Connect with us

Hi, what are you looking for?

ဗီဒီယို

ခီမောင်နှံရဲ့ ရန်ပုံငွေအစီအစဉ်ကနေ သိန်း ၁၃၀၀ ခန့်ရ

ရန်ပုံငွေအစီအစဥ်ရဲ့ ပထမဆုံးပစ္စည်းအနေနဲ့ ခရစ်(စ)တီးနားခီအတွက် မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရပေးခဲ့တဲ့ ဆွဲကြိုးနဲ့ နားကပ်ကို မဲဖောက်ပေးခဲ့တာဖြစ်ပြီး ကံစမ်းမဲလက်မှတ် နံပါတ် ၀၅၁၀၀ က ကံထူးသွားတာပါ။

ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့ မိသားစု အမှတ်တရပစ္စည်းတွေကိုရောင်းချပြီး ရန်ပုံငွေရှာတဲ့အစီအစဉ်ကနေ အလှူငွေ သိန်း ၁၃၀၀ လောက်ရှာနိုင်ခဲ့တယ်လို့ ဒါရိုက်တာ ခရစ်(စ)တီးနားခီကပြောပါတယ်။

ရန်ပုံငွေအစီအစဥ်ရဲ့ ပထမဆုံးပစ္စည်းအနေနဲ့ ခရစ်(စ)တီးနားခီအတွက် မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့် အမှတ်တရပေးခဲ့တဲ့ ဆွဲကြိုးနဲ့ နားကပ်ကို မဲဖောက်ပေးခဲ့တာဖြစ်ပြီး ကံစမ်းမဲလက်မှတ် နံပါတ် ၀၅၁၀၀ က ကံထူးသွားတာပါ။

လက်မှတ်စောင်ရေ တစ်သောင်းကျော်ရောင်းချခဲ့ရပြီး အားပေးသူတွေ မျှော်လင့်ထားတာထက်များပြားခဲ့တာကြောင့် အချိန်ကြန့်ကြာမှုတွေရှိခဲ့တဲ့အပေါ် ဇဏ်ခီက တောင်းပန်စကားဆိုခဲ့ပါတယ်။
ပထမဆုံးပြုလုပ်တာဖြစ်တာကြောင့် အခက်အခဲတွေရှိခဲ့ပေမယ့် ပါဝင်ကူညီပေးသူတွေကြောင့် အဆင်ပြေခဲ့ပြီး ကူညီသူတွေရော လက်မှတ်ဝယ်ယူအားပေးသူတွေကို ကျေးဇူးတင်တယ်လို့ ခီမောင်နှံကပြောပါတယ်။

လက်မှတ်ဝယ်​တဲ့သူအများစုက မဲပေါက်ရင် မယူဘဲ သူတို့ကို အမှတ်တရပြန်ပေးမယ်လို့ ပြောခဲ့တာကြောင့် ကြည်နူးရသလို အားလည်းဖြစ်စေတယ်လို့ ခရစ်(စ)တီးနားခီကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီအစီအစဥ်အတွက် ကံစမ်းမဲ​လက်မှတ်တစ်စောင်ကို ငွေကျပ်တစ်သောင်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး မြန်မာ ၊ စင်ကာပူ ၊ အမေရိကန် ၊ ကိုရီးယား ၊ ထိုင်း စတဲ့ နိုင်ငံတွေအပါအဝင် ပြည်ပနိုင်ငံတွေက ပရိသတ်တွေကလည်း အားပေးခဲ့တယ်လို့ ခီမောင်နှံက ဆိုပါတယ်။

ဒီအစီအစဥ်ကို ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပြီး စိတ်ဝင်စားစရာပစ္စည်းတွေရှိသေးတယ်လို့ ဇဏ်ခီကပြောပါတယ်။

“အားလုံးပင်ပန်းနေပြီဆိုတာ သိတယ်။ ဒါပေမယ့် ဒီအချိန်မှာလျော့လို့မရဘူး။ ဆက်ပြီးကူညီဖို့လိုတယ်။ ကူညီတဲ့အဖွဲ့တွေ ကျွန်တော်တို့လိုပဲ အများကြီးရှိမှာပဲလေ။ များများကူညီနိုင်ဖို့လိုပါတယ်” လို့ ဇဏ်ခီကပြောပါတယ်။

ဇဏ်ခီတို့ဇနီးမောင်နှံက ကိုဗစ်ကာလ မှာလည်း အခက်အခဲရှိသူများကို ကူညီရန်ဖို့ ငွေကျပ်သိန်း ငါးဆယ် မတည်ပြီး FCPN အမည်နဲ့အဖွဲ့ဖွဲ့ကာ အလှူငွေများကောက်ခံ၍ ပြန်လည်လှူဒါန်းပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရဲဘော်တွေအတွက် ခြေတု၊လက်တု တပ်ဆင်ပေးနိုင်ဖို့ရည်ရွယ်တဲ့ တော်လှန်အနုပညာရှင် မင်းမော်ကွန်းရဲ့ မွေးနေ့ လက်ဆောင်ကမ်ပိန်းက အောင်မြင်ခဲ့ပြီး မျှော်မှန်းထားတဲ့ ပမာဏထပ် ရန်ပုံငွေ ပိုရခဲ့တယ်လို့ Artists' Shelter က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

သဘောမကျတဲ့သူက နယူးယောက် မြို့တော်ဝန် ဖြစ်လာမယ်ဆိုရင် ဖက်ဒရယ် အစိုးရရဲ့ ရန်ပုံငွေ ထောက်ပံ့မှုတွေကို လျှော့ချပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌအား အဖွဲ့​၏စည်းမျဉ်းဥပဒေချိုးဖောက်သည့်အတွက် တာဝန်မှထုတ်ပယ်လိုက်ကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။

သတင်း

ဧရာဝတီတိုင်း ရေကြည်မြို့တွင် ပြည်သူ့စစ် လုံခြုံရေးအဖွဲ့ဖွဲ့ရန်ကြိုးပမ်းသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ‌ဒေသခံများ တင်းမာမှုဖြစ်ခဲ့ပြီး ဒေသခံအမျိုးသားငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့သည်။

Facebook