Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုမှာ ဆေးရုံထဲ ရေကြီးလို့ လူနာ ၁၇ ဦးသေ

ဆေးရုံဝန်ထမ်းတွေက လူနာ ၄၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမယ့် လူနာ ၁၇ ဦးထက်မနည်းကတော့ အသက်ဆုံးရှုံးသွားခဲ့ရှာပါတယ်။ လူနာတွေ သေဆုံးရာမှာ ဓာတ်လိုက်လို့၊ ရေနစ်လို့၊ အောက်စီဂျင် ပြတ်သွားလို့စတဲ့ အကြောင်းရင်း မျိုးစုံကြောင့် ဖြစ်ပါတယ်။

ဆေးရုံ လူနာဆောင်တွေထဲ ရေကြီးခဲ့ရာက မက္ကဆီကို နိုင်ငံမှာ လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မိုးသည်းသည်းထန်ထန် အဆက်မပြတ် ရွာသွန်းမှုတွေကြောင့် မက္ကဆီကို နိုင်ငံ အလယ်ပိုင်း၊ တူလာမြို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြစ်ရေတွေ လျှံတက်ရာက ဆေးရုံဝင်းထဲ ရေတွေ ဝင်လာပြီး ဓာတ်အားတွေပါ ပြတ်တောက်ကုန်ပါတယ်။ အဲဒီ ဆေးရုံမှာ အချိန်ပြည့် အောက်စီဂျင် ပေးထားရတဲ့ Covid-19 လူနာတွေလည်း ရှိနေခဲ့ပါတယ်။

ဆေးရုံဝန်ထမ်းတွေက လူနာ ၄၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမယ့် လူနာ ၁၇ ဦးထက်မနည်းကတော့ အသက်ဆုံးရှုံးသွားခဲ့ရှာပါတယ်။ လူနာတွေ သေဆုံးရာမှာ ဓာတ်လိုက်လို့၊ ရေနစ်လို့၊ အောက်စီဂျင် ပြတ်သွားလို့စတဲ့ အကြောင်းရင်း မျိုးစုံကြောင့် ဖြစ်ပါတယ်။

တူလာမြို့ တည်ရှိတဲ့ ဟီဒယ်လ်ဂါ ပြည်နယ်ဟာ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုနဲ့အတူ ရေဘေး အကျပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။ မကြာသေးခင်ကလည်း ပြည်နယ် အုပ်ချုပ်ရေးမှူး စီးနင်း လိုက်ပါလာတဲ့ လှေတစ်စီး နစ်မြုပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး အိုမာ ဖာယက်ဒ်ကတော့ အန္တရာယ် ကင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရေဘေးသင့် ဒေသတွေမှာ ကူညီ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့အတွက် မက္ကဆီကို စစ်တပ်တွေ ပို့ဆောင် ဖြန့်ကျက်ထားပါတယ်။ သမ္မတ အန်းဒရက်စ် မန်နျူရယ်လ် လိုပက်ဇ် အော့ဘရာဒေါက ဆေးရုံမှာ လူနာတွေ ရေဘေးကြောင့် သေဆုံးတဲ့ သတင်းကြောင့် တုန်လှုပ် ဝမ်းနည်းမိကြောင်း ပြောပါတယ်။

ပြီးတော့ မြေနိမ့်ပိုင်း ဧရိယာတွေမှာ နေထိုင်သူတွေ အနေနဲ့ ခိုလှုံရေး စခန်းတွေဆီ ယာယီ ရွှေ့ပြောင်းကြဖို့လည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။ ဟီဒယ်လ်ဂါ ပြည်နယ်ထဲက မြို့တွေ တော်တော်များများမှာ ရေဘေး ပြဿနာနဲ့ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေကြား လူသိများရာ ရှုမျှော်ခင်းကြည့် နေရာ တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုတွေကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းထိ များပြားလာခဲ့ပါတယ်။

သတင်း

မိုးကြီးမှုနဲ့ တောင်ကျရေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်နဲ့ မိုးကောင်းမြို့ကြား လမ်းပိုင်းမှာ ရေကျော်ပြီး လမ်းပိတ်ဆို့မှုဖြစ်နေပါတယ်။