Connect with us

Hi, what are you looking for?

ဗီဒီယို

စကားအပြောအဆို မှားလို့ ရာထူးက နုတ်ထွက်ခဲ့ရတဲ့ ဂျာမန် ရေတပ် အကြီးအကဲ

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ပြုချင်နေတယ်ဆိုတဲ့ ကိစ္စမျိုးဟာ အဓိပ္ပါယ် မရှိပါဘူးလို့ ဂျာမန်ရေတပ် အကြီးအကဲ ကေအာချင်မ် ရွှန်ဘော့ချ်က ပြောကြားခဲ့တာပါ။ တကယ်တမ်းကျတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းကို တကယ်တမ်း ခြိမ်းခြောက်ချင်တာ မဟုတ်ဘဲ လူရှိန်တာ ခံချင်ရုံသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ယူကရိန်း နိုင်ငံရဲ့ လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ အငြင်းပွားစရာ မှတ်ချက်စကားတွေ ပြောမိခဲ့တဲ့နောက် ဂျာမန်ရေတပ် အကြီးအကဲဟာ ရာထူးက နုတ်ထွက်သွားခဲ့ရပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ပြုချင်နေတယ်ဆိုတဲ့ ကိစ္စမျိုးဟာ အဓိပ္ပါယ် မရှိပါဘူးလို့ ဂျာမန်ရေတပ် အကြီးအကဲ ကေအာချင်မ် ရွှန်ဘော့ချ်က ပြောကြားခဲ့တာပါ။ တကယ်တမ်းကျတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းကို တကယ်တမ်း ခြိမ်းခြောက်ချင်တာ မဟုတ်ဘဲ လူရှိန်တာ ခံချင်ရုံသာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ယူကရိန်း နယ်စပ်မှာ ရုရှားစစ်သည် တစ်သိန်းဝန်းကျင်လောက် အင်အားစုရုံးနေတဲ့ အချိန်မျိုးမှာ သူ့စကားက အငြင်းပွားစရာတွေ အများကြီး ဖြစ်လာစေပါတယ်။ ပူတင်ကတော့ ရုရှားဟာ ယူကရိန်းကို ၂၀၁၄ ခုနှစ်နောက်ပိုင်း နောက်တစ်ကြိမ် ကျူးကျော်စစ် ဆင်နွှဲဖို့ ပြင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။

လတ်တလောမှာ အမေရိကန်နဲ့ ဗြိတိန်တို့ အပါအဝင် အနောက်အုပ်စု နိုင်ငံတွေက ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ ကူညီပေးနေပေမယ့် ဂျာမနီကတော့ ယူကရိန်းရဲ့ လက်နက်ခဲယမ်း တောင်းဆိုမှုကို ငြင်းပယ်ထားဆဲပါ။

Public Service Announcement

Public Service Announcement

ပူတင်က အနောက်အုပ်စု နိုင်ငံတွေဟာ ယူကရိန်းကို အကြောင်းပြုပြီး ရုရှားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ဖို့ ကြိုးစားနေကြောင်း စွပ်စွဲထားပါတယ်။ NATO မဟာမိတ် အုပ်စု အနေနဲ့ ရုရှားကို ဗဟိုပြုတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်တန်းက ရပ်ဖို့၊ အရှေ့ဥရောပ နိုင်ငံတွေဆီ လက်နက်တွေ ပို့ဆောင်ပေးနေတာတွေ ဆက်မလုပ်ဖို့ သတိပေး တောင်းဆိုထားပါတယ်။

အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ ဂျာမန် ရေတပ် အကြီးအကဲ ရွှမ်ဘော့ချ်က အငြင်းပွားစရာ စကားတွေကို လူသိရှင်ကြား ပြောမိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကိုယ့်အမှားကိုယ် တာဝန်ယူပြီး ရာထူးက ချက်ချင်း နုတ်ထွက်မှာဖြစ်ကြောင်း၊ ဒါမှသာ နောက်ထပ် ထိခိုက်နစ်နာနိုင်ခြေတွေကို ရှောင်လွှဲပြီး ဖြစ်နိုင်ကြောင်း ရွှမ်ဘော့ချ်က ဆိုပါတယ်။

ဗီဒီယို မှတ်တမ်း တစ်ခုထဲမှာ ရွှမ်ဘော့ချ်က ပူတင်ဟာလည်း အနောက်အုပ်စု နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနည်းတူ လေးစားမှု ခံချင်နေတယ်လို့ ပြောဆိုထားပါတယ်။ သူတကယ် လိုချင်နေတဲ့ လေးစားမှုမျိုးကို သူ့ဆီ ပေးလိုက်ဖို့က အရမ်းလွယ်ကြောင်း၊ ပူတင်အတွက်လည်း ဒါက အမှန်တကယ် ထိုက်တန်ကြောင်း ရွှမ်ဘော့ချ်က ပြောဆိုထားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ယူကရိန်းကို ရုရှားက ကျူးကျော်ပြီး ခရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းပိုက်လိုက်တဲ့ ကိစ္စမျိုးဟာ အဆုံးသတ်သွားပြီဖြစ်ပြီး ဘယ်တော့မှ နောက်တစ်ကြိမ် ကြုံမလာနိုင်တော့ဘူးလို့လည်း သူက မှတ်ချက် ပေးထားခဲ့တာ တွေ့ရပါတယ်။

တစ်ဖက်မှာတော့ NATO မဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေက ယူကရိန်းအပေါ် ရုရှားရဲ့ ခြိမ်းခြောက်မှုဟာ တကယ့်ကို ကြီးမားတဲ့ အန္တရာယ် တစ်ခုအနေနဲ့ ရှိနေကြောင်း သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။