Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုမှာ ဆေးရုံထဲ ရေကြီးလို့ လူနာ ၁၇ ဦးသေ

ဆေးရုံဝန်ထမ်းတွေက လူနာ ၄၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမယ့် လူနာ ၁၇ ဦးထက်မနည်းကတော့ အသက်ဆုံးရှုံးသွားခဲ့ရှာပါတယ်။ လူနာတွေ သေဆုံးရာမှာ ဓာတ်လိုက်လို့၊ ရေနစ်လို့၊ အောက်စီဂျင် ပြတ်သွားလို့စတဲ့ အကြောင်းရင်း မျိုးစုံကြောင့် ဖြစ်ပါတယ်။

ဆေးရုံ လူနာဆောင်တွေထဲ ရေကြီးခဲ့ရာက မက္ကဆီကို နိုင်ငံမှာ လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

မိုးသည်းသည်းထန်ထန် အဆက်မပြတ် ရွာသွန်းမှုတွေကြောင့် မက္ကဆီကို နိုင်ငံ အလယ်ပိုင်း၊ တူလာမြို့မှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြစ်ရေတွေ လျှံတက်ရာက ဆေးရုံဝင်းထဲ ရေတွေ ဝင်လာပြီး ဓာတ်အားတွေပါ ပြတ်တောက်ကုန်ပါတယ်။ အဲဒီ ဆေးရုံမှာ အချိန်ပြည့် အောက်စီဂျင် ပေးထားရတဲ့ Covid-19 လူနာတွေလည်း ရှိနေခဲ့ပါတယ်။

ဆေးရုံဝန်ထမ်းတွေက လူနာ ၄၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးနိုင်ခဲ့ပေမယ့် လူနာ ၁၇ ဦးထက်မနည်းကတော့ အသက်ဆုံးရှုံးသွားခဲ့ရှာပါတယ်။ လူနာတွေ သေဆုံးရာမှာ ဓာတ်လိုက်လို့၊ ရေနစ်လို့၊ အောက်စီဂျင် ပြတ်သွားလို့စတဲ့ အကြောင်းရင်း မျိုးစုံကြောင့် ဖြစ်ပါတယ်။

တူလာမြို့ တည်ရှိတဲ့ ဟီဒယ်လ်ဂါ ပြည်နယ်ဟာ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုနဲ့အတူ ရေဘေး အကျပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။ မကြာသေးခင်ကလည်း ပြည်နယ် အုပ်ချုပ်ရေးမှူး စီးနင်း လိုက်ပါလာတဲ့ လှေတစ်စီး နစ်မြုပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူး အိုမာ ဖာယက်ဒ်ကတော့ အန္တရာယ် ကင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရေဘေးသင့် ဒေသတွေမှာ ကူညီ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့အတွက် မက္ကဆီကို စစ်တပ်တွေ ပို့ဆောင် ဖြန့်ကျက်ထားပါတယ်။ သမ္မတ အန်းဒရက်စ် မန်နျူရယ်လ် လိုပက်ဇ် အော့ဘရာဒေါက ဆေးရုံမှာ လူနာတွေ ရေဘေးကြောင့် သေဆုံးတဲ့ သတင်းကြောင့် တုန်လှုပ် ဝမ်းနည်းမိကြောင်း ပြောပါတယ်။

ပြီးတော့ မြေနိမ့်ပိုင်း ဧရိယာတွေမှာ နေထိုင်သူတွေ အနေနဲ့ ခိုလှုံရေး စခန်းတွေဆီ ယာယီ ရွှေ့ပြောင်းကြဖို့လည်း သမ္မတက တိုက်တွန်းခဲ့ပါတယ်။ ဟီဒယ်လ်ဂါ ပြည်နယ်ထဲက မြို့တွေ တော်တော်များများမှာ ရေဘေး ပြဿနာနဲ့ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကနေ ကွန်ဂိုနိုင်ငံရဲ့ မြို့တော်မှာ ရုတ်တရက် ရေကြီးမှုတွေ ကြုံတွေ့ပြီး လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါ နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုလိုက်ခြင်းနဲ့အတူ နိုင်ငံတကာ စတော့ရှယ်ယာ စျေးကွက်ထဲမှာ ကြီးမားတဲ့ လှုပ်ခါသက်ရောက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

အခွန်စည်းကြပ်မှု စည်းမျဉ်းတွေ မပြောင်းလဲအောင် အမေရိကန်ဆီ ပေးထားတဲ့ ကတိအတိုင်း မက္ကဆီကိုဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို နှစ်နိုင်ငံ နယ်စပ်ဆီ စတင် ပို့ဆောင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ မက္ကဆီကိုနဲ့ ကနေဒါတို့ရဲ့ သွင်းကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးမြှင့် စည်းကြပ်မယ့် ကိစ္စကို ရွှေ့ဆိုင်းထားလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

Facebook