Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကွန်ဂိုမှာ စျေးထဲ ဓာတ်ကြိုး ပြတ်ကျပြီး ၂၆ ဦးထက်မနည်း ဓာတ်လိုက်သေဆုံး

လူမှု ကွန်ရက်တွေပေါ် တင်ထားတဲ့ ဗီဒီယိုတွေမှာတော့ စျေးလမ်းပေါ်က ဗွက်အိုင်တွေထဲမှာ အသက်မဲ့ ခန္ဓာကိုယ်တွေ လဲကျနေတာကို တွေ့ရပါတယ်။ ဓာတ်ကြိုး ဘာကြောင့် ပြတ်ကျခဲ့သလဲ ဆိုတာကိုတော့ အကြောင်းရင်း သေချာ မသိရသေးပါဘူး။

ကွန်ဂိုနိုင်ငံမှာ လူစည်ကားနေတဲ့ စျေးတစ်ခုထဲ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျပြီး ၂၆ ဦးထက်မနည်း ဓာတ်လိုက် သေဆုံးသွားကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က မြို့တော် ကင်ရှာဆာမှာရှိတဲ့ စျေးတစ်ခုထဲမှာ ဗို့အား အရမ်းများတဲ့ ဓာတ်ကြိုး ပြတ်ကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဓာတ်ကြိုးဟာ နေအိမ်တွေပေါ်ကိုရော၊ စျေးဆိုင်တွေနဲ့ စျေးဝယ်သူတွေ အပေါ်ကိုပါ ကန့်လန့်ဖြတ် ပြတ်ကျခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

လူမှု ကွန်ရက်တွေပေါ် တင်ထားတဲ့ ဗီဒီယိုတွေမှာတော့ စျေးလမ်းပေါ်က ဗွက်အိုင်တွေထဲမှာ အသက်မဲ့ ခန္ဓာကိုယ်တွေ လဲကျနေတာကို တွေ့ရပါတယ်။ ဓာတ်ကြိုး ဘာကြောင့် ပြတ်ကျခဲ့သလဲ ဆိုတာကိုတော့ အကြောင်းရင်း သေချာ မသိရသေးပါဘူး။

ကွန်ဂို အမျိုးသား လျှပ်စစ် ကော်ပိုရေးရှင်းကတော့ ဓာတ်ကြိုး သွယ်တန်းထားရာ တစ်နေရာရာကို မိုးကြိုးပစ်ချလို့ မြေပေါ် ကျဆင်းလာတာ ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးထားပြီး သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့က စျေးထဲကို ဓာတ်ကြိုး ပြတ်ကျတဲ့ ဖြစ်စဉ်မှာ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးကြောင်း ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြေညာခဲ့ပါဘူး။ ဒေသခံ မီဒီယာတွေကတော့ သေဆုံးသူ အများစုဟာ စျေးရောင်းနေတဲ့ အမျိုးသမီးတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရင်ခွဲရုံဆီ သယ်ယူပြီး မှုခင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ အဲဒီစျေးဟာ မိုးရွာရင် ရေဝပ်ပြီး ရွှံ့ဗွက်တွေ ထူထပ်နေလေ့ ရှိတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတသက်တမ်းကို ထပ်တိုးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အပြောင်းအလဲ အဆိုပြုချက်ကြောင့် ကွန်ဂိုမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပြီး လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံး ဖြိုခွင်းခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။