Connect with us

Hi, what are you looking for?

ဗီဒီယို

အမေရိကန် ဒုတိယ သမ္မတ ကိုဗစ်ရောဂါ ကူးစက်ခံရ

ဟားရစ်ဟာ သမ္မတ ဂျိုးဘိုင်ဒန်၊ သမ္မတကတော် ဂျီလ်ဘိုင်ဒန်တို့နဲ့ လတ်တလော အနီးကပ် ထိတွေ့ထားတာမျိုး မရှိဘူးလို့လည်း အလန်က အတည်ပြုခဲ့ပါတယ်။ ဟားရစ်ဟာ ဆေးစစ်ရလဒ် Negative ပြန်မဖြစ်မချင်း ရုံးမတက်ဘူးလို့လည်း သိရပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်ကို တစ်ပတ်ကြာလောက် သွားရောက်ခဲ့တဲ့ ခရီးစဉ်အပြီး အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ဟာ ကိုဗစ်ရောဂါ ကူးစက် ခံခဲ့ရပါတယ်။

ဟားရစ်က သူဟာ ဆေးစစ်ကြည့်တဲ့ အချိန်မှာ ကိုဗစ်ရောဂါ ဖြစ်နေတယ်ဆိုတဲ့ Positive အဖြေ ထွက်ခဲ့ကြောင်း၊ ဒါပေမဲ့ ရောဂါလက္ခဏာတွေ ပြသတာမျိုး မရှိကြောင်း Twitterမှာ ရေးသားခဲ့ပါတယ်။ သူ့အနေနဲ့ ကာကွယ်ဆေးတွေ၊ Booster အားဖြည့်ဆေးတွေ ထိုးထားမိတာကို ကျေးဇူးတင်ရမယ်လို့လည်း ဟားရစ်က မှတ်ချက် ပေးထားပါတယ်။

ဒုတိယ သမ္မတရဲ့ ပြန်ကြားရေး တာဝန်ခံ ခရစ္စတန် အလန်က ဟားရစ်ဟာ ဆေးစစ်အဖြေ Positive ထွက်ပေါ်ပြီးတာနဲ့ ကျန်းမာရေး ဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ သီးသန့်ခွဲခြား နေထိုင်ပြီး လုပ်ငန်းတာဝန်တွေကိုလည်း အိမ်မှာနေရင်းပဲ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဟားရစ်ဟာ သမ္မတ ဂျိုးဘိုင်ဒန်၊ သမ္မတကတော် ဂျီလ်ဘိုင်ဒန်တို့နဲ့ လတ်တလော အနီးကပ် ထိတွေ့ထားတာမျိုး မရှိဘူးလို့လည်း အလန်က အတည်ပြုခဲ့ပါတယ်။ ဟားရစ်ဟာ ဆေးစစ်ရလဒ် Negative ပြန်မဖြစ်မချင်း ရုံးမတက်ဘူးလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဟားရစ်ဟာ ရောဂါမပြင်းထန်ပေမယ့်လည်း ဗိုင်းရပ်စ် တိုက်ဖျက် ဆေးဝါး Paxlovid ကုထုံးနဲ့ ကုသမှု ခံယူသွားမယ်လို့လည်း ဒုတိယ သမ္မတရဲ့ ရုံးအဖွဲ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဟားရစ်နဲ့အတူ အိမ်ဖြူတော်က ဝန်ထမ်းတချို့ပါ ကယ်လီဖိုးနီးယားကို လိုက်ပါသွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒုတိယ သမ္မတ အနေနဲ့ ဘယ်လိုဘယ်ပုံ ရောဂါ ကူးစက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဟားရစ်ရဲ့ ဆေးစစ်ရလဒ်အကြောင်း သတင်းကြားပြီးတဲ့နောက် သမ္မတ ဘိုင်ဒန်က ဖုန်းဆက်ပြီး သတင်းမေးခဲ့တယ်လို့လည်း အိမ်ဖြူတော်က ထုတ်ပြန် ကြေညာသွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။