Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သမ္မတကို လုပ်ကြံသွားတဲ့ သံသယ ရှိသူတွေကို ဟေတီ လုံခြုံရေးတပ်ဖွဲ့ ရှာဖွေ ရှင်းလင်းနေ

ရဲတပ်ဖွဲ့ အကြီးအကဲ ချားလ်စ်က သေနတ်သမားတွေကို ကြေးစားလုပ်ကြံရေးသမားတွေလို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ လုပ်ကြံသူတွေက ရဲ ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပေမယ့် အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သူက ဆိုတယ်။

ဟေတီ သမ္မတ လုပ်ကြံခံရတဲ့နောက် သံသယ တရားခံတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ရှာဖွေ ရှင်းလင်းနေကြောင်း သိရပါတယ်။

အသက် ၅၃ နှစ်အရွယ် သမ္မတ ဂျိုဗီနဲလ် မွိုင်ဆေးဟာ ဇူလိုင် ၇ ရက်က သမ္မတ အိမ်တော်ထဲမှာ ပစ်သတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ သမ္မတကတော်လည်း ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဟေတီ အစိုးရက ထုတ်ပြန်ထားပါတယ်။ နောက်ထပ် နာရီပိုင်းအတွင်း လုံခြုံရေး တပ်ဖွဲ့တွေက သံသယရှိသူ ၄ ဦးကို ပစ်သတ်ပြီး ၂ ဦးကို ထိန်းသိမ်းထားကြောင်း ကြေညာပါတယ်။ ဒါ့အပြင် နောက်ထပ် လွတ်မြောက်နေသူတွေနဲ့လည်း မြို့တော် ပေါ့တ်အော်ပရင့်စ်မှာ ရင်ဆိုင် တိုက်ပွဲတချို့လည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူတွေ အားလုံးကို သုတ်သင် ရှင်းလင်းဖို့၊ ဒါမှမဟုတ် လက်ရဖမ်းဆီးဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ရဲတပ်ဖွဲ့ အကြီးအကဲ လီယွန်ချားလ်စ်က ပြောပါတယ်။ ဖြစ်စဉ်မှာ အမည်မသိ သေနတ်သမားတွေက သမ္မတ အိမ်တော်ထဲ အလစ်အငိုက် ဝင်ရောက် စီးနင်းပြီး မွိုင်ဆေးကို ပစ်သတ်ခဲ့တာလို့ သိရပါတယ်။ သမ္မတ ကတော် မာတီနီ မွိုင်ဆေးက ဒဏ်ရာရပေမယ့် အသက်ရှင်ခဲ့ပြီး အခုတော့ ဖလော်ရီဒါမှာ သွားရောက် ကုသမှု ခံယူနေပါတယ်။ သမ္မတ ကတော်ရဲ့ အခြေအနေက တည်ငြိမ်ပေမယ့် စိုးရိမ်နေရဆဲလို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ အကြီးအကဲ ချားလ်စ်က သေနတ်သမားတွေကို ကြေးစားလုပ်ကြံရေးသမားတွေလို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။ လုပ်ကြံသူတွေက ရဲ ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပေမယ့် အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

ယာယီ ဝန်ကြီးချုပ် ကလော်ဒီ ဂျိုးဆက်က ပြည်သူတွေ အနေနဲ့ အလွန်အကျွံ စိတ်မပူကြဖို့ မိန့်ခွန်းပြောခဲ့ပြီး ဟေတီမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။ အရေးပေါ် အခြေအနေ သတ်မှတ်ထားချိန်မှာ လူအများ စုဝေးမှုကို တားဆီး ပိတ်ပင်လိုက်သလို မြို့ပြ လုံခြုံရေး လုပ်ငန်းစဉ်တွေမှာ စစ်တပ်ကပါ ရဲတွေနဲ့အတူ တာဝန်ယူလာနိုင်ပါတယ်။

မွိုင်ဆေးဟာ ၂၀၁၇ မှာ ဟေတီ သမ္မတ ဖြစ်လာခဲ့ပြီး မကြာသေးခင် လပိုင်းတွေမှာတော့ သူ့ကို ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ မြင့်တက်လာခဲ့ပါတယ်။ မွိုင်ဆေး လုပ်ကြံခံရခြင်းအတွက် စာနာ ဝမ်းနည်းကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၊ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်တို့ အပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် တချို့က ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

လောလောဆယ်တော့ မွိုင်ဆေးရဲ့ နေရာမှာ ဘယ်သူ ဆက်ခံပြီး သမ္မတအဖြစ် တာဝန်ယူမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဟေတီရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ သမ္မတနေရာ ရုတ်တရက် လစ်လပ်သွားရင် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှုနဲ့အတူ အစိုးရ အဖွဲ့ဝင် ဝန်ကြီး တစ်ဦးဦးက သမ္မတ ဖြစ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အခု သီတင်းပတ်မှာမှ မွိုင်ဆေးက ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်သစ် အေရီရယ်လ် ဟန်နရီက တရားဝင် ရာထူးလက်ခံပြီး ကျမ်းသစ္စာ မကျိန်ဆိုရသေးတဲ့အတွက် သမ္မတသစ်နေရာ ရွေးချယ်မှုမှာ အခက်အခဲတွေ ကြုံလာနိုင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဆီရာလီယွန်မှာ ဇွန်လတုန်းက ဘီယွန်က နောက်တကြိမ် ရွေးကောက် တင်မြှောက်ခံရချိန် ကတည်းက တင်းမာမှုတွေ ရှိနေပြီး ရွေးကောက်ပွဲ ရလဒ်ရဲ့ ရိုးသား ဖြောင့်မတ်မှုအပေါ် အဓိက အတိုက်အခံ အင်အားစုတွေနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂတို့က မေးခွန်းထုတ်ထားကြပါတယ်။