Connect with us

Hi, what are you looking for?

ဗီဒီယို

ထိုင်းမှာ ဗင်ကား တိမ်းမှောက်ပြီး မီးလောင်တာကြောင့် ကလေးတွေ အပါအဝင် ၁၁ ဦးသေ

ထိုင်းက အဝေးပြေး လမ်းမတွေမှာ လုံခြုံရေး အစီအမံ အားနည်းချက်တွေ ရှိနေတာကြောင့် ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု သတင်းတွေကို ရံဖန်ရံခါ ကြားရလေ့ ရှိကြောင်းလည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပြီး ကားမီးလောင်ရာက ကလေးတွေ အပါအဝင် လူ ၁၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ တရုတ်နှစ်သစ်ကူးကာလ ခရီးသွားတဲ့ မိသားစု တစ်ခုဟာ အခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံခဲ့တာလို့ ယာဉ်ထိန်းရဲ ဌာနက ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီ ဗင်ကားဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ အမ်နတ် ချာရုန်း ဒေသကနေ မြို့တော် ဘန်ကောက်ဆီ ဦးတည် မောင်းနှင်နေရင်း လမ်းချော် တိမ်းမှောက်မှု ဖြစ်ခဲ့တာပါ။

ဗင်ကား တိမ်းမှောက်ပြီးတာနဲ့ ချက်ချင်းလိုလို မီးထလောင်တာကြောင့် ခရီးသည်တွေ ပိတ်မိပြီး မီးလောင် သေဆုံးကုန်တာလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ကားပေါ်မှာ လိုက်ပါလာသူ ၁၂ ဦးအနက် အသက် ၂၀ အရွယ် တက္ကသိုလ်ကျောင်းသား လူငယ် တစ်ယောက်ပဲ ကားမှန်ပြတင်းပေါက်ကို ကန်ဖွင့်ပြီး ထွက်ပြေး လွတ်မြောက်နိုင်ခဲ့ပါတယ်။ သေဆုံးသူ ၁၁ ဦးမှာ ၂ ဦးက ကလေးငယ်တွေလို့ သိရပါတယ်။

တစ်ဦးတည်း အသက်ရှင် ကျန်ခဲ့တဲ့ သာနာချစ် ကင်ကာဝူက သူဟာ အိပ်ပျော်နေရာက ရုတ်တရက် လန့်နိုးခဲ့တာ ဖြစ်ကြောင်း၊ ဘာဖြစ်သွားသလဲ ဆိုတာကို ရုတ်တရက် မသိလိုက်ပေမယ့် ကားက တိမ်းမှောက်နေတယ် ဆိုတာကို သတိထားမိလိုက်ကြောင်း၊ နောက်တော့ ကားနောက်ပိုင်းမှာ စတင်ပြီး မီးစွဲလောင်ခဲ့ကြောင်း ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

သာနာချစ်ဟာ ကားမှန်ပြတင်းပေါက်တွေကို သွေးရူးသွေးတမ်း ကန်ကျောက်ပြီး အပေါက်ငယ်လေး တစ်ခုကနေ တိုးထွက်နိုင်ခဲ့ပါတယ်။ သူအပြင်ရောက်တာနဲ့ ကားတစ်စီးလုံးကို လျင်လျင်မြန်မြန် မီးကူးစက် လောင်ကျွမ်းသွားတာကြောင့် အထဲမှာ ပိတ်မိနေသူတွေကို မကယ်နိုင်ခဲ့ပါဘူး။

ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ နစ်ခွမ်ဆူယန်ကလည်း ဗင်ကားဟာ တိမ်းမှောက်ပြီး မကြာခင်မှာပဲ ပေါက်ကွဲပြီး မီးလောင်သွားခဲ့တာလို့ ပြောပါတယ်။ ကိစ္စအားလုံးဟာ စက္ကန့် ၃၀ လောက်အတွင်း ဖြစ်ပျက်သွားခဲ့တယ်လို့ ယုံကြည်ရကြောင်း နစ်ခွမ်က ဆိုပါတယ်။

ဗင်ကားဟာ လောင်စာဆီရော၊ ဖိအားပေး ဓာတ်ငွေ့နဲ့ပါ နှစ်မျိုးမောင်းနှင်နိုင်တဲ့ အမျိုးအစား ဖြစ်ပေမယ့် ဓာတ်ငွေ့အိုး ယိုစိမ့်တဲ့ အထောက်အထား မတွေ့ရတာကြောင့် ဓာတ်ဆီကနေတဆင့် မီးလောင်တယ်လို့ ရဲတွေက ယူဆထားပါတယ်။ အဝေးပြေး လမ်းပေါ်မှာ အဲဒီကားက ရုတ်တရက် လမ်းကြောင်းပြောင်း တိမ်းမှောက်သွားတဲ့ အကြောင်းရင်းကိုတော့ ရဲတွေက ဆက်ပြီး စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ထိုင်းက အဝေးပြေး လမ်းမတွေမှာ လုံခြုံရေး အစီအမံ အားနည်းချက်တွေ ရှိနေတာကြောင့် ဆိုးရွားတဲ့ ယာဉ်မတော်တဆမှု သတင်းတွေကို ရံဖန်ရံခါ ကြားရလေ့ ရှိကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...