Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Moderna က ထုတ်လုပ်တဲ့ ကာကွယ်ဆေး ၁.၆ သန်းကျော်ကို ဂျပန် ဆိုင်းငံ့ထား

ဆေးထဲမှာ လူသားတွေအတွက် မသင့်တော်တဲ့ ဓာတ်ပစ္စည်းတချို့ ရောနှော ပါဝင်နေနိုင်တယ်လို့ ယူဆတဲ့အတွက် ဂျပန်မှာ အသုံးပြုခွင့် ဆိုင်းငံ့ထားလိုက်တာပါ။

Moderna ကုမ္ပဏီက ထုတ်လုပ်တဲ့ Covid-19 ကာကွယ်ဆေး အလုံးရေ ၁.၆ သန်းကျော်ကို ဂျပန် အစိုးရက သုံးစွဲခွင့် ဆိုင်းငံ့ထားလိုက်ကြောင်း သိရပါတယ်။

အမေရိကန် ကုမ္ပဏီ Moderna ရဲ့ဆေးဟာ လက်ရှိ စျေးကွက်ထဲက Covid-19 ကာကွယ်ဆေးတွေထဲမှာ အစွမ်းအထက်ဆုံး အမျိုးအစား တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဒါပေမဲ့ ဆေးထဲမှာ လူသားတွေအတွက် မသင့်တော်တဲ့ ဓာတ်ပစ္စည်းတချို့ ရောနှော ပါဝင်နေနိုင်တယ်လို့ ယူဆတဲ့အတွက် ဂျပန်မှာ အသုံးပြုခွင့် ဆိုင်းငံ့ထားလိုက်တာပါ။

Moderna ရဲ့ ထိုးဆေး ၅ သိန်း ၆ သောင်းလောက်မှာ ကာကွယ်ဆေးနဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့ ပြင်ပ ဓာတ်ပစ္စည်းတွေ ရောနှော ပါဝင်နေနိုင်တယ်လို့ ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ အမေရိကန်ကနေ ဆေးဝါး မှာယူပြီး ပြန်လည် ရောင်းချပေးနေတဲ့ တာဂီဒါ ဆေးဝါးကုမ္ပဏီက Moderna ဆီက ဆေးတွေကို သုံးသုတ်ခွဲ ဝယ်ယူထားကြောင်း၊ အဲဒီထဲက တစ်သုတ်ကို စစ်ဆေးတဲ့အခါ အခုကိစ္စမျိုး ကြုံလာတာဖြစ်ကြောင်း ပြောပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနက Moderna ရဲ့ ကာကွယ်ဆေး အလုံးရေ ၁.၆၃ သန်းလောက်ကို အသုံးပြုခွင့် ဆိုင်းငံ့ထားစေမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီပြဿနာမျိုး စပိန်မှာလည်း ကြုံတွေ့ခဲ့ပေမယ့် အသေးစိတ် ထုတ်ပြန်တာမျိုးတော့ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

Moderna ကတော့ လက်ရှိ အချိန်ထိ သူတို့ ကာကွယ်ဆေးရဲ့ ဘေးအန္တရာယ် ကင်းရှင်းမှုနဲ့ အာနိသင် ထိရောက်မှု အပိုင်းတွေမှာ ဘယ်လို ကြီးကြီးမားမား အမှားအယွင်းမှ မတွေ့သေးဘူးလို့ ဖြေရှင်းထားပါတယ်။ တာကီဒါ ကုမ္ပဏီက Moderna ရဲ့ ကာကွယ်ဆေးထဲမှာ ဘယ်လို ပြင်ပ ဓာတ်ပစ္စည်းမျိုး ရောနှောနေသလဲ ဆိုတာကိုတော့ ထုတ်မပြောသေးပါဘူး။

ဂျပန်ဟာ လတ်တလောမှာ Covid-19 ရောဂါ ကူးစက်မှုတွေ တဟုန်ထိုး မြင့်တက်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျပန် လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်သာ ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးထားပြီး တစ်ကြိမ်သာ ထိုးထားသူ ၅၀ ရာခိုင်နှုန်းလောက် ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ GPDက ဒေါ်လာ ၂၅.၅ ထရီလီယံ ဝန်းကျင်နဲ့ တရုတ်ကတော့ ၁၈ ထရီလီယံ ဝန်းကျင်လောက်စီ အသီးသီး ရှိကြမယ်လို့လည်း စျေးကွက် လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။