Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ သမုဒ္ဒရာ ငါးစင်းရှိတယ်လို့ ပြောင်းလဲ သတ်မှတ်

ကမ္ဘာပေါ်မှာ သမုဒ္ဒရာ ငါးစင်းရှိတယ်လို့ အတည်ပြု သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

NGO အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ National Geographic Societyက ကမ္ဘာပေါ်မှာ သမုဒ္ဒရာကြီး လေးစင်းအစား၊ ငါးစင်းအဖြစ် ဇွန်လ ၈ ရက်မှာ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အတည်ပြုခဲ့ပါတယ်။

အသစ်တိုးလာတဲ့ သမုဒ္ဒရာကို တောင်သမုဒ္ဒရာလို့ ခေါ်ဝေါ်ပြီး အန္တာတိကတိုက် ပတ်ပတ်လည် ရေပြင်ကို ရည်ညွှန်း သတ်မှတ်ထားတာပါ။ အဲဒီရေပြင်ဟာ သီးခြားတည်ရှိတယ်လို့ ယူဆသင့်ကြောင်း National Geographic Societyက ဆိုပါတယ်။

အရင်က ကမ္ဘာတလွှားမှာ အတ္တလန္တိတ်၊ ပစိဖိတ်၊ အိန္ဒိယနဲ့ အာတိတ် သမုဒ္ဒရာကြီး လေးစင်း ရှိတယ်လို့ပဲ ခွဲခြား သတ်မှတ်ထားတာပါ။ National Geographic Societyက တောင်သမုဒ္ဒရာဟာ အန္တာတိကတိုက်ကို ဝန်းရံထားတဲ့ ရေစီးကြောင်းတွေနဲ့ ဖွဲ့စည်းထားပြီး သမုဒ္ဒရာ တစ်စင်းရဲ့ ကိုယ်ပိုင် ဝိသေသတွေ ပိုင်ဆိုင်ထားကြောင်း ပြောပါတယ်။

တောင်သမုဒ္ဒရာ သီးခြားရှိသင့်တာကို သိပ္ပံပညာရှင်တွေက ကာလရှည်ကြာ ထောက်ခံခဲ့ပေမယ့် နိုင်ငံတကာ အသိအမှတ်ပြုမှုမျိုးတော့ မရရှိဘဲ ကြန့်ကြာနေခဲ့တာဖြစ်ကြောင်း National Geographic Societyရဲ့ ပထဝီဝင် ပညာရှင် အဲလက်စ်တိတ်ထ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘာ့ သားရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF)ကတော့ တောင်သမုဒ္ဒရာရဲ့ ရေပြင် အနေအထားဟာ အန္တာတိကတိုက် တစ်ခုလုံးရဲ့ ဂေဟစနစ်ကို သီးခြား ဖန်တီး ထောက်ပံ့ပေးနေတယ်လို့ သုံးသပ်ပါတယ်။ ပင်ဂွင်းငှက်တွေ၊ ဖျံတွေ၊ ဝေလငါးတွေအပြင် ရေနေ သက်ရှိတွေ အမြောက်အမြားအတွက် ကြွယ်ဝတဲ့ အစာရင်းမြစ်ကို ဒီသမုဒ္ဒရာက ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။ တောင်သမုဒ္ဒရာဟာ ကမ္ဘာ့သမုဒ္ဒရာကြီး ငါးစင်းထဲမှာ ဖွဲ့စည်းပုံသက်တမ်း အနုနယ်ဆုံးလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘာပဲဖြစ်ဖြစ် အာကာသထဲက အန္တရာယ် ရှိလောက်တဲ့ အမှိုက်သရိုက်တွေကို စနစ်တကျ မထိန်းချုပ်နိုင်ဘဲ ကမ္ဘာပေါ် ပြန်ပျက်ကျလာစေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာကာသ အမှိုက်တွေအပေါ် သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုက မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။

News

တရုတ်ဟာ ကမ္ဘာအရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို ကုန်လမ်းအပြင် ရေလမ်းပါအသုံးပြုပြီး ခေတ်သစ် ပိုးလမ်းမ လို့ဆိုတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကြီး တစ်ခုကို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။

နိုင်ငံတကာ

ကျွန်းပေါ်မှာ မန်နာဒက်စ်ဆိုတဲ့ မီးတောင်အနိမ့်တစ်လုံး တည်ရှိပြီး ၁၈၀၈ ခုနှစ်နောက်ပိုင်း မပေါက်ကွဲခဲ့ဖူးပါဘူး။ ၁၉၈၀ တုန်းက ဆန်ဟော့ဂျ်ကို ဦးတည်တဲ့ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီး အတော်လေး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အာဖရိကဆိုင်ရာ စစ်ဦးစီး အရာရှိ ဗိုလ်ချုပ်ကြီး စတီဖန် တောင်ဆန်ကလည်း အာဖရိကတိုက်ရဲ့ အတ္တလန္တိတ် ကမ်းခြေမှာ တရုတ် ရေတပ်စခန်းတစ်ခု ရှိလာမယ်ဆိုရင် အရမ်းထင်ရှားတဲ့ ခြိမ်းခြောက်မှုတစ်ခုလို့ သတ်မှတ်ရမှာဖြစ်ကြောင်း ဧပြီလလောက်တုန်းက ပြောကြားထားဖူးပါတယ်။