Connect with us

Hi, what are you looking for?

ဗီဒီယို

ရုရှားကို အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုတွေ စတင်

ဂျာမနီက ကြိုတင် သတိပေးထားတဲ့အတိုင်း ရုရှားနဲ့ သွယ်တန်းထားတဲ့ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းရဲ့ စီးဆင်းမှုတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။ ဒီပိုက်လိုင်းအတွက် ရုရှားနဲ့ အနောက်ဥရောပ ကုမ္ပဏီတွေက ယူရို ၁၀ ဘီလီယံတန် ပရောဂျက်ကြီး ပူးပေါင်း အကောင်အထည် ဖော်ထားကြတာပါ။

ရုရှားနဲ့ ဆက်သွယ်ထားတဲ့ ပင်မ ဓာတ်ငွေ့ ပိုက်လိုင်းတစ်ခုကို ဂျာမနီက ပိတ်ဆို့ထားလိုက်ပြီး တခြား အနောက်အုပ်စု နိုင်ငံတွေကလည်း ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ စတင်လာခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းမှာ ရုရှားတပ်တွေက ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ နယ်မြေတွေဆီ စတင် ဝင်ရောက်လာတဲ့နောက် ဒီကျူးကျော်မှုကို တုံ့ပြန်တဲ့ အနေနဲ့ အနောက်အုပ်စု မဟာမိတ်တွေက ရုရှားကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့တာပါ။

ရုရှားဟာ ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ နယ်မြေတွေကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေ အနေနဲ့ အသိအမှတ် ပြုလိုက်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်တွေ စေလွှတ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကတော့ ဒီလုပ်ရပ်ဟာ ယူကရိန်းနိုင်ငံ အတွင်းပိုင်းထိ ကျူးကျော် ဝင်ရောက်ဖို့ အစပျိုးလိုက်တာလို့ ယူဆကြပါတယ်။

ဂျာမနီက ကြိုတင် သတိပေးထားတဲ့အတိုင်း ရုရှားနဲ့ သွယ်တန်းထားတဲ့ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းရဲ့ စီးဆင်းမှုတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။ ဒီပိုက်လိုင်းအတွက် ရုရှားနဲ့ အနောက်ဥရောပ ကုမ္ပဏီတွေက ယူရို ၁၀ ဘီလီယံတန် ပရောဂျက်ကြီး ပူးပေါင်း အကောင်အထည် ဖော်ထားကြတာပါ။

Public Service Announcement

Public Service Announcement

ရုရှား အရှေ့ပိုင်းက အလုံးအရင်း ထွက်ရှိတဲ့ သဘာဝ ဓာတ်ငွေ့တွေကို အနောက်ဥရောပဆီ တင်ပို့လို့ မရတော့တဲ့အတွက် ရုရှား စွမ်းအင် ကုမ္ပဏီတွေ ငွေရေးကြေးရေးအရ အထိနာလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒါပေမဲ့ ရုရှား အစိုးရအတွက်တော့ ဒီပိတ်ပင်မှုဟာ အကြီးအကျယ် မှုလောက်စရာ မဟုတ်ဘူးဆိုတဲ့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ဥရောပ သမဂ္ဂကလည်း ရုရှားရဲ့ ဘဏ်တွေ အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၇ ခုကို အရေးယူ ပိတ်ဆို့သွားမယ်လို့ ကြေညာပါတယ်။ ဥရောပ ငွေကြေး စျေးကွက်မှာလည်း ရုရှားရဲ့ ပါဝင်မှုကို ပိုမို ကန့်သတ် ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ ရုရှား အောက်လွှတ်တော်က လွှတ်တော်အမတ် ၃၅၁ ဦးလောက်ကလည်း အရေးယူ ပိတ်ဆို့မှုတွေ ကြုံခဲ့ရပါတယ်။

အမေရိကန်ကလည်း ရုရှားရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ထိခိုက်စေမယ့် ဘဏ္ဍာရေးအရ ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ရုရှားရဲ့ ကာကွယ်ရေး ကဏ္ဍကို အဓိက အထောက်အပံ့ ပေးနိုင်တဲ့ အစိုးရပိုင် ဘဏ်နှစ်ခုကို အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်သလို ရုရှားရဲ့ ရေပေါ်ဆီ ပုဂ္ဂိုလ် ၅ ဦးကိုလည်း နာမည်ပျက် စာရင်းသွင်းပြီး စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူကရိန်း ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ ဒိုးနက်စ်ခ်နဲ့ လူဟန့်စ်ခ် ဒေသတွေမှာ အမေရိကန် နိုင်ငံသားတွေ စီးပွားရေး မလုပ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့လည်း သမ္မတ ဂျိုးဘိုင်ဒန်က အထူးအမိန့်တစ်ရပ် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ် အဲဒီ ဒေသတွေမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ အရမ်းနည်းနေတာကြောင့် သက်ရောက်မှု သိပ်မကြီးနိုင်ဘူး ဆိုပေမယ့် ယူကရိန်းကို ရုရှားက ပိုပြီး ကျူးကျော်လာရင် နောက်ထပ် ပိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဘိုင်ဒန်က သတိပေးခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆန်ကလည်း အခုအခါ ရုရှားကို ပြင်းပြင်းထန်ထန် စတင် ထိုးနှက်နေပြီဖြစ်ပြီး အနာဂတ်မှာ ဒီထက်ကို ပိုပြီး ပြင်းထန်လာလိမ့်ဦးမယ်လို့ သတိပေးခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေးဌာန ဒုတိယ ဝန်ကြီး အန်ဒရီ ရူဒန်ကိုကတော့ လောလောဆယ် ယူကရိန်း အရှေ့ပိုင်းကို တပ်တွေ စေလွှတ် မထားသေးဘူးလို့ ပြောပါတယ်။ တကယ်လို့ အဲဒီ ဒေသတွေကို ခြိမ်းခြောက်မှု တစ်ခုခု ကြုံလာရင် သွားရောက် ကူညီဖို့ အတွက်ပဲ ရုရှား စစ်တပ်တွေကို အသင့် ပြင်ဆင်ထားစေတာ ဖြစ်တယ်လို့ ရူဒန်ကိုက မှတ်ချက် ပေးသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။