Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရမှုတွေကနေ ပိုမို ကာကွယ်ပေးဖို့ အိန္ဒိယ ဆရာဝန်တွေ တောင်းဆို

ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ရှေ့တန်းက ပါဝင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ရန်ပြု တိုက်ခိုက် ခံနေရတာကို ကာကွယ်ပေးဖို့ အိန္ဒိယ ဆရာဝန်တွေက တောင်းဆိုလာကြပါတယ်။

ဒေါက်တာ ဆူဂျ်ကူမား ဆီနာပါတီဟာ အခုလို ကိုယ်ထိလက်ရောက် ရန်ပြုမှုမျိုးကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ ဖြစ်ပါတယ်။ ဇွန်လ အစောပိုင်းတုန်းက သူဟာ အာသံပြည်နယ်၊ ဟိုဂျိုင်မှာရှိတဲ့ Covid-19 ကပ်ရောဂါ ထိန်းချုပ်ရေး စင်တာ တစ်ခုမှာ စတင် အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်ဝင်ပြီး ဒုတိယမြောက် နေ့မှာပဲ ကွယ်လွန်သွားတဲ့ လူနာရဲ့ အကြောင်းကို ဒေါက်တာ ဆီနာပါတီက မိသားစုဝင်တွေဆီ သွားရောက် အသိပေးခဲ့ပါတယ်။

သတင်းဆိုးကို ကြားတဲ့အချိန်မှာ လူနာရဲ့ မိသားစုက အကြီးအကျယ် ဒေါသပေါက်ကွဲပြီး ထိုင်ခုံတွေနဲ့ ပစ်ပေါက်ခဲ့သလို ကျန်းမာရေး ဝန်ထမ်းတွေကို ရန်လိုခဲ့ကြပါတယ်။ နောက်တော့ လူစုလူဝေး ပိုများလာပြီး ဒေါက်တာ ဆီနာပါတီကို ဝိုင်းဖမ်းခဲ့ကြသလို စင်တာ အပြင်ဖက် ဆွဲထုတ်သွားပြီး ရိုက်နှက် ကန်ကျောက်ခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်ရဲ့ ဗီဒီယို မှတ်တမ်းက လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။

ဒေါက်တာ ဆီနာပါတီဟာ သွေးအလိမ်းလိမ်းနဲ့ လဲကျနေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် သေလူလို့တောင် သတ်မှတ်ထားခဲ့မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒေါက်တာ ဆီနာပါတီရဲ့ ဖြစ်ရပ်ဟာ အိန္ဒိယ တနံတလျားမှာ Covid-19 ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ပါဝင် ဆောင်ရွက်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုတွေထဲက တစ်ခုမျှသာ ဖြစ်ပါတယ်။

သံသယ လူနာကို Quarantine ဝင်ဖို့ သွားခေါ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ရပ်ကွက်က ဝိုင်းရန်ပြုတာမျိုး သတင်းတွေကို ကပ်ရောဂါ အစောပိုင်း ကာလတွေမှာ ကတည်းက ကြားနေ မြင်နေခဲ့ရပြီးသားပါ။ ပြီးတော့ လူနာတစ်ဦး ကွယ်လွန်သွားရင် ကျန်းမာရေး ဝန်ထမ်းတွေ ပေါ့လျော့ ညံ့ဖျင်းလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ပြုတာတွေလည်း ရှိနေပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဆရာဝန်တွေဖက်က ဆန္ဒပြပြီး လုပ်ငန်းခွင် လုံခြုံရေး ပိုမို အကာအကွယ်ပေးဖို့ တောင်းဆိုလာကြပါတယ်။ ဒါပေမဲ့လည်း အဓိက ပြဿနာ တစ်ခုက အလားတူ အခြေအနေမျိုးမှာ ကျန်းမာရေး ဝန်ထမ်းတွေကို ဘယ်လို ကာကွယ်ပေးမလဲဆိုတဲ့ ဥပဒေမျိုး သတ်သတ်မှတ်မှတ် မရှိသေးတာလို့ ဒေါက်တာ ဆီနာပါတီက ထောက်ပြခဲ့ပါတယ်။

ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်ရင် ဆေးရုံတွေဖက်က ကြိုတင် ပြင်ဆင်မှုတွေဟာ အားနည်းလွန်းပြီး အခြေခံ အဆောက်အအုံ ဖြည့်တင်းမှုတွေကလည်း ဖြစ်ကတတ်ဆန်း နိုင်လွန်းတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဆရာဝန်တွေနဲ့ လူနာရှင် မိသားစု တွေ့ဆုံတဲ့ နေရာမျိုးမှာ အစောင့် တစ်ယောက်လောက်သာ ရှိတတ်ပြီး ရန်လိုနေတဲ့ လူအုပ်ကို ထိန်းချုပ်ဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အိန္ဒိယဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကမ္ဘာပေါ်မှာ Covid-19 ရောဂါ ဖိစီး ကူးစက်မှု အဆိုးဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယမှာ ကပ်ရောဂါ ကူးစက် ခံရသူ ၃၀.၆ သန်းကျော်ထိ များပြားလာပြီး သေဆုံးသူ ဦးရေကတော့ ၄ သိန်း ကျော်လွန်သွားပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။