Connect with us

Hi, what are you looking for?

ဗီဒီယို

Omicronဟာ ကူးစက်နှုန်း ပိုမြန်လာပေမယ့် ကိုဗစ်ရောဂါ လက္ခဏာတွေ လျော့သွားဖို့ မျှော်လင့်နေကြ

Omicron မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ဟာ ကူးစက်နှုန်း ပိုမြန်လာပေမယ့် ကိုဗစ်ရောဂါ လက္ခဏာတွေ ပြင်းထန်မှု လျော့နည်းသွားဖို့ သိပ္ပံ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ မျိုးကွဲသစ် Omicronကို တောင်အာဖရိက နိုင်ငံမှာ စတင် အတည်ပြု တွေ့ရှိလာတဲ့နောက် အခုဆိုရင် ကမ္ဘာ့နိုင်ငံပေါင်း အတော်များများထိ ပျံ့နှံ့လာခဲ့ပါတယ်။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က Omicronကို စိုးရိမ်ရမယ့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်အဖြစ် သတ်မှတ်ပြီး ရောဂါပိုးနဲ့ ပတ်သက်လို့ ပိုပြီး ထဲထဲဝင်ဝင် သိရှိလာအောင် သုတေသနပြု လေ့လာနေပါတယ်။

အစ္စရေးနိုင်ငံ၊ ဟာဒက်ရှား-ဟီးဘရူး တက္ကသိုလ်က အကြီးတန်း ဆေးသုတေသန ပါရဂူ ပရော်ဖက်ဆာ ဒရိုရာ မီဗိုရာ့ချ်ကတော့ ကနဦး အချက်အလက်တွေကို ကြည့်ရင် Omicronဟာ လူများများဆီ ကူးစက်ပေမယ့် တခြား မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်တွေထက် ဖျက်ဆီးအား ပိုနည်းသွားမယ်လို့ ယူဆရကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

ဒီစကားမျိုး ပြောဖို့အတွက် အများကြီး သတိကြီးကြီးနဲ့ ချဉ်းကပ်ရကြောင်း၊ လောလောဆယ် ရထားသမျှ သတင်း အချက်အလက်တွေကို ကောက်နုတ် ဆန်းစစ်ကြည့်ရင်တော့ မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်ဟာ ကူးစက်နိုင်စွမ်း ပိုမြင့်လာပေမယ့် အရမ်း အန္တရာယ် မကြီးဖို့ မျှော်လင့်ထားကြောင်း သူက ဆိုပါတယ်။

တောင်အာဖရိကမှာ အတွေ့များတဲ့ ကိုဗစ် လူနာတွေနဲ့ လက္ခဏာ ကွဲပြားသူတွေကို သတိပြုမိပြီး ဆေးစစ်ရာက မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်အကြောင်း အတည်ပြုနိုင်ခဲ့တဲ့ ဒေသခံ ဆရာဝန်တွေကလည်း မီဗိုရာ့ချ်နဲ့ အလားတူ သဘောမျိုး ပြောခဲ့ကြဖူးပါတယ်။ ဒါပေမဲ့ Omicronရဲ့ အကြောင်းကို ပိုပြီး ခရေစေ့တွင်းကျ သိဖို့ အတွက်တော့ ကျယ်ပြန့်တဲ့ သုတေသနပြု လေ့လာမှုတွေ လိုအပ်နေဆဲပါ။

Public Service Announcement

Public Service Announcement

အမေရိကန် နိုင်ငံမှာ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ဦးဆောင်နေတဲ့ ဒေါက်တာ အန်သိုနီ ဖော်ချီကလည်း Omicronနဲ့ ပတ်သက်ရင် စိတ်သက်သာစရာ၊ အားတက်စရာ သတင်းတွေ ရထားကြောင်း ပြောကြားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးကို အကြီးအကျယ် ဂယက်ရိုက်ခတ်စေခဲ့တဲ့ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ယှဉ်ရင် Omicronက အထိအခိုက် ပိုနည်းနိုင်တယ်လို့ ကနဦး သုတေသန အချက်အလက်တွေအပေါ် အခြေခံပြီး ဒေါက်တာ ဖော်ချီက ဆိုပါတယ်။

WHOကတော့ Omicronကြောင့် ရှိရင်းစွဲ ကိုဗစ် ကာကွယ်ဆေးတွေ အစွမ်းမထက်တော့မှာ၊ ကိုဗစ် လူနာဟောင်းတွေ နောက်တစ်ကြိမ် ရောဂါ ကူးစက် ခံရနိုင်ခြေ မြင့်မားလာမှာကို အဓိက စိုးရိမ်နေပါတယ်။ Omicronဟာ တခြား မျိုးကွဲတွေနဲ့ ယှဉ်ရင် မျိုးဗီဇ ပြောင်းလဲမှု ဖြစ်စဉ်တွေ အရမ်း ထင်ထင်ရှားရှား ရှိနေတာကြောင့် ကိုဗစ် လူနာဟောင်းတွေ အတွက်ပါ အန္တရာယ် ရှိနိုင်တဲ့ သဘော ဖြစ်ပါတယ်။

ဒါပေမဲ့ တချို့ ကျန်းမာရေး သုတေသီတွေက Omicronဟာ တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာမျိုးတွေဆီ ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်လို့ ကြိုတင် မှန်းဆထားတာတွေလည်း ရှိပါတယ်။ တောင်အာဖရိကမှာ အစောပိုင်း တွေ့ရှိခဲ့တဲ့ လူနာတွေကလည်း ရောဂါလက္ခဏာ မပြင်းထန်တာ၊ လုံးဝ ရောဂါလက္ခဏာ မပြသတာမျိုးတွေ အများစု ဖြစ်တယ်လို့ သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။