Connect with us

Hi, what are you looking for?

ဗီဒီယို

ဟစ်တလာကို ဂျူးလို့ ပြောခဲ့တဲ့အပေါ် ရုရှား နိုင်ငံခြားရေးဝန်ကြီး ပြန်တောင်းပန်ဖို့ အစ္စရေးတောင်းဆို

အဒေါ့ဖ် ဟစ်တလာဟာ ဂျူးအနွယ်ဝင် တစ်ယောက်ဖြစ်တယ်ဆိုတဲ့ စကားကို ပြန်တောင်းပန်ဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးကို အစ္စရေးက တောင်းဆိုလိုက်ပါတယ်။

အငြင်းပွားစရာတွေ ဖြစ်လာမယ့် ဒီလို မှတ်ချက် စကားမျိုးကို ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က အင်တာဗျူး အစီအစဉ် တစ်ခုမှာ ပြောကြားသွားခဲ့တာပါ။ ဂျာမန် နာဇီ စစ်ခေါင်းဆောင် ဟစ်တလာဟာ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဂျူးလူမျိုး အနည်းဆုံး ၆ သန်းလောက်ကို ရက်စက်တဲ့ နည်းလမ်းပေါင်းစုံနဲ့ သတ်ဖြတ်ခဲ့သူ ဖြစ်တာကြောင့် လက်ဗ်ရော့ဗ်ရဲ့ စကားဟာ ဂျူးနိုင်ငံ အစ္စရေးကို အကြီးအကျယ် ဒေါသ ထွက်စေခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ စပ်လျဉ်းလို့ အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး လက်ဗ်ရော့ဗ်ရဲ့ မှတ်ချက်အပေါ် သေချာ ရှင်းလင်းဖို့၊ ပြီးတော့ ပြန်တောင်းပန်ဖို့ တောင်းဆိုထားပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ အီတလီ သတင်းဌာန တစ်ခုနဲ့ အင်တာဗျူး ပြုလုပ်ရာမှာ လက်ဗ်ရော့ဗ်က ယူကရိန်း အစိုးရကို ခေတ်သစ် နာဇီတွေအဖြစ် ပုံဖော် စွပ်စွဲခဲ့ပါတယ်။ အရင်ကလည်း ရုရှားအစိုးရဟာ ယူကရိန်း အစိုးရကို နာဇီဝါဒီတွေအဖြစ် ပုံဖော်ပြီး လက်ရှိ စစ်ပွဲကလည်း နာဇီဝါဒကို ဖယ်ရှားဖို့ ဖြစ်တယ်လို့ အကြောင်းပြလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး ကိုယ်တိုင်က ဂျူးတစ်ယောက် ဖြစ်နေတဲ့အတွက် သူဟာ နာဇီဝါဒီ ဘယ်လို ဖြစ်နိုင်မလဲလို့ သတင်းဌာနက မေးခွန်းထုတ်ခဲ့တဲ့အခါ လက်ဗ်ရော့ဗ်က ဂျူးတွေလည်း နာဇီဝါဒီ ဖြစ်လာနိုင်ကြောင်း၊ ဟစ်တလာ ကိုယ်တိုင်တောင် ဂျူးမျိုးနွယ်စုက ဆင်းသက် ပေါက်ပွားလာတာ ဖြစ်နိုင်ကြောင်း၊ ဂျူးဆန့်ကျင်ရေး ဝါဒဖြန့်နေတဲ့သူ အများစု ကိုယ်တိုင်က ဂျူးသွေး ရောစပ်တာ တွေ့နိုင်ကြောင်း ဖြေကြားခဲ့ပါတယ်။

လက်ဗ်ရော့ဗ်ရဲ့ စကားတွေဟာ အစ္စရေးမှာတော့ အကြီးအကျယ် ဂယက်ထသွားပြီး အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က ဒီလို စကားတွေဟာ သမိုင်းတလျှောက် အဆိုးယုတ်ဆုံး ရာဇဝတ်မှုတွေရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ ဂျူးတွေကို ပြန်ပြီး အပြစ်ဖို့နေတာနဲ့ မခြားကြောင်း၊ မျက်မှောက်ခေတ်မှာ ဖြစ်ပွားတဲ့ ဘယ်စစ်ပွဲမှာ ဂျူးတွေ လူမျိုးသုဉ်း သတ်ဖြတ်ခံရတဲ့ ဟိုလိုကော့စ် ဖြစ်စဉ်နဲ့ နှိုင်းယှဉ်လို့ မရကြောင်း တုံ့ပြန်ခဲ့ပါတယ်။

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး ယဲလာပိဒ်ကလည်း လက်ဗ်ရော့ဗ်ရဲ့ စကားတွေဟာ ခွင့်လွှတ်လို့ကို မရနိုင်ကြောင်း ဒေါသတကြီး ဝေဖန်ခဲ့ပါတယ်။ လက်ဗ်ရော့ဗ်ရဲ့ စကားအများစုဟာ စိတ်ပျက်စရာ၊ လက်တွေ့မကျတဲ့အပြင် အန္တရာယ်ပါ ကြီးလွန်းတယ်လို့ သူက Twitterမှာ ရေးသားခဲ့ပါတယ်။ ယူကရိန်း ဝန်ကြီးချုပ် ဇီလန်စကီးကလည်း ဒီစကားမျိုး ပြောပြီးတဲ့နောက် ရုရှား အစိုးရဖက်က ဖြေရှင်းတာ၊ ငြင်းဆိုတာ ဘာမှမရှိဘဲ အသံတိတ်နေတဲ့အပေါ် လှောင်ပြောင်သွားခဲ့ပါတယ်။

လက်ရှိ အချိန်ထိ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ယူကရိန်း နိုင်ငံဆိုင်ရာ ရုရှားသံရုံးတို့က ဒီပြဿနာနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နက်ဒ်ပရိုက်စ်က ရုရှား အစိုးရဟာ လူမျိုးရေး ခွဲခြားမှုတွေထဲမှာတောင် အဆင့်အတန်း အနိမ့်ဆုံး ပုံစံမျိုး လုပ်ပြသွားတာလို့ ဝေဖန်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။