Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စီးပွားရေး လုပ်ငန်းကြီးတွေအပေါ် အခွန် ၁၅ ရာခိုင်နှုန်းအထက် စည်းကြပ်ဖို့ G20 နိုင်ငံတွေ သဘောတူ

ကမ္ဘာတလွှားမှာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုကြီးတွေက အခွန်နှုန်း လျှော့ပေါ့ထားတဲ့ နိုင်ငံတွေဆီ ပြောင်းရွှေ့ပြီး ရင်းနှီးမြှုပ်နှံတာတွေ ပိုထူပြောလာမှာကို စိုးရိမ်မှုတွေ ရှိနေချိန်မှာ အခုလိုမျိုး G20 သဘောတူညီချက် ထွက်ပေါ်လာာတာ ဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းကြီးတွေအပေါ် အမြတ်ခွန် အနည်းဆုံး ၁၅ ရာခိုင်နှုန်း ကောက်ခံ စည်းကြပ်ဖို့အတွက် G20 အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး ၁၉ နိုင်ငံနဲ့ ဥရောပ သမဂ္ဂတို့ ပါဝင် ဖွဲ့စည်းထားတဲ့ G20 ညီလာခံကို အီတလီနိုင်ငံ၊ ရောမမြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံခေါင်းဆောင် တော်တော်များများ စုံညီ တက်ရောက်ခဲ့ကြပါတယ်။ ဒါဟာ ကပ်ရောဂါ ကူးစက်မှုတွေ စတင်ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် လူချင်းတွေ့ဖြစ်ကြတာပါ။ ဒါပေမဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ကတော့ အွန်လိုင်းကနေပဲ ချိတ်ဆက်ပြီး အစည်းအဝေး တက်ခဲ့ကြပါတယ်။

ကမ္ဘာတလွှားမှာ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းစုကြီးတွေက အခွန်နှုန်း လျှော့ပေါ့ထားတဲ့ နိုင်ငံတွေဆီ ပြောင်းရွှေ့ပြီး ရင်းနှီးမြှုပ်နှံတာတွေ ပိုထူပြောလာမှာကို စိုးရိမ်မှုတွေ ရှိနေချိန်မှာ အခုလိုမျိုး G20 သဘောတူညီချက် ထွက်ပေါ်လာာတာ ဖြစ်ပါတယ်။

အမေရိကန်က စတင် အဆိုပြုတဲ့ အဲဒီသဘောတူညီမှုကို နိုဝင်ဘာ ၁ ရက်မှာ အတည်ပြုပြီး ၂၀၂၃ ခုနှစ်လောက်မှာ စတင် ကျင့်သုံးလာဖွယ် ရှိနေပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနတ် ယယ်လန်ကတော့ ဒီလို သမိုင်းဝင် သဘောတူညီမှုဟာ ကမ္ဘာ့စီးပွားရေး ကဏ္ဍ တစ်ခုလုံးအတွက် အရေးပါတဲ့ အခိုက်အတန့်တစ်ခု ဖြစ်လာစေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်မှာလည်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေက အခွန်နှုန်း တိုးမြှင့်ပေးရမှာဖြစ်ပြီး ပြည်တွင်း ကုမ္ပဏီတွေနဲ့ လုပ်သားတွေအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ ယယ်လန်က Twitterမှာ ရေးသားထားပါတယ်။

အိမ်ရှင်နိုင်ငံဖြစ်တဲ့ အီတလီရဲ့ ဝန်ကြီးချုပ် မာရီယို ဒရာဂီက G20ဟာ ပေါင်းစည်းမှုရဲ့ သင်္ကေတ ပြယုဂ်တစ်ခု ဖြစ်ရုံသာ မကဘဲ ကမ္ဘာ့ခေါင်းဆောင်တွေကြားက ကွဲပြားမှုတွေကိုပါ ကျော်လွှားပေါင်းကူးပြတဲ့ ဆွေးနွေးပွဲမျိုး ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

အခုနှစ် G20 ညီလာခံမှာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ပြဿနာနဲ့ ကိုဗစ်ကပ်ရောဂါ ကိစ္စတွေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် အဖွဲ့ဝင် နိုင်ငံတွေ စုပေါင်းပြီး အီရန်အနေနဲ့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက်အတွက် ဆွေးနွေးမှုတွေ ပြန်လည် စတင်ဖို့လည်း ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

ပြည်သူတစ်ဦးကို ပြည်ပကနေ ၁နှစ် ဖုန်း ၂လုံးသာ ဝယ်ခွင့်ပေးမယ့် ကန့်သတ်ချက်ကို အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။