ မြင်ကွင်း မှုန်ဝါးနေပြီး ကျန်းမာရေးအတွက် လုံးဝ မသင့်တော်တဲ့ အနေအထားမျိုးထိ ရောက်ရှိလာပါတယ်။

ဒါကြောင့် အာဏာပိုင်တွေက ကျောင်းတွေ၊ တက္ကသိုလ်၊ ကောလိပ်တွေကို ပိတ်ထားစေခဲ့သလို လေထုညစ်ညမ်းမှု ပိုမို ဆိုးရွားလာစေနိုင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကိုလည်း နိုဝင်ဘာ ၂၁ ရက်ထိ ရပ်ဆိုင်းထားစေခဲ့ပါတယ်။ မြို့ထဲမှာ တည်ဆောက်ထားတဲ့ ကျောက်မီးသွေး အသုံးပြု ဓာတ်အားပေး စက်ရုံတွေထဲမှာ ၅ ခုကလွဲပြီး အားလုံးကို ယာယီ ဆိုင်းငံ့ထားစေခဲ့ကြောင်းလည်း သိရပါတယ်။

ဒေလီရဲ့ လေထုထဲမှာ ပါဝင်တဲ့ PM2.5 အဆိပ်အတောက် အမှုန်အမွှားတွေ ပါဝင်မှုဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အန္တရာယ်ရှိကြောင်း သတ်မှတ်ထားတဲ့ စံနှုန်းထက် အများကြီး ပိုနေပါတယ်။ WHOက လေထု အရည်အသွေး ညွှန်ကိန်းအရ PM2.5 အမှုန် ပါဝင်မှု စံနှုန်း ၁၀၀ အထက်ဆိုရင် ကျန်းမာရေးအတွက် မသင့်တော်ဘူးလို့ ကြေညာထားပြီး ဒေလီမြို့ရဲ့ အစိတ်အပိုင်း အတော်များများမှာ ၄၀၀ အထက် ရှိနေတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

မြို့ပြင်က လယ်ကွင်းတွေကို သီးနှံသစ် စိုက်ပျိုးချိန် မတိုင်ခင် မီးရှို့တာတွေနဲ့ တခြား စက်မှု လုပ်ငန်းတွေက ထွက်ပေါ်လာတဲ့ မီးခိုးတွေကလည်း ဒေလီရဲ့ လေထု အခြေအနေကို ပိုဆိုးရွားသွားစေပါတယ်။ ဒေလီမြို့တော် အုပ်ချုပ်ရေး ဌာနက လေထု အရည်အသွေးကို ထိန်းသိမ်းဖို့ စည်းမျဉ်း ဥပဒေတွေ ကြပ်မတ်ထားပေမယ့်လည်း လက်တွေ့မှာတော့ အခက်အခဲတွေကို ကုစားနိုင်ခြင်း မရှိကြောင်း ဝေဖန် ခံနေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဒေလီမြို့တော်ရဲ့ လူစည်ကားရာ တစ်နေရာမှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ကား ပေါက်ကွဲမှုဟာ အကြမ်းဖက် ဖြစ်စဉ် တစ်ခုလို့ အိန္ဒိယ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်ရဲ့ အထင်ကရ ရှေးအဆောက်အအုံ တစ်ခုနားမှာ ကားတစ်စီး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ​လေထုညစ်ညမ်းမှု ပြသာနာအလွန်ဆိုးရွား​နေတဲ့ အတွက်​ အစိုးရအ​ပေါ် ဝေဖန်မှု​တွေမြင့်မား​နေချိန် ​ရွေး​ကောက်ပွဲကျင်းပဖို့ ရက်​ပေါင်း ၃၀ ​ကျော်အလိုမှာထိုင်းဝန်ကြီးချုပ်က ​လေထုညစ်ညမ်းမှုကို သုံးနိုင်ငံ​ဆွေး​နွေးပြီးသ​​ဘောတူညီချက်ရတယ်လို့ ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။