Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မုဒိမ်းမှု ကျူးလွန်တာကို ဆူဒန် အမျိုးသမီးတွေ ချီတက် ဆန္ဒပြ

အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ မုဒိမ်းမှုကို လက်နက်အဖြစ် အသုံးချနေတဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပါရှိပါတယ်။ အဲဒီ ထုတ်ပြန်ချက်ကို ဗြိတိန်၊ နော်ဝေး၊ ဆွစ်ဇာလန်နဲ့ ကနေဒါ နိုင်ငံတွေကလည်း ထောက်ခံ လက်မှတ် ရေးထိုးထားကြပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆူဒန်နိုင်ငံမှာ အမျိုးသမီး ရာပေါင်းများစွာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ တစ်ခုမှာ အဖမ်းခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၃ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ ကုလသမဂ္ဂကလည်း ဆူဒန် လုံခြုံရေး တပ်ဖွဲ့တွေဟာ လိင်အမြတ်ထုတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စက်ဆုပ်စရာ သတင်းတွေကို ရရှိထားကြောင်း ကြေညာပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စု အင်အားကြီး နိုင်ငံတွေက ဆူဒန် စစ်တပ်နဲ့ ရဲတွေဟာ ဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေ ပါဝင်လာတာ လျော့နည်းသွားအောင် ရည်ရွယ်ချက်ရှိရှိ လိင်အကြမ်းဖက်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲထားကြပါတယ်။ ဆူဒန် လုံခြုံရေး တပ်ဖွဲ့တွေကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဆူဒန်မှာ အောက်တိုဘာလက စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက် ပြည်သူလူထုရဲ့ အုံကြွ ဆန့်ကျင်မှုတွေမှာ အမျိုးသမီးတွေဟာ ရှေ့တန်းကနေ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆူဒန် စစ်တပ်က အရပ်သား အစိုးရ ဝန်ကြီးချုပ်ကို မူလရာထူး ပြန်ခန့်အပ်ခဲ့ပေမယ့် ဆူဒန်မှာတော့ နိုင်ငံရေး ကဏ္ဍကနေ စစ်တပ် ဆုတ်ခွာသွားဖို့ ဆန္ဒပြ လှုပ်ရှားမှုတွေ ဆက်လက် အားကောင်းနေဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၃ ရက်က ခါတွမ်မြို့တော်မှာ စုရုံး ချီတက်လာတဲ့ အမျိုးသမီးတွေက ဆူဒန် အမျိုးသမီးတွေဟာ စိတ်ဓာတ် ခိုင်မာသူတွေဖြစ်ကြောင်း၊ ယုတ်ညံ့တဲ့ မုဒိမ်းမှုတွေက အမျိုးသမီးတွေရဲ့ ထက်သန် ပြင်းပြမှုကို တားဆီးနိုင်မှာ မဟုတ်ကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့က ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ မုဒိမ်းမှုကို လက်နက်အဖြစ် အသုံးချနေတဲ့ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပါရှိပါတယ်။ အဲဒီ ထုတ်ပြန်ချက်ကို ဗြိတိန်၊ နော်ဝေး၊ ဆွစ်ဇာလန်နဲ့ ကနေဒါ နိုင်ငံတွေကလည်း ထောက်ခံ လက်မှတ် ရေးထိုးထားကြပါတယ်။

အာဏာသိမ်းစစ်တပ် အကြီးအကဲ အက်ဘ်ဒယ်လ် ဖာတား အယ်လ် ဘာဟန်ဟာ နိုင်ငံတကာ ဖိအားပေးမှုတွေနဲ့ ပြည်တွင်း ဆန့်ကျင်မှုတွေ အားကောင်းလာတဲ့နောက် ဝန်ကြီးချုပ် အက်ဘ်ဒယ်လာ ဟမ်းဒေါ့ခ် ဦးဆောင်တဲ့ အရပ်သား အစိုးရဆီ အာဏာ ပြန်လွှဲပေးခဲ့ရပါတယ်။ ဘာဟန်က သူဟာ အာဏာသိမ်းလိုက်တာ မဟုတ်ဘဲ ဆူဒန်မှာ ပြည်တွင်းစစ် ဖြစ်လာမယ့် အခြေအနေကို တားဆီးခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြနေပေမယ့် ပြည်သူလူထုက လက်မခံဘဲ နိုင်ငံရေး ကဏ္ဍကနေ စစ်တပ် အပြီးတိုင် ဆုတ်ခွာသွားစေဖို့ ဆက်လက် ဆန္ဒပြနေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

နိုင်ငံတကာ

ဥရောပ နိုင်ငံတွေမှာ ဖြန့်ကျက်ထားတဲ့ တပ်ဖွဲ့ဝင်တွေကိုသာ မကဘဲ တိုက်လေယာဉ်တွေ၊ ဖျက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ တခြားစစ်လက်နက်တွေကိုပါ လျှော့ချသွားဖို့ အမေရိကန် အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။