Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်အတွက် ကာကွယ်ဆေး Booster တီထွင်နေတဲ့ Moderna

မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာပြီး တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အပါအဝင် နိုင်ငံတကာ ဆေးသုတေသန ပညာရှင်တွေအတွက် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာပါတယ်။

Omicron မျိုးကွဲသစ် ကိုရိုနာ ဗိုင်းရပ်စ်အတွက် အဓိက ရည်ရွယ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေး Booster တစ်မျိုးကို Modernaက စမ်းသပ် တီထွင်နေပြီ ဖြစ်ပါတယ်။

မျိုးဗီဇ ဆင့်ကဲပြောင်းလဲလာပြီး တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ် အသစ်ဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အပါအဝင် နိုင်ငံတကာ ဆေးသုတေသန ပညာရှင်တွေအတွက် စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာပါတယ်။

WHOဟာ ဒီမျိုးကွဲသစ် ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အရေးပေါ် အစည်းအဝေး ခပ်မြန်မြန် ကျင်းပပြီး စိုးရိမ်စရာ ကိုရိုနာ ဗိုင်းရပ်စ် မျိုးကွဲသစ်အဖြစ် အချိန်မဆိုင်းဘဲ အတည်ပြုခဲ့ပါတယ်။ Omicronနဲ့ ပတ်သက်လို့ သိပ္ပံနည်းကျ အချက်အလက်တွေ ခေါင်းပါးနေဆဲ ဖြစ်ပေမယ့် ပညာရှင်တွေ အဓိက စိုးရိမ်နေတာက ရောဂါဖြစ်ပြီးသူတွေ ဒီဗိုင်းရပ်စ် ကူးစက်ခံရရင် နောက်ထပ် ရောဂါ ပြန်ဖြစ်နိုင်မလား ဆိုတာရယ်၊ လက်ရှိ သုံးစွဲနေတဲ့ ကာကွယ်ဆေးတွေ အစွမ်း မထက်တော့မှာရယ်ကို ဖြစ်ပါတယ်။

ကနဦး တွေ့ရှိချက်တွေ အရတော့ Omicronဟာ ကူးစက်နှုန်း ပိုမြန်လာပေမယ့် ရောဂါလက္ခဏာတွေ ပြင်းထန်နိုင်ခြေ လျော့ပါးသွားနိုင်တယ်ဆိုတဲ့ အရိပ်အယောင်မျိုး ရှိနေပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ် မျိုးကွဲသစ်အကြောင်း ပိုသိနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြု လေ့လာမှုတွေ အများကြီး လိုအပ်နေဆဲပါ။

Public Service Announcement

Public Service Announcement

အောင်မြင်တဲ့ ကိုဗစ် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်ထားတဲ့ Modernaက ကုမ္ပဏီရဲ့ အနာဂတ် အစီအမံတွေကို ကြေညာလိုက်ရာမှာ Omicronအတွက် အထူးပြု ရည်ရွယ်ထားတဲ့ ကာကွယ်ဆေး Booster ထပ်ထုတ်ဖို့လည်း ပါဝင်နေပါတယ်။

အဲဒီ Boosterဟာ အရင် ကာကွယ်ဆေးကို နှစ်ကြိမ် ထိုးပြီးသူတွေမှာ Omicronအတွက် သီးသန့် တတိယအကြိမ် ဆေးထိုးရမယ့် ပုံစံမျိုး ထုတ်လုပ်မှာပါ။ ဒါ့အပြင် ဆေးမထိုးရသေးသူတွေ အတွက်လည်း လက်ရှိ ကာကွယ်ဆေးကို Omicron အတွက်ပါ ကိုက်ညီ သင့်တော်အောင် အဆင့်မြှင့်ထားမယ့် မျိုးဆက်သစ် ကာကွယ်ဆေးမျိုး ရရှိလာစေမယ်လို့ ဆိုပါတယ်။

Modernaရဲ့ အဆိုအရ Omicronနဲ့ ပတ်သက်လို့ အချက်အလက်တွေ ရရှိလာချိန် ကတည်းက မက်ဆာချူးဆက်မှာရှိတဲ့ ကင်းဘရစ်ဂျ် ဒေသမှာ ကာကွယ်ဆေး Boosterအသစ် စမ်းသပ်မှုတွေ စတင်နေခဲ့ကြောင်း သိရပါတယ်။ လောလောဆယ်မှာတော့ Omicronကို အထူးပြု ဟန့်တားနိုင်မယ့် ကာကွယ်ဆေး Boosterတစ်မျိုး ထုတ်လုပ်ရေးဟာ ကုမ္ပဏီရဲ့ ဦးစားပေး ရည်မှန်းချက်လို့လည်း Modernaက ပြောပါတယ်။

ပြီးတော့ ဒီဆေးကို လာမယ့် နှစ်လကနေ သုံးလအတွင်း လက်တွေ့ ထိုးနှံ စမ်းသပ်မှုတွေ စတင်နိုင်ဖို့လည်း Modernaက မျှော်လင့်နေပါတယ်။ တောင်အာဖရိကရဲ့ ဆေးသုတေသန ပညာရှင်တွေဟာ မူလ ကိုရိုနာဗိုင်းရပ်စ်ကနေ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုတွေ အရမ်း ထင်ထင်ရှားရှား ဖြစ်နေတဲ့ မျိုးကွဲသစ်ကို နိုဝင်ဘာ ၉ ရက်မှာ စတင် တွေ့ရှိခဲ့ပါတယ်။ တောင်အာဖရိကမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း နေ့အလိုက် ကူးစက်နှုန်းဟာ ပျမ်းမျှ အခြေအနေထက် ၁၃ ဆလောက် မြင့်တက်သွားပြီး ဒီကိစ္စဟာ Omicron မျိုးကွဲသစ်နဲ့ ဆက်စပ်နေမလား ဆိုတာကို သုတေသီတွေက စိုးရိမ်နေကြပါတယ်။

လတ်တလောမှာတော့ အမေရိကန် အပါအဝင် နိုင်ငံတချို့ဟာ အာဖရိက တောင်ပိုင်း ဒေသတွင်း နိုင်ငံတွေနဲ့ လေကြောင်း ခရီး လမ်းပန်း ဆက်သွယ်မှုတွေကို ပိတ်ပင်ပြီး Omicron ကူးစက်မှုတွေကို တားဆီးဖို့ အဆောတလျင် လုပ်ဆောင်နေကြကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။