Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အာဏာသိမ်း စစ်တပ်နဲ့ ညှိနှိုင်းခဲ့တဲ့ ဆူဒန် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရ

ဆန္ဒပြမှုတွေ အရှိန်မြင့်တက်လာပြီး နောက်တစ်ရက်မှာပဲ ဟမ်းဒေါ့ခ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အရပ်သား ဝန်ကြီးချုပ် နုတ်ထွက်သွားတာကြောင့် လက်ရှိ သဘောတူညီမှုအရ နိုင်ငံအာဏာဟာ စစ်တပ် လက်ထဲမှာ လုံးဝ ကျရောက်နေတဲ့ သဘောမျိုး ဖြစ်လာပါတယ်။

စစ်တပ် အာဏာသိမ်းမှုအပြီး ပြည်တွင်းရေး အခြေအနေတွေ ရှုပ်ထွေးနေတဲ့ ဆူဒန်နိုင်ငံမှာ ဆန္ဒပြမှုတွေ ပြင်းထန်လာတဲ့နောက် ဝန်ကြီးချုပ် အက်ဘ်ဒယ်လာ ဟမ်းဒေါ့ခ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

ဆူဒန်မှာ စစ်တပ်နဲ့ အရပ်ဖက် အာဏာခွဲဝေ အုပ်ချုပ်တဲ့ စနစ်မျိုး ကျင့်သုံးနေရာက အောက်တိုဘာလမှာ စစ်တပ်က ဟမ်းဒေါ့ခ်ရဲ့ အစိုးရ အဖွဲ့ကို ဖြုတ်ချပြီး အာဏာ သိမ်းလိုက်ပါတယ်။ အဲဒီနောက် နိုင်ငံတကာ ဖိအားပေးမှုတွေနဲ့ ပြည်သူတွေဆီက ခါးခါးသီးသီး ဆန့်ကျင်မှုတွေ ကြုံလာတဲ့နောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်လ် ဖာတား အယ်လ် ဘာဟန်က ခြေတစ်လှမ်း ပြန်ဆုတ်ပြီး ဟမ်းဒေါ့ခ်ကို မူလရာထူးမှာ ပြန်လည် ခန့်အပ်လိုက်ပါတယ်။

ဒါပေမဲ့ ဆူဒန် ပြည်သူတွေကတော့ စစ်အာဏာသိမ်းမှုကို ရွံရှာ စက်ဆုပ်သွားခဲ့ပြီး စစ်တပ် လုံးဝ မပါတော့တဲ့ ဒီမိုကရေစီ နိုင်ငံရေး စနစ်ကို ထူထောင်ပေးဖို့ ဆက်လက် ဆန္ဒပြလာကြပါတယ်။ ဒီအတောအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြ ပြည်သူ ၅၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီနောက် စစ်တပ်က အာဏာခွဲဝေရေးနဲ့ ပတ်သက်လို့ ဟမ်းဒေါ့ခ်နဲ့ ပြန်ညှိနှိုင်းခဲ့ပြီး ဝန်ကြီးချုပ်ကလည်း လက်ခံခဲ့ပါတယ်။ ဒီကိစ္စကို ပြည်သူတွေက လုံးဝ လက်မခံဘဲ ရာနှုန်းပြည့် ပြည်သူ့ဆန္ဒနဲ့ တင်မြှောက်တဲ့ အရပ်သား အစိုးရမျိုးကိုသာ အလိုရှိကြောင်း ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြို့တော် ခါတွမ်နဲ့ တခြားမြို့ကြီးတွေမှာ ပြည်သူတွေ စုရုံး ချီတက်ကြပြီး ပြည်သူ့အာဏာကို ပြည်သူတွေဆီ ပြန်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဆန္ဒပြမှုတွေ အရှိန်မြင့်တက်လာပြီး နောက်တစ်ရက်မှာပဲ ဟမ်းဒေါ့ခ်ဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အရပ်သား ဝန်ကြီးချုပ် နုတ်ထွက်သွားတာကြောင့် လက်ရှိ သဘောတူညီမှုအရ နိုင်ငံအာဏာဟာ စစ်တပ် လက်ထဲမှာ လုံးဝ ကျရောက်နေတဲ့ သဘောမျိုး ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဆန္ဒပြပွဲတွေအတွင်း စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် ဆန္ဒပြသူ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ ဟမ်းဒေါ့ခ် နုတ်ထွက်သွားခြင်းဟာ ဆူဒန်ရဲ့ လက်ရှိ ဒယိမ်းဒယိုင် ဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို ပိုမို ထိခိုက်လာစေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဆူဒန်ဟာ ၂၀၁၉ ခုနှစ်မှာ အာဏာရှင် သမ္မတဟောင်း အိုမာအယ်လ် ဘာရှာကို ဖြုတ်ချလိုက်ပြီး ကတည်းက စစ်တပ်နဲ့ အရပ်ဖက် ပူးပေါင်း အုပ်ချုပ်တဲ့ နိုင်ငံရေး စနစ်ကို ကျင့်သုံးနေတာပါ။ ဒါပေမဲ့ စစ်တပ်နဲ့ အရပ်သား အစိုးရကြားမှာ အက်ကြောင်းတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးမှာတော့ စစ်တပ်က အာဏာသိမ်းတဲ့ အဆင့်ထိ တင်းမာကုန်တာ ဖြစ်ပါတယ်။

ဟမ်းဒေါ့ခ်ကတော့ ရာထူးက နုတ်ထွက်ခဲ့တာနဲ့ ပတ်သက်လို့ သူဟာ နိုင်ငံကို အဆိုးရွားဆုံး ဒုက္ခတွင်းထဲ ထိုးကျသွားမယ့် အခြေအနေမျိုး မရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုဆိုရင် ဆူဒန်ဟာ အနာဂတ်ကို အဆုံးအဖြတ်ပေးဖို့ အရမ်း အရေးကြီးတဲ့ အလှည့်အပြောင်း ကာလမျိုး ရောက်နေပြီလို့လည်း ဟမ်းဒေါ့ခ်က ဆိုပါတယ်။

စစ်တပ်နဲ့ ဟမ်းဒေါ့ခ်တို့ကြား ရယူခဲ့တဲ့ သဘောတူညီမှုအရ ဟမ်းဒေါ့ခ်ဟာ ရွေးကောက်ပွဲ မတိုင်ခင် ကာလအထိ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအာဏာ လုပ်ပိုင်ခွင့် တော်တော်များများကိုတော့ စစ်တပ်က လွှဲယူသွားမယ့် အခြေအနေ ရှိပါတယ်။ ဆန္ဒပြသူတွေကတော့ စစ်တပ်ကို လုံးဝ အယုံအကြည် မရှိတဲ့အတွက် စစ်တပ်နဲ့ သဘောတူညီမှု ယူထားတာမျိုးကိုလည်း လက်မခံဘူးလို့ ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်ဟာ ဆူဒန်ရဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပေမယ့် ပြည်တွင်းမှာတော့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာမျိုး မရှိသလောက် နည်းခဲ့ပြီး ဆန္ဒပြ ကြွေးကြော်သံတွေနဲ့သာ ဖုံးလွှမ်းနေခဲ့ပါတယ်။ ဆူဒန်ရဲ့ နိုင်ငံရေး ယိမ်းယိုင်မှုတွေကြောင့် အရင်ကတည်းက ယိုင်နဲ့နေခဲ့တဲ့ စီးပွားရေး ကဏ္ဍကလည်း ပြန်လည် ဦးမော့လာနိုင်ဖို့ အရမ်း ခက်ခဲသွားကြောင်း လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။