Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ICCရဲ့ စုံစမ်းမှုတွေမှာ ပူးပေါင်းဖို့ ရုရှားကို ကုလသမဂ္ဂ အကြီးအကဲ တိုက်တွန်း

အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရတို့က ရုရှားစစ်တပ်တွေဟာ ကျူးကျော်စစ်ပွဲ အတွင်းမှာ ယူကရိန်း အရပ်သား ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း အတိအလင်း စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ရုရှားကတော့ ဒီလို ပြောဆိုတာတွေဟာ ရုရှားစစ်တပ်အပေါ် သိက္ခာချတာ သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ရဲ့ စုံစမ်း စစ်ဆေးမှုတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ရုရှားကို ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီ ဂူတာရက်စ်ဟာ အခုသီတင်းပတ်ထဲမှာ ရုရှားနဲ့ ယူကရိန်း နိုင်ငံတွေဆီ သွားရောက်ပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ ဖြစ်မြောက်လာအောင် ကြားဝင် ညှိနှိုင်းနေပါတယ်။ ဂူတာရက်စ်ဟာ ယူကရိန်းမှာ စစ်ဒဏ်ကို အပြင်းအထန် ခံခဲ့ရတဲ့ မြို့တချို့ကိုလည်း ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပါသေးတယ်။

အမေရိကန် အပါအဝင် အနောက်အုပ်စု နိုင်ငံတွေနဲ့ ယူကရိန်း အစိုးရတို့က ရုရှားစစ်တပ်တွေဟာ ကျူးကျော်စစ်ပွဲ အတွင်းမှာ ယူကရိန်း အရပ်သား ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း အတိအလင်း စွပ်စွဲထားပါတယ်။ ဒါပေမဲ့ ရုရှားကတော့ ဒီလို ပြောဆိုတာတွေဟာ ရုရှားစစ်တပ်အပေါ် သိက္ခာချတာ သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဂူတာရက်စ်ကတော့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်းဖို့ နည်းလမ်းကတော့ ရုရှားအာဏာပိုင်တွေ ကိုယ်တိုင် ICCရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေမှာ ပါဝင် ပူးပေါင်းတာ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ ICCရဲ့ ရပ်တည်မှုကို အပြည့်အဝ ထောက်ခံကြောင်း၊ ရုရှား အနေနဲ့လည်း ICCရဲ့ စုံစမ်း စစ်ဆေးမှုတွေကို လက်ခံပြီး ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ကုလသမဂ္ဂ အကြီးအကဲက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူတွေက စစ်ရာဇဝတ်မှုတွေ အကြောင်းကို ပြောဆိုနေပေမယ့်လည်း တကယ်တော့ စစ်ပွဲကိုယ်တိုင်က အကြီးဆုံး ရာဇဝတ်မှုကြီး ဖြစ်နေတာကို မမေ့ဖို့လိုကြောင်းလည်း ဂူတာရက်စ်က ပြောကြားခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဂူတာရက်စ်ဟာ အရှေ့ဥရောပ ခရီးစဉ်မှာ စကား အသုံးအနှုန်းကစလို့ သတိကြီးကြီး ရွေးချယ်ပြောဆိုနေတယ်လို့ သုံးသပ်ကြပါတယ်။

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်နားက စစ်ဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ဘိုရိုဒီယန်ကာမြို့ကို ရောက်ရှိချိန်မှာ ဂူတာရက်စ်က စစ်ပွဲဟာ ဆိုးယုတ်လွန်းတယ်လို့ ရှုတ်ချခဲ့ပေမယ့် ယူကရိန်း ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ ရုရှား စစ်တပ်ရဲ့ လုပ်ရပ်ကိုတော့ တိုက်ရိုက် မဝေဖန်ခဲ့ပါဘူး။

ဂူတာရက်စ်ဟာ ရုရှား ခရီးစဉ်အတွင်း သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဆွေးနွေးခဲ့သလို ယူကရိန်းမှာလည်း အိမ်ရှင်နိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ဟာ ဆိုးယုတ်တဲ့ အဖွဲ့အစည်း တစ်ခုလို့ သူ့ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

Facebook