Connect with us

Hi, what are you looking for?

ဗီဒီယို

ယူကရိန်းကို စစ်ကြေညာမှာ မဟုတ်ဘူးလို့ ရုရှား အစိုးရပြော

ရုရှား အာဏာပိုင်တွေက ရုရှားစစ်တပ်ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာ မဟုတ်ဘဲ နာဇီဝါဒစွဲ အစိုးရကို ဖြုတ်ချဖို့နဲ့ ဒေသတွင်းက ရုရှားအနွယ်တွေကို အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုနေခဲ့ပါတယ်။

ယူကရိန်းကို တရားဝင် စစ်ကြေညာနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေကို ရုရှား အစိုးရက ပယ်ချသွားခဲ့ပါတယ်။

ရုရှား စစ်တပ်တွေဟာ ဖေဖော်ဝါရီ ၂၄ ရက် ကတည်းက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ပေမယ့် ရုရှား အစိုးရက တရားဝင် စစ်ကြေညာထားတာ မဟုတ်ဘဲ ယူကရိန်းမှာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မေလ ၉ ရက်ကျရင် ရုရှားမှာ အမျိုးသား အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲတွေ ရှိနေပြီး အဲဒီ အခမ်းအနားမှာ သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းကို စစ်ကြေညာကြောင်း တရားဝင် မိန့်ခွန်း ပြောလိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိနေပေမယ့် ရုရှား အာဏာပိုင်တွေက ပယ်ချသွားပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဒီခန့်မှန်းချက် အားလုံးဟာ အဓိပ္ပါယ် ကင်းမဲ့တဲ့ ကောလာဟလ သက်သက်ထက် မပိုဘူးလို့ ဝေဖန်သွားပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဘန်ဝေါလေ့စ်က မော်စကို မြို့တော်မှာ ကျင်းပမယ့် စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားကျရင် ပူတင်က ယူကရိန်းအပေါ် တရားဝင် စစ်ကြေညာတာမျိုး ရှိလာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ရုရှားရဲ့ အမျိုးသား အောင်ပွဲနေ့ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းက နာဇီ ဂျာမနီအပေါ် အနိုင်ယူခဲ့တဲ့ အထိမ်းအမှတ်အတွက် ဂုဏ်ပြု သတ်မှတ်ထားတာပါ။

ရုရှား အာဏာပိုင်တွေက ရုရှားစစ်တပ်ဟာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာ မဟုတ်ဘဲ နာဇီဝါဒစွဲ အစိုးရကို ဖြုတ်ချဖို့နဲ့ ဒေသတွင်းက ရုရှားအနွယ်တွေကို အကာအကွယ်ပေးဖို့ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲနေတာသာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုနေခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ရုရှားဟာ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို သိမ်းပိုက်မယ့် ရည်မှန်းချက်ကို စွန့်လွှတ်လိုက်ဟန်ရှိပြီး ဒွန်းဘက်စ် အပါအဝင် ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေကို အပြည့်အဝ ထိန်းချုပ်ဖို့ အားသွန်ခွန်စိုက် ကြိုးစားလာနေတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။