Connect with us

Hi, what are you looking for?

ဗီဒီယို

ပြည်ပစွက်ဖက်မှုတွေကို အလွန်အကျွံမျှော်မှန်းမထားကြဖို့ မြန်မာပြည်သူတွေကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အကြံပြု

စင်ကာပူအနေနဲ့ မြန်မာနိုင်ငံဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လွှမ်းမိုးနိုင်မှု၊ စွမ်းဆောင်နိုင်မှုတွေကို အသုံးချပြီး ဝင်ပါတာမျိုး မလုပ်မှာဖြစ်သလို စေ့စပ်ညှိနှိုင်းမှုနဲ့ရင်ကြားစေ့မှုတွေရှိစေချင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ပြည်သူတွေအနေနဲ့ ပြည်ပ စွက်ဖက်မှုတွေနဲ့ပတ်သက်ပြီး အလွန်အကျွံမျှော်မှန်းမထားကြဖို့စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယံခရစ်ရှနန် က အင်တာဗျုးတစ်ခုမှာထည့်သွင်းပြောလိုက်ပါတယ်။

တခြားသူတွေရဲ့ ပါဝင်စွက်ဖက်ဖို့ အားမထုတ်ရဘဲ ပြည်တွင်းရေးပြဿနာတွေကို ပြည်တွင်းမှာပဲဖြေရှင်းဖို့လိုအပ်ပါလိ့မ်မယ်လို့ Bloomberg သတင်းဌာနဲ့ အင်တာဗျုး မှာထည့်ပြောခဲ့တာပါ။

စင်ကာပူအနေနဲ့ မြန်မာနိုင်ငံဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လွှမ်းမိုးနိုင်မှု၊ စွမ်းဆောင်နိုင်မှုတွေကို အသုံးချပြီး ဝင်ပါတာမျိုး မလုပ်မှာဖြစ်သလို စေ့စပ်ညှိနှိုင်းမှုနဲ့ရင်ကြားစေ့မှုတွေရှိစေချင်တယ်လို့ ဆိုပါတယ်။

” ဒါပေမဲ့ မြန်မာ ပြည်သူတွေရော၊ နိုင်ငံရေး ရပ်ဝန်းရဲ့ နှစ်ဖက် အသိုက်အဝန်းကပါ စင်ကာပူရဲ့ ရပ်တည်မှုကို သေချာ နားလည်ထားပြီးသားပါ ” လို့စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူ ဟာစစ်ခေါင်းဆောင်ကို ကတိမတည်တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးကိုပေးမတက်ဖို့ ဆုံးဖြတ်ရာမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါအပြင် လာမယ့် တနလာၤနေ့မှာ ပြုလုပ်မယ့် တရုတ် − အာဆီယံ ထိပ်သီးအစည်းအဝေး မှာ မင်းအောင်လှိုင်ကို တက်ခွင့်မပြုဘဲ အာဆီယံ ဆုံးဖြတ် ချက်အတိုင်းရပ်တည်တဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

Bloomberg သတင်းဌာနဲ့ အင်တာဗျုးမှာတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေဟာ ဒီမိုကရေစီတိုးတက်ပြောင်းလဲရေးအတွက် သာမက ဆင်းရဲနွမ်းပါးမှုတွေ ပိုမိုးဆိုးရွားလာပြီး ကပ်ရောဂါကိုလည်း ကြုံနေရတာကြောင့် အကြီးအကျယ် စိတ်ပျက်စရာလို့ စင်ကာနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ စီးပွားရေး ၊လူသားရေးရာ ဘေးဒုက္ခတွေနဲ့ နာကျင်ထိခိုက်မှုတွေကို အဓိက စိတ်ပူနေရတယ်လို့လည်း ဝန်ကြီးက ထည့်ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းကို ကိုင်တွယ်ရာမှာ စင်ကာပူဟာအရေးပါတဲ့နေရာမှာရှိနေတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက စင်ကာပူ ကိုသွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ချိုလေးက စင်ကာပူခရီးစဉ်အပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။