Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကမ္ဘာ့ ပထမဆုံး ကိုဗစ်လူနာဘယ်သူလဲ

စျေးရဲ့ အနောက်ပိုင်းမှာ ရက်ကွန်း ဝက်ဝံငယ်တွေကို လှောင်အိမ်တွေနဲ့ ထားရှိကြောင်း၊ အဲဒီ ဧရိယာက စျေးသည် တစ်ဦးကို ရောဂါ စတင်ကူးစက်ခဲ့တာလို့ ယုံကြည်ရကြောင်း ဒေါက်တာ ဝိုရီဘီက ဆိုပါတယ်။

ကိုဗစ်ရောဂါ ပထမဆုံး ကူးစက်ခံရသူဟာ တရုတ် အာဏာပိုင်တွေ ပြောထားသလို မဟုတ်ဘဲ ဝူဟန်မြို့က သားစိမ်းငါးစိမ်း စျေးသည် တစ်ဦးသာ ဖြစ်တယ်လို့ အမေရိကန် သိပ္ပံပညာရှင် တစ်ဦးက ပြောကြားခဲ့ပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှုတွေဟာ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့မှာ စတင်ခဲ့ပါတယ်။ အဲဒီတုန်းက ဝူဟန်မှာရှိတဲ့ ဟွာနန်း ပင်လယ်စာ စျေးကနေ ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တယ်လို့ ယုံကြည်ရပေမယ့် နောက်ပိုင်းမှာ တရုတ် အာဏာပိုင်တွေက ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။ ပြီးတော့ ကိုဗစ်ရောဂါ ပထမဆုံး ဖြစ်ပွားသူဟာ ဟွာနန်စျေးနဲ့ ကီလိုမီတာ အတော်များများ ကွာဝေးတဲ့ နေရာမှာ နေထိုင်တဲ့ စာရင်းကိုင် ဝန်ထမ်း တစ်ဦးသာ ဖြစ်တယ်လို့ တရုတ် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

အခုနှစ်၊ မတ်လမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ ကိုယ်စားလှယ် အဖွဲ့တစ်ခုဟာ ဝူဟန်မြို့မှာ ကပ်ရောဂါရဲ့ မူလအစကို သွားရောက် စုံစမ်းခဲ့ပြီး အဲဒီ ပထမဆုံး လူနာဆိုတဲ့ စာရင်းကိုင်ကိုလည်း တွေ့ဆုံ မေးမြန်းခဲ့ဖူးပါတယ်။ တရုတ်ရဲ့ အဆိုအရ အဲဒီ စာရင်းကိုင်ဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်မှာ စတင် ဖျားနာခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ အရီဇိုးနားက ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ ဇီဝဗေဒ ပညာရှင် ဒေါက်တာ မိုက်ကယ် ဝိုရီဘီကတော့ တကယ်တမ်း ရောဂါ ဖြစ်ပွားမှုတွေဟာ တရုတ်က ကြေညာထားတာထက် ပိုစောခဲ့တယ်လို့ ဆိုပါတယ်။ သူက ကပ်ရောဂါ အစပိုင်း အခြေအနေရဲ့ မှတ်တမ်း မှတ်ရာတွေ၊ သတင်းဖော်ပြချက်တွေကို စုစည်း လေ့လာပြီး ရောဂါအစဟာ ပင်လယ်စာစျေးမှာ သားစိမ်းငါးစိမ်း ရောင်းချနေသူ တစ်ဦးသာ ဖြစ်လိမ့်မယ်လို့ ကောက်ချက် ချခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် လူမျိုးတွေ အစားကျူးရာက အခုလို ကပ်ရောဂါတွေ ဖြစ်လာရတယ်ဆိုတဲ့ ပုံရိပ်ဆိုးက ကပ်ရောဂါ အစောပိုင်း ကာလတွေမှာ အတော်လေး လူပြောများစေခဲ့ပါတယ်။ တရုတ် အနေနဲ့ ဒီအခြေအနေကို နှစ်မြို့ဟန် မရှိဘဲ ကပ်ရောဂါရဲ့ အစဟာ ဟွာနန်း ပင်လယ်စာစျေးနဲ့ ဘယ်လိုမှ မသက်ဆိုင်ကြောင်း ပြသလိုဟန် ရှိပါတယ်။ ဒါပေမဲ့ ဒေါက်တာ ဝိုရီဘီရဲ့ အစီရင်ခံ ဖော်ပြချက်အရ ကပ်ရောဂါ မူလအစဟာ ပင်လယ်စာစျေးဆီ ဂငယ်ကွေ့ ပြန်လည်လာခဲ့ပါတယ်။

ပင်လယ်စာစျေး ဆိုပေမယ့် ဟွာနန်းမှာ တောရိုင်း တိရစ္ဆာန် အတော်များများကို အရှင် သိုလှောင်ထားပြီး အသားဖျက် ရောင်းချလေ့ ရှိပါတယ်။ စျေးရဲ့ အနောက်ပိုင်းမှာ ရက်ကွန်း ဝက်ဝံငယ်တွေကို လှောင်အိမ်တွေနဲ့ ထားရှိကြောင်း၊ အဲဒီ ဧရိယာက စျေးသည် တစ်ဦးကို ရောဂါ စတင်ကူးစက်ခဲ့တာလို့ ယုံကြည်ရကြောင်း ဒေါက်တာ ဝိုရီဘီက ဆိုပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေဆီမှာ အစပြုပြီး တခြား နို့တိုက် သတ္တဝါ မျိုးစိတ်တွေမှာ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲပြီးမှ လူကို ကူးစက် အန္တရာယ်ပေးတဲ့ အဆင့်မျိုးထိ ရောက်လာခဲ့တာပါ။

ကိုဗစ်ဟာ ကမ္ဘာ့ ကပ်ရောဂါကြီး အဆင့်ထိ ကျယ်ပြန့်လာတဲ့နောက် လူသန်းပေါင်း ၂၅၀ ကျော်ကို ကူးစက်ခဲ့ပြီး ဖြစ်သလို ရောဂါကြောင့် သေဆုံးသူ ဦးရေကလည်း ၅ သန်းကျော်ထိ များပြားလာခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။