Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး နေရာမှာ ခရစ္စမတ်ပွဲတော် မကျင်းပဖို့ ဆုံးဖြတ်

ဂျီဘရော်လ်တာ အစိုးရက တရားဝင် ခရစ္စမတ် ပါတီတွေ ကျင်းပတာ၊ ဧည့်ခံပွဲတွေနဲ့ အလားတူ ပွဲလမ်းသဘင်တွေ ပြုလုပ်တာကို ပိတ်ပင်လိုက်ကြောင်း နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဂျီဘရော်လ်တာ ဒေသခံတွေ အနေနဲ့လည်း လာမယ့် သီတင်း လေးပတ်အတွင်း တွေ့ဆုံပွဲတွေ၊ ပါတီတွေ မလုပ်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး နေရာမှာ လူစုလူဝေး မဖြစ်စေချင်တဲ့အတွက် ခရစ္စမတ် ပွဲတော်ကို မကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဂျီဘရော်လ်တာဟာ ဗြိတိန် လက်အောက်ခံ ကမ်းဝေး ပိုင်နက် နယ်မြေ တစ်ခုဖြစ်ပြီး စပိန်နိုင်ငံ နယ်နိမိတ်နဲ့ ထိစပ်နေပါတယ်။ ဂျီဘရော်လ်တာဟာ ကာကွယ်ဆေး ထိုးနှံနိုင်တဲ့ အသက်အရွယ်ရှိသူ အားလုံး တစ်ယောက်မကျန် ဆေးထိုးထားပြီး ဖြစ်တာကြောင့် လူဦးရေ အချိုးအစားနဲ့ တွက်ချက်ရင် ကမ္ဘာပေါ်မှာ ကာကွယ်ဆေး ထိုးနှံနိုင်စွမ်း အမြင့်ဆုံး နေရာအဖြစ် ရပ်တည်နေတာပါတယ်။

ဂျီဘရော်လ်တာ အစိုးရက တရားဝင် ခရစ္စမတ် ပါတီတွေ ကျင်းပတာ၊ ဧည့်ခံပွဲတွေနဲ့ အလားတူ ပွဲလမ်းသဘင်တွေ ပြုလုပ်တာကို ပိတ်ပင်လိုက်ကြောင်း နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ဂျီဘရော်လ်တာ ဒေသခံတွေ အနေနဲ့လည်း လာမယ့် သီတင်း လေးပတ်အတွင်း တွေ့ဆုံပွဲတွေ၊ ပါတီတွေ မလုပ်ကြဖို့ အစိုးရက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မဖြစ်မနေ လူစုလူဝေးနဲ့ တွေ့ဆုံရမယ် ဆိုရင်လည်း မိုးလုံလေလုံ ဧရိယာတွေအစား အဆောက်အအုံတွေ အပြင်ဖက်ကို ရွေးချယ်ဖို့လည်း အကြံပြုထားပါတယ်။ ဂျီဘရော်လ်တာ ကျန်းမာရေး ဌာနရဲ့ ထုတ်ပြန်ချက်အရ ဆေးထိုးဖို့ ထောက်ခံထားတဲ့ နိုင်ငံလူဦးရေရဲ့ ၁၁၈ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး ထိုးပြီးကြပြီလို့ သိရပါတယ်။ လူဦးရေ ၁၀၀ ရာခိုင်နှုန်းအထက် ရောက်နေတဲ့ အကြောင်းကတော့ ဂျီဘရော်လ်တာမှာ အလုပ်လာလုပ်တဲ့ စပိန်နိုင်ငံသားတွေကိုပါ ဆေးထိုးပေးထားတာကြောင့် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကာကွယ်ဆေး ထိုးထားပေးပြီး ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၇ ရက်အတွင်း ဂျီဘရော်လ်တာမှာ တစ်နေ့ ပျမ်းမျှ လူ ၅၀ လောက် ဆေးစစ်ရလဒ် Positiveအဖြေ ထွက်ပေါ်တာမျိုး ကြုံနေရတာကြောင့် တာဝန်ရှိသူတွေက စိုးရိမ်နေပါတယ်။ စက်တင်ဘာလတုန်းက ဂျီဘရော်လ်တာရဲ့ နေ့စဉ် ရောဂါကူးစက်နှုန်းဟာ တစ်နေ့ကို ၁၀ ဦးထက် ပိုလျော့နည်းခဲ့ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ကလေးဦးရေ ၁၄ သန်းကျော်ဟာ ဘာကာကွယ်ဆေး တစ်မျိုးမှ မထိုးဖူးတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံမှုတွေကို စိစစ် အတည်ပြုပေးရတဲ့ ကော်မတီ တစ်ခုလုံးကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။