Connect with us

Hi, what are you looking for?

ဗီဒီယို

နိုင်ငံတကာ အဂတိ ကင်းစင်မှု ညွှန်ကိန်းမှာ မြန်မာ ၃ ဆင့်ကျ

ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ကလည်း ၄၅ မှတ်နဲ့ ၄၀ မှတ်စီသာ ရခဲ့တာကြောင့် အခြေအနေ ဆိုးတဲ့ထဲမှာ ပါနေပါတယ်။ သက်ဆိုင်ရာ နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် မျက်ကွယ်ပြုထားတဲ့ အခြေအနေ တချို့ကြောင့်လည်း အခုလိုမျိုး ရမှတ် နည်းပါးခဲ့တာပါ။

ပြီးခဲ့တဲ့ တစ်နှစ်အတွင်း အဂတိ အကင်းစင်ဆုံး နိုင်ငံတွေအဖြစ် ဒိန်းမတ်၊ ဖင်လန်နဲ့ နယူးဇီလန်တို့က ထိပ်ဆုံးမှာ ပူးတွဲ ရပ်တည်နေပြီး နိုင်ငံပေါင်း ၁၈၀ ပါ စာရင်းမှာ မြန်မာက အဆင့် ၁၄၀ ချိတ်ခဲ့ပါတယ်။

Transparency Internationalက နှစ်စဉ် ထုတ်ပြန်လေ့ရှိတဲ့ စာရင်းမှာ ရာနှုန်းပြည့် အဂတိ ကင်းစင်ရင် အမှတ် အများဆုံး ၁၀၀ ထိ ရရှိမယ်လို့ စံသတ်မှတ်ထားပါတယ်။ မြန်မာက မနှစ်က ရမှတ်အတိုင်း ၂၈ မှတ် ရခဲ့ပေမယ့် အဆင့် ၃ ဆင့် ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ပါကစ္စတန်ကလည်း မြန်မာနဲ့ အဆင့်တူ၊ ရမှတ်တူ ရပ်တည်နေတာ တွေ့ရပါတယ်။ ပါကစ္စတန်ဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဒီစာရင်းမှာ အဆင့်အနိမ့်ဆုံး ကျဆင်း ရပ်တည်ခဲ့တာပါ။

Transparency Internationalက ဒီနှစ်မှာ စာရင်းပါ နိုင်ငံ ၁၈၀ အနက် ၇၇ ရာခိုင်နှုန်းလောက်ဟာ အဆင့်ကျသွားတာ၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ ၁၀ စုနှစ်အတွင်း သိသာတဲ့ တိုးတက်မှုမျိုး မပြသနိုင်တာတွေပဲ တွေ့ရကြောင်း ပြောပါတယ်။ ဒိန်းမတ်နဲ့ နယူးဇီလန်တို့ဟာ မနှစ်ကအတိုင်းပဲ ၈၈ မှတ်နဲ့ ထိပ်ဆုံးမှာ ပူးတွဲ ရပ်တည်နေပြီး အဆင့် ၃ နေရာမှာ ရှိခဲ့ဖူးတဲ့ ဖင်လန်ကတော့ ၃ မှတ်တိုးပြီး ဒီနှစ်မှာ ၈၈ မှတ်ထိ ရရှိလာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယတို့ကလည်း ၄၅ မှတ်နဲ့ ၄၀ မှတ်စီသာ ရခဲ့တာကြောင့် အခြေအနေ ဆိုးတဲ့ထဲမှာ ပါနေပါတယ်။ သက်ဆိုင်ရာ နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် မျက်ကွယ်ပြုထားတဲ့ အခြေအနေ တချို့ကြောင့်လည်း အခုလိုမျိုး ရမှတ် နည်းပါးခဲ့တာပါ။

Public Service Announcement

Public Service Announcement

အထူးသဖြင့် အာရှ-ပစိဖိတ် ဒေသတွင်းက နိုင်ငံ အတော်များများဟာ အဂတိ တိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် အားကြိုးမာန်တက် ဆောင်ရွက်ဖို့ ပျက်ကွက်နေကြဆဲလို့ Transparency Internationalက ပြောပါတယ်။ အကျိုးဆက် အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အဲဒီနိုင်ငံတွေမှာ ရမှတ် သိသိသာသာ တိုးလာတာ မတွေ့ရဘဲ ဖြစ်နေပါတယ်။

အာရှ-ပစိဖိတ် ရပ်ဝန်းမှာ အမှတ် အများဆုံးကတော့ နယူးဇီလန် (၈၈ မှတ်)၊ စင်ကာပူ (၈၅ မှတ်)နဲ့ ဟောင်ကောင် (၇၆ မှတ်)တို့ ဖြစ်ပါတယ်။ အာရှတိုက်ရဲ့ အခြေအနေ အဆိုးဆုံး ၃ နိုင်ငံက မြောက်ကိုရီးယား (၁၆ မှတ်)၊ အာဖဂန် နစ္စတန် (၁၆ မှတ်)နဲ့ ကမ္ဘောဒီးယား (၂၃ မှတ်)တို့ပါ။ ကမ္ဘာပေါ်မှာ အဂတိ အထူပြောဆုံးအဖြစ် ရမှတ် အနည်းဆုံးနဲ့ သတ်မှတ် ခံထားရတာကတော့ တောင်ပိုင်း ဆူဒန် (၁၁ မှတ်)လို့ သိရပါတယ်။

CPIလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ညွှန်ကိန်းတွေကို စာရင်းပြု သတ်မှတ်ရာမှာ လာဘ်ပေးလာဘ်ယူ ကိစ္စ၊ ပြည်သူ့ ဘဏ္ဍာ ခွဲဝေမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ အာဏာပိုင်တွေက ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား ပြုမှုတွေ၊ အစိုးရရဲ့ အဂတိ တိုက်ဖျက်ရေး စွမ်းဆောင်ရည်တွေ၊ အဂတိမှုကို အားပေးရာရောက်တဲ့ ကြိုးနီစနစ်တွေ၊ အဂတိမှုနဲ့ ပတ်သက်လို့ သတ်မှတ်ထားတဲ့ စည်းမျဉ်း ဥပဒေတွေ အစရှိတဲ့ အချက်အလက်တွေကို အခြေခံထားတာလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။