Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် လူသိန်းနဲ့ချီ ပြောင်းရွှေ့၊ လေယာဉ် ခရီးစဉ်တွေလည်း ဖျက်သိမ်း

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

A satellite image shows Typhoon Dolphin approaching Japan's Okinawa, August 6, 2026. CSU/CIRA & JMA/JAXA/Handout via REUTERS

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

ဒေါ်လ်ဖင်ဟာ ဂျပန်နိုင်ငံ ပိုင်နက်ထဲ တိုက်ရိုက် ကုန်းတွင်း ဝင်ရောက်ဖွယ် မရှိပေမယ့် ကမ်းရိုးတန်းနဲ့အပြိုင် ခပ်နှေးနှေး ရွေ့လျားရင်း တရုတ်နိုင်ငံ အရှေ့ဖက် ကမ်းခြေကို အခု သီတင်းပတ်ကုန်မှာ ဝင်ရောက် တိုက်ခတ်ဖွယ် ရှိနေပါယတ်။

ဩဂုတ် ၇ ရက် ညနေပိုင်းထိ အခြေအနေ အရတော့ ဒေါ်လ်ဖင်ဟာ တစ်နာရီကို ကီလိုမီတာ ၂၀၀ လောက်ထိ အားပြင်းတဲ့ လေတိုက်နှုန်းမျိုးနဲ့ ကာဂိုရှီးမား တောင်ဖက်၊ ပစိဖိတ် သမုဒ္ဒရာ ရေပြင်ကို အရှေ့ကနေ အနောက်ဖက်ဆီ ခပ်ဖြည်းဖြည်း ရွေ့လျားနေပါတယ်။

မုန်တိုင်းဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက ကျူရှူးကျွန်းနဲ့ ထိုင်ဝမ်နိုင်ငံတို့ကြား ဂျပန်ပိုင် ကျွန်းစုတွေကို ဖြတ်သန်းပြီး တရုတ်ပိုင် ဝမ်ကျူးမြို့ဖက်ကို ဦးတည်နေပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းဒဏ်ကြောင့် မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးနိုင်ခြေရှိတဲ့ နေရာတွေက ဒေသခံတွေကို အာဏာပိုင်တွေက အဆောတလျင် ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ကာဂိုရှီးမားနဲ့ အိုကီနာဝါတို့မှာတော့ လူပေါင်း ၂၆၀၀၀၀ လောက်ကို ဘေးလွတ်ရာဆီ ယာယီ ပြောင်းရွှေ့ပေးခဲ့သလို တိုကျိုမြို့တော်မှာလည်း ဩဂုတ် ၇ ရက်နေ့က အနည်းဆုံး စက်ရုံ ၉ ခုလောက် ပိတ်ထားခဲ့ပါတယ်။ ပြီးတော့ လေကြောင်း ခရီးစဉ် ၅၀၀ ကျော်ကိုပါ မဖြစ်မနေ ဖျက်သိမ်းခဲ့ရပါတယ်။

ဒေါ်လ်ဖင်ဟာ လာမယ့်ရက်ပိုင်းအတွင်း အားကောင်းတဲ့ လေတိုက်နှုန်းကို ဆက်ထိန်းထားနိုင်ပြီး ကူမာမိုတို အပါအဝင် ကျူရှူးကျွန်း အနှံ့မှာ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံရနိုင်ကြောင်း မိုးလေဝသ ဌာနက သတိပေးထားပါတယ်။ ကူမာမိုတိုဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ထိခိုက်ပျက်စီးမှုတွေ အများအပြား ဖြစ်ပေါ်စေတဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီး လှုပ်ခတ်မှုကို ကြုံတွေ့ထားရတဲ့ ဒေသပါ။

ငလျင်ကြောင့် အိမ်တွေပြိုကုန်လို့ ကူမာမိုတို ဒေသခံ ၆၇၀၀ လောက်ဟာ ယာယီ ခိုလှုံရေး စခန်းတွေမှာ နေထိုင်နေရပြီး အခုတော့ မုန်တိုင်းဒဏ်ကိုပါ ကြုံလာရတာ ဖြစ်ပါတယ်။

ဂျပန်တောင်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ကြုံနေရတဲ့အချိန် တခြားဒေသတွေမှာတော့ အပူဒဏ် လွန်လွန်ကျွံကျွံ မြင့်မားတဲ့ ရာသီဥတုမျိုးနဲ့လည်း ကြုံတွေ့နေကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

မဂ္ဂနီကျု ၅.၉ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးတဲ့နောက် တိုကျိုမြို့တော်နဲ့ ပိုမိုကျယ်ဝန်းတဲ့ ကန်တိုဒေသမှာ နေထိုင်သူတွေ အနေနဲ့ လာမယ့် သီတင်းပတ်တွေမှာပါ ပြင်းအားတူ ငလျင်တစ်ခု လှုပ်ခတ်နိုင်ခြေကို သတိထားကြဖို့ ဂျပန် အစိုးရက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ကျွန်းစုတွေနားမှာ ဒုံးကျည် စမ်းသပ်ခဲ့တဲ့ လုပ်ရပ်ကို ဂျပန်က တရားဝင် ကန့်ကွက်ခဲ့ပါတယ်။