Connect with us

Hi, what are you looking for?

ဗီဒီယို

စတုတ္ထမြောက် ရုရှားဗိုလ်ချုပ် တစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ယူကရိန်း သမ္မတပြော

သေဆုံးတဲ့ ဗိုလ်ချုပ်တွေဟာ ကံဆိုးပြီး အချိန်မှား၊ နေရာမှားကို ရောက်သွားမိတာမျိုး မဟုတ်တဲ့အတွက် ယူကရိန်း ခုခံရေး စစ်သည်တွေဟာ ရုရှားဗိုလ်ချုပ်တွေကို သေသေချာချာ ပစ်မှတ်ထားလာတယ်လို့ ယူဆနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

ကျူးကျော် တိုက်ခိုက်လာတဲ့ ရုရှားစစ်တပ်ရဲ့ စတုတ္ထမြောက် ဗိုလ်ချုပ်အဆင့် အရာရှိ တစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ဇီလန်စကီးက ရုရှားရဲ့ ဘယ်ဗိုလ်ချုပ် သေဆုံးသွားသလဲ ဆိုတာကို ထုတ်မပြောပေမယ့် ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ ဗိုလ်ချုပ် အိုလက်ဂ် မစ်ယေးဗ်လို့ ဖော်ပြထားပါတယ်။ မစ်ယေးဗ်ဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မာရူပိုလ် မြို့နားမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီမှာ ရုရှားတပ်တွေနဲ့ ယူကရိန်းရဲ့ လက်ယာစွန်း ဝါဒစွဲ အေဇော့ဗ် လက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲဖြစ်ပြီး မစ်ယေးဗ် သေဆုံးသွားတာ ဖြစ်ပါတယ်။ အေဇော့ဗ် အဖွဲ့ဟာ နီယိုနာဇီ လက်ယာစွန်း လှုပ်ရှားသူတွေလို့ သတ်မှတ် ခံရပြီး ၂၀၁၄ ကတည်းက ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တပ်တွေကို တိုက်ခိုက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ ရုရှားက ယူကရိန်းကို ကျူးကျော်လာတဲ့ အခါမှာတော့ အေဇော့ဗ်တွေက သူတို့ အခြေစိုက်ရာ မာရူပိုလ်ကနေ ရွပ်ရွပ်ချွံချွံ ခုခံနေပါတယ်။

စစ်ရေး သုံးသပ်သူတွေက ယူကရိန်းကို ကျူးကျော်တဲ့ စစ်ဆင်ရေးတွေမှာ ရုရှားဗိုလ်ချုပ် ၂၀ လောက် ပါဝင် ကွပ်ကဲနေတယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့ ယူကရိန်း အစိုးရ ထုတ်ပြန်တဲ့ စာရင်းသာ မှန်ကန်ရင် အဲဒီ စစ်ဆင်ရေးတွေရဲ့ အဓိက မဏ္ဍိုင် ကွပ်ကဲရေး အရာရှိ ငါးပုံတစ်ပုံလောက် ပြုတ်ပြုတ်ပြုန်းသွားပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးတဲ့ ဗိုလ်ချုပ်တွေဟာ ကံဆိုးပြီး အချိန်မှား၊ နေရာမှားကို ရောက်သွားမိတာမျိုး မဟုတ်တဲ့အတွက် ယူကရိန်း ခုခံရေး စစ်သည်တွေဟာ ရုရှားဗိုလ်ချုပ်တွေကို သေသေချာချာ ပစ်မှတ်ထားလာတယ်လို့ ယူဆနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

ရုရှားစစ်တပ်ဟာ ဆက်သွယ်ရေးမှာ Open Channelတွေ သုံးစွဲနေတာမျိုး ရှိတာကြောင့် ထိပ်တန်း အရာရှိတွေရဲ့ တည်နေရာတွေ ပေါက်ကြားတာမျိုး ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။ ယူကရိန်းဟာ ရုရှား ဗိုလ်ချုပ် ဗစ်တာလီ ဂီရာဆီမော့ဗ်ကို သုတ်သင်ပြီးချိန်မှာလည်း စစ်ဗိုလ်ချုပ် သေဆုံးမှုကို ရုရှား လုံခြုံရေး အရာရှိနှစ်ဦး ဆွေးနွေးနေကြတဲ့ ဗီဒီယိုတစ်ခု ထုတ်ပြန် အတည်ပြုခဲ့ဖူးပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ ရုရှား စစ်ဘက် အရာရှိတွေက သူတို့ရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေ မလုံခြုံတဲ့အပေါ် ညည်းတွား ဝေဖန်နေခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook