Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ခီမောင်နှံရဲ့ ရန်ပုံငွေအစီအစဉ်ကနေ သိန်း ၁၃၀၀ ခန့်ရ

ရန်ပုံငွေအစီအစဥ်ရဲ့ ပထမဆုံးပစ္စည်းအနေနဲ့ ခရစ်(စ)တီးနားခီအတွက် မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရပေးခဲ့တဲ့ ဆွဲကြိုးနဲ့ နားကပ်ကို မဲဖောက်ပေးခဲ့တာဖြစ်ပြီး ကံစမ်းမဲလက်မှတ် နံပါတ် ၀၅၁၀၀ က ကံထူးသွားတာပါ။

ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့ မိသားစု အမှတ်တရပစ္စည်းတွေကိုရောင်းချပြီး ရန်ပုံငွေရှာတဲ့အစီအစဉ်ကနေ အလှူငွေ သိန်း ၁၃၀၀ လောက်ရှာနိုင်ခဲ့တယ်လို့ ဒါရိုက်တာ ခရစ်(စ)တီးနားခီကပြောပါတယ်။

ရန်ပုံငွေအစီအစဥ်ရဲ့ ပထမဆုံးပစ္စည်းအနေနဲ့ ခရစ်(စ)တီးနားခီအတွက် မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရပေးခဲ့တဲ့ ဆွဲကြိုးနဲ့ နားကပ်ကို မဲဖောက်ပေးခဲ့တာဖြစ်ပြီး ကံစမ်းမဲလက်မှတ် နံပါတ် ၀၅၁၀၀ က ကံထူးသွားတာပါ။

လက်မှတ်စောင်ရေ တစ်သောင်းကျော်ရောင်းချခဲ့ရပြီး အားပေးသူတွေ မျှော်လင့်ထားတာထက်များပြားခဲ့တာကြောင့် အချိန်ကြန့်ကြာမှုတွေရှိခဲ့တဲ့အပေါ် ဇဏ်ခီက တောင်းပန်စကားဆိုခဲ့ပါတယ်။
ပထမဆုံးပြုလုပ်တာဖြစ်တာကြောင့် အခက်အခဲတွေရှိခဲ့ပေမယ့် ပါဝင်ကူညီပေးသူတွေကြောင့် အဆင်ပြေခဲ့ပြီး ကူညီသူတွေရော လက်မှတ်ဝယ်ယူအားပေးသူတွေကို ကျေးဇူးတင်တယ်လို့ ခီမောင်နှံကပြောပါတယ်။

လက်မှတ်ဝယ်​တဲ့သူအများစုက မဲပေါက်ရင် မယူဘဲ သူတို့ကို အမှတ်တရပြန်ပေးမယ်လို့ ပြောခဲ့တာကြောင့် ကြည်နူးရသလို အားလည်းဖြစ်စေတယ်လို့ ခရစ်(စ)တီးနားခီကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီအစီအစဥ်အတွက် ကံစမ်းမဲ​လက်မှတ်တစ်စောင်ကို ငွေကျပ်တစ်သောင်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး မြန်မာ ၊ စင်ကာပူ ၊ အမေရိကန် ၊ ကိုရီးယား ၊ ထိုင်း စတဲ့ နိုင်ငံတွေအပါအဝင် ပြည်ပနိုင်ငံတွေက ပရိသတ်တွေကလည်း အားပေးခဲ့တယ်လို့ ခီမောင်နှံက ဆိုပါတယ်။

ဒီအစီအစဥ်ကို ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားစရာပစ္စည်းတွေရှိသေးတယ်လို့ ဇဏ်ခီကပြောပါတယ်။

“အားလုံးပင်ပန်းနေပြီဆိုတာ သိတယ်။ ဒါပေမယ့် ဒီအချိန်မှာလျော့လို့မရဘူး။ ဆက်ပြီးကူညီဖို့လိုတယ်။ ကူညီတဲ့အဖွဲ့တွေ ကျွန်တော်တို့လိုပဲ အများကြီးရှိမှာပဲလေ။ များများကူညီနိုင်ဖို့လိုပါတယ်” လို့ ဇဏ်ခီကပြောပါတယ်။

ဇဏ်ခီတို့ဇနီးမောင်နှံက ကိုဗစ်ကာလ မှာလည်း အခက်အခဲရှိသူများကို ကူညီရန်ဖို့ ငွေကျပ်သိန်း ငါးဆယ် မတည်ပြီး FCPN အမည်နဲ့အဖွဲ့ဖွဲ့ကာ အလှူငွေများကောက်ခံ၍ ပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပန်းချီကားလေလံကို စင်ကာပူ နှင့် အမေရိကန် နှစ်နိုင်ငံရှိမြန်မာများက ဈေးပြိုင်ပေးကာ အကြိတ်အနယ်လေလံဆွဲခဲ့ပြီး နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၌နေထိုင်သည့် ကိုစည်သူဝင်းက အမေရိကန်ဒေါ်လာ ၃၁၀၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်နှင့်ပတ်သတ်သော ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းများကို ထောက်ပို့တပ်သားများနှင့်ပြည်သူလူထုသိရှိစေရန် NUGက ယနေ့ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို "အားကစားဖြင့်တော်လှန်မည်" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

သတင်း

ယင်းကမ်ပိန်း၏ ကံထူးရှင်ကို ဇန်နဝါရီ ၁ ရက်တွင် မဲဖောက်ပေးမည်ဖြစ်ပြီး ပြည်သူများပါဝင်ပေးရန် မင်းမော်ကွန်းက မေတ္တာရပ်ခံထားသည်။