Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှားမှာ ရထားချင်း တိုက်မိပြီး ၂၀၀ ကျော် ဒဏ်ရာရ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်မှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူပေါင်း ၂၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

မေလ ၂၄ ရက် ညပိုင်းက ခရီးသည် ၂၁၃ ဦး လိုက်ပါလာတဲ့ ရထားဟာ လူမပါတဲ့ ရထားအလွတ် တစ်စီးနဲ့ ဥမင်ထဲမှာ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ရထားအလွတ်ဟာ ပြန်ပြင်ဆင်ထားတာ မကြာလှသေးဘူးလို့ ဆိုပါတယ်။ ရထားနှစ်စီးက သံလမ်းတစ်ခုတည်းမှာ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။

ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ မိုဟာမက် ဇိုင်နဲလ် အက်ဘ်ဒူလာက ဒီမတော်တဆမှုမှာ ရည်ရွယ်ချက်ရှိရှိ အမှားကျူးလွန်တာမျိုး ဘာအထောက်အထားမှ မတွေ့ဘူးလို့ ပြောပါတယ်။ ရထားလမ်း ထိန်းချုပ်ရေး စင်တာမှာ တစ်ခုခု လွဲချော်ရာက ရထားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မိတဲ့ထိ အကြောင်းဖန်သွားတာလို့ ရဲတွေက ဆိုပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ၄၇ ဦးရဲ့ အခြေအနေက စိုးရိမ်ရပြီး ၁၆၀ ကျော်ကတော့ အသေးစား ပွန်းပဲ့ရုံလောက်သာ ဖြစ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် မူဟစ်ဒင် ယာဆင်က အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ အလေးထား စုံစမ်းသွားစေမှာ ဖြစ်ကြောင်း Facebookမှာ ရေးသားထားပါတယ်။

ပို့ဆောင်ရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာတော့ ဒီမတော်တဆမှုဟာ မလေးရှားရဲ့ ရထားပို့ဆောင်ရေး စနစ်မှာ ၂၃ နှစ်အတွင်း တစ်ခုတည်းသော အကြီးစား အမှားအယွင်းတစ်ခုလို့ ဖော်ပြထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းထဲမှာ မိန်းကလေး တစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တဲ့ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးဟာ စိတ်ကျန်းမာရေး မကောင်းတဲ့အချိန် ပြစ်မှုကျူးလွန်ခဲ့တာလို့ ဆုံးဖြတ်ပြီး မလေးရှား တရားရုံးက တရားသေ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်နဲ့ ဥရောပ လုံခြုံရေး အရာရှိတွေ နယ်စပ်ဖြတ်သန်းပြီး မကြာခင်မှာပဲ ယူကရိန်း-ပိုလန် နယ်စပ်မှာ ရထားတစ်စီးကို ရုရှားက တိုက်ခိုက်ခဲ့ပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ လူနာတင် ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့တာကြောင့် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။

Facebook