Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လိမ္မော်ရည်နဲ့ ဆေးစစ်ရလဒ် Positiveအဖြေ အတုလုပ်ပြီး ကျောင်းပြေးကြတဲ့ ဗြိတိန်ကျောင်းသားတွေ

ကျောင်းပြေးချင်တဲ့ ကျောင်းသူကျောင်းသား တချို့ဟာ လိမ္မော်ရည်ကို Covid-19 ရောဂါ ဆေးစစ်ရလဒ် အတုလုပ်ဖို့ အသုံးပြုနေကြတယ်လို့ ဗြိတိန် သိပ္ပံပညရှင်တွေက ပြောကြားခဲ့ပါတယ်။

Covid-19 ဆေးစစ်မှုတွေမှာ လူ့ခန္ဓာကိုယ်က ရယူထားတဲ့ နမူနာအစား လိမ္မော်ရည်ကို Test Kitပေါ်မှာ အသုံးပြုရင် မှားယွင်းတဲ့ Positiveအဖြေ ထွက်လာစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒီဖြစ်စဉ်ရဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် လိမ္မော်ရည်ထဲမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်ကြောင့်လို့ ယူဆရပါတယ်။ Guardian သတင်းဌာနကလည်း ဒီကိစ္စကို လက်တွေ့ စမ်းသပ်ပြီး Positiveအဖြေ မှားယွင်းထွက်ပေါ်မှုကို အတည်ပြုထားပါတယ်။

Ketchup အချဉ်ရည်နဲ့ Coca Cola အချိုရည်တွေကို အသုံးပြုကြည့်တဲ့ အခါမှာလည်း အလားတူ ရလဒ်အမှား ပြသတာမျိုးတွေ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ ဉာဏ်များတဲ့ ကျောင်းသူကျောင်းသား တချို့ကတော့ ဒီနည်းကို သုံးပြီး သူတို့ရဲ့ ဆေးစစ်ရလဒ်က Positive ဖြစ်နေပါတယ်လို့ သက်ဆိုင်ရာ တက္ကသိုလ် ကောလိပ်တွေဆီ အသိပေး ခွင့်တိုင်နေကြတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

စည်းမျဉ်းတွေအရ Positiveအဖြေ ထွက်ထားတဲ့ လူနာတွေဟာ နှစ်ပတ်ကြာ နေအိမ်မှာ အနားယူခွင့် ရတာကြောင့် ကျောင်းသူကျောင်းသားတွေဟာ စည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ကျောင်းပြေးခွင့်ရသလို ဖြစ်သွားတယ်လို့ သိရပါတယ်။

သိပ္ပံ ပါမောက္ခ တစ်ယောက်က လိမ္မော်ရည်နဲ့ Covid-19 လက်တွေ့ စမ်းသပ်မှု ပြုလုပ်ပြခဲ့ပြီး ကျောင်းပြေးဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုအဖြစ် အရွှန်းဖောက်သွားပါတယ်။ လိမ္မော်ရည်ကို ဆေးစစ်ရင် Positiveအဖြေ ထွက်ပေမယ့် တကယ်တမ်း ဗိုင်းရပ်စ်ရှိနေတာ မဟုတ်ဘူးလို့လည်း လန်ဒန်ကောလိပ်က ပရော်ဖက်ဆာ အန်ဒရီရာ ဆယ်လာက ပြောပါတယ်။

အခုလို လှည့်စားတဲ့ နည်းဟာ TikTokပေါ်မှာလည်း အတော်လေး လူပြောများနေပြီး အရည်ပေါင်းစုံနဲ့ စမ်းသပ်ကြည့်တဲ့ ဗီဒီယိုတွေကို တွေ့နေရပါတယ်။ FakeCovidTestဆိုတဲ့ Hashtagနဲ့ ဗီဒီယိုတွေကို TikTokပေါ်မှာ လူတွေ ရှာဖွေ ကြည့်ရှုမှုဟာ အကြိမ်ပေါင်း ၇ သန်းကျော်ထိ ရှိလာပြီလို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement