Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်းကို စစ်ကြေညာမှာ မဟုတ်ဘူးလို့ ရုရှား အစိုးရပြော

ရုရှား အာဏာပိုင်တွေက ရုရှားစစ်တပ်ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာ မဟုတ်ဘဲ နာဇီဝါဒစွဲ အစိုးရကို ဖြုတ်ချဖို့နဲ့ ဒေသတွင်းက ရုရှားအနွယ်တွေကို အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုနေခဲ့ပါတယ်။

ယူကရိန်းကို တရားဝင် စစ်ကြေညာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကို ရုရှား အစိုးရက ပယ်ချသွားခဲ့ပါတယ်။

ရုရှား စစ်တပ်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက် ကတည်းက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပေမယ့် ရုရှား အစိုးရက တရားဝင် စစ်ကြေညာထားတာ မဟုတ်ဘဲ ယူကရိန်းမှာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မေလ ၉ ရက်ကျရင် ရုရှားမှာ အမျိုးသား အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲတွေ ရှိနေပြီး အဲဒီ အခမ်းအနားမှာ သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို စစ်ကြေညာကြောင်း တရားဝင် မိန့်ခွန်း ပြောလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိနေပေမယ့် ရုရှား အာဏာပိုင်တွေက ပယ်ချသွားပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဒီခန့်မှန်းချက် အားလုံးဟာ အဓိပ္ပါယ် ကင်းမဲ့တဲ့ ကောလာဟလ သက်သက်ထက် မပိုဘူးလို့ ဝေဖန်သွားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဘန်ဝေါလေ့စ်က မော်စကို မြို့တော်မှာ ကျင်းပမယ့် စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကျရင် ပူတင်က ယူကရိန်းအပေါ် တရားဝင် စစ်ကြေညာတာမျိုး ရှိလာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ အမျိုးသား အောင်ပွဲနေ့ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းက နာဇီ ဂျာမနီအပေါ် အနိုင်ယူခဲ့တဲ့ အထိမ်းအမှတ်အတွက် ဂုဏ်ပြု သတ်မှတ်ထားတာပါ။

ရုရှား အာဏာပိုင်တွေက ရုရှားစစ်တပ်ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာ မဟုတ်ဘဲ နာဇီဝါဒစွဲ အစိုးရကို ဖြုတ်ချဖို့နဲ့ ဒေသတွင်းက ရုရှားအနွယ်တွေကို အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုနေခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ရုရှားဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို သိမ်းပိုက်မယ့် ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ဟန်ရှိပြီး ဒွန်းဘက်စ် အပါအဝင် ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေကို အပြည့်အဝ ထိန်းချုပ်ဖို့ အားသွန်ခွန်စိုက် ကြိုးစားလာနေတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။