Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အမေရိကန် ဒုတိယ သမ္မတ ကိုဗစ်ရောဂါ ကူးစက်ခံရ

ဟားရစ်ဟာ သမ္မတ ဂျိုးဘိုင်ဒန်၊ သမ္မတကတော် ဂျီလ်ဘိုင်ဒန်တို့နဲ့ လတ်တလော အနီးကပ် ထိတွေ့ထားတာမျိုး မရှိဘူးလို့လည်း အလန်က အတည်ပြုခဲ့ပါတယ်။ ဟားရစ်ဟာ ဆေးစစ်ရလဒ် Negative ပြန်မဖြစ်မချင်း ရုံးမတက်ဘူးလို့လည်း သိရပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်ကို တစ်ပတ်ကြာလောက် သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ဟာ ကိုဗစ်ရောဂါ ကူးစက် ခံခဲ့ရပါတယ်။

ဟားရစ်က သူဟာ ဆေးစစ်ကြည့်တဲ့ အချိန်မှာ ကိုဗစ်ရောဂါ ဖြစ်နေတယ်ဆိုတဲ့ Positive အဖြေ ထွက်ခဲ့ကြောင်း၊ ဒါပေမဲ့ ရောဂါလက္ခဏာတွေ ပြသတာမျိုး မရှိကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။ သူ့အနေနဲ့ ကာကွယ်ဆေးတွေ၊ Booster အားဖြည့်ဆေးတွေ ထိုးထားမိတာကို ကျေးဇူးတင်ရမယ်လို့လည်း ဟားရစ်က မှတ်ချက် ပေးထားပါတယ်။

ဒုတိယ သမ္မတရဲ့ ပြန်ကြားရေး တာဝန်ခံ ခရစ္စတန် အလန်က ဟားရစ်ဟာ ဆေးစစ်အဖြေ Positive ထွက်ပေါ်ပြီးတာနဲ့ ကျန်းမာရေး ဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ သီးသန့်ခွဲခြား နေထိုင်ပြီး လုပ်ငန်းတာဝန်တွေကိုလည်း အိမ်မှာနေရင်းပဲ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဟားရစ်ဟာ သမ္မတ ဂျိုးဘိုင်ဒန်၊ သမ္မတကတော် ဂျီလ်ဘိုင်ဒန်တို့နဲ့ လတ်တလော အနီးကပ် ထိတွေ့ထားတာမျိုး မရှိဘူးလို့လည်း အလန်က အတည်ပြုခဲ့ပါတယ်။ ဟားရစ်ဟာ ဆေးစစ်ရလဒ် Negative ပြန်မဖြစ်မချင်း ရုံးမတက်ဘူးလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဟားရစ်ဟာ ရောဂါမပြင်းထန်ပေမယ့်လည်း ဗိုင်းရပ်စ် တိုက်ဖျက် ဆေးဝါး Paxlovid ကုထုံးနဲ့ ကုသမှု ခံယူသွားမယ်လို့လည်း ဒုတိယ သမ္မတရဲ့ ရုံးအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဟားရစ်နဲ့အတူ အိမ်ဖြူတော်က ဝန်ထမ်းတချို့ပါ ကယ်လီဖိုးနီးယားကို လိုက်ပါသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒုတိယ သမ္မတ အနေနဲ့ ဘယ်လိုဘယ်ပုံ ရောဂါ ကူးစက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဟားရစ်ရဲ့ ဆေးစစ်ရလဒ်အကြောင်း သတင်းကြားပြီးတဲ့နောက် သမ္မတ ဘိုင်ဒန်က ဖုန်းဆက်ပြီး သတင်းမေးခဲ့တယ်လို့လည်း အိမ်ဖြူတော်က ထုတ်ပြန် ကြေညာသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂဆိုင်ရာ အီရန် သံတမန် အဖွဲ့က အီရန်ရဲ့ တိုက်ခိုက်မှုဟာ တရားမျှတပြီး အမေရိကန် အနေနဲ့ ကြားမဝင်ဖို့ လိုတယ်လို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ဖန်တီးခဲ့တယ်ဆိုတဲ့ ဘာအထောက်အထားမှ မတွေ့ရဘူးလို့ အော်စတင်က အမေရိကန် အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များဆိုင်ရာ ကော်မတီရဲ့ ကြားနာမှု အစီအစဉ်မှာ အော်စတင်က ပြောကြားသွားပါတယ်။