Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး နေရာမှာ ခရစ္စမတ်ပွဲတော် မကျင်းပဖို့ ဆုံးဖြတ်

ဂျီဘရော်လ်တာ အစိုးရက တရားဝင် ခရစ္စမတ် ပါတီတွေ ကျင်းပတာ၊ ဧည့်ခံပွဲတွေနဲ့ အလားတူ ပွဲလမ်းသဘင်တွေ ပြုလုပ်တာကို ပိတ်ပင်လိုက်ကြောင်း နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဂျီဘရော်လ်တာ ဒေသခံတွေ အနေနဲ့လည်း လာမယ့် သီတင်း လေးပတ်အတွင်း တွေ့ဆုံပွဲတွေ၊ ပါတီတွေ မလုပ်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး နေရာမှာ လူစုလူဝေး မဖြစ်စေချင်တဲ့အတွက် ခရစ္စမတ် ပွဲတော်ကို မကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဂျီဘရော်လ်တာဟာ ဗြိတိန် လက်အောက်ခံ ကမ်းဝေး ပိုင်နက် နယ်မြေ တစ်ခုဖြစ်ပြီး စပိန်နိုင်ငံ နယ်နိမိတ်နဲ့ ထိစပ်နေပါတယ်။ ဂျီဘရော်လ်တာဟာ ကာကွယ်ဆေး ထိုးနှံနိုင်တဲ့ အသက်အရွယ်ရှိသူ အားလုံး တစ်ယောက်မကျန် ဆေးထိုးထားပြီး ဖြစ်တာကြောင့် လူဦးရေ အချိုးအစားနဲ့ တွက်ချက်ရင် ကမ္ဘာပေါ်မှာ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး နေရာအဖြစ် ရပ်တည်နေတာပါတယ်။

ဂျီဘရော်လ်တာ အစိုးရက တရားဝင် ခရစ္စမတ် ပါတီတွေ ကျင်းပတာ၊ ဧည့်ခံပွဲတွေနဲ့ အလားတူ ပွဲလမ်းသဘင်တွေ ပြုလုပ်တာကို ပိတ်ပင်လိုက်ကြောင်း နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဂျီဘရော်လ်တာ ဒေသခံတွေ အနေနဲ့လည်း လာမယ့် သီတင်း လေးပတ်အတွင်း တွေ့ဆုံပွဲတွေ၊ ပါတီတွေ မလုပ်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မဖြစ်မနေ လူစုလူဝေးနဲ့ တွေ့ဆုံရမယ် ဆိုရင်လည်း မိုးလုံလေလုံ ဧရိယာတွေအစား အဆောက်အအုံတွေ အပြင်ဖက်ကို ရွေးချယ်ဖို့လည်း အကြံပြုထားပါတယ်။ ဂျီဘရော်လ်တာ ကျန်းမာရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ ဆေးထိုးဖို့ ထောက်ခံထားတဲ့ နိုင်ငံလူဦးရေရဲ့ ၁၁၈ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး ထိုးပြီးကြပြီလို့ သိရပါတယ်။ လူဦးရေ ၁၀၀ ရာခိုင်နှုန်းအထက် ရောက်နေတဲ့ အကြောင်းကတော့ ဂျီဘရော်လ်တာမှာ အလုပ်လာလုပ်တဲ့ စပိန်နိုင်ငံသားတွေကိုပါ ဆေးထိုးပေးထားတာကြောင့် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကာကွယ်ဆေး ထိုးထားပေးပြီး ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၇ ရက်အတွင်း ဂျီဘရော်လ်တာမှာ တစ်နေ့ ပျမ်းမျှ လူ ၅၀ လောက် ဆေးစစ်ရလဒ် Positiveအဖြေ ထွက်ပေါ်တာမျိုး ကြုံနေရတာကြောင့် တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။ စက်တင်ဘာလတုန်းက ဂျီဘရော်လ်တာရဲ့ နေ့စဉ် ရောဂါကူးစက်နှုန်းဟာ တစ်နေ့ကို ၁၀ ဦးထက် ပိုလျော့နည်းခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။