Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ပြီလို့ Bloomberg သတင်းအမှား တင်မိ

ယူကရိန်းနဲ့ နယ်စပ်အနီးတဝိုက်မှာ ရုရှားစစ်သည် သိန်းဂဏန်းလောက် ဖြန့်ကျက်ထားပြီး ကျူးကျော်စစ်က နေ့ဖြစ်မလား၊ ညဖြစ်မလား စိတ်ပူနေရချိန်မှာ Bloombergရဲ့ သတင်းကြောင့် ပိုပြီး အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Bloombergဟာ ယူကရိန်းကို ရုရှားက ဝင်ရောက် တိုက်ခိုက်ပြီဆိုတဲ့ သတင်းကို မှားယွင်းပြီး ဖော်ပြမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်မှာ Bloombergရဲ့ စာဖတ်သူတွေက သတင်းဌာန ဝက်ဘ်ဆိုက်ပေါ်မှာ အထိတ်တလန့် ဖြစ်လောက်စရာ ခေါင်းစဉ်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲဒါကတော့ “တိုက်ရိုက် တင်ဆက်မှု – ယူကရိန်းကို ရုရှား၏ ကျူးကျော်မှု”ဆိုတဲ့ ခေါင်းစဉ်ပါပဲ။

Bloomberg သတင်းဌာန ဝက်ဘ်ဆိုက်ရဲ့ စာမျက်နှာမှာ အဲဒီသတင်းခေါင်းစဉ်ဟာ နာရီဝက်လောက်ကြာအောင် ရှိနေပြီးမှ ပြန်ဖြုတ်ချသွားခဲ့ပါတယ်။ သတင်းထဲကို ဝင်ဖတ်ကြည့်ရင်တော့ ဘာစာမှ မတွေ့ရဘဲ Error တက်နေခဲ့ပါတယ်။

ယူကရိန်းနဲ့ နယ်စပ်အနီးတဝိုက်မှာ ရုရှားစစ်သည် သိန်းဂဏန်းလောက် ဖြန့်ကျက်ထားပြီး ကျူးကျော်စစ်က နေ့ဖြစ်မလား၊ ညဖြစ်မလား စိတ်ပူနေရချိန်မှာ Bloombergရဲ့ သတင်းကြောင့် ပိုပြီး အထိတ်တလန့် ဖြစ်ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပိုင်းမှာတော့ Bloombergက ဒါဟာ လွဲချော်မှု တစ်ခုသာ ဖြစ်တယ်လို့ ပြန်လည် ဝန်ခံ ဖြေရှင်းခဲ့ပါတယ်။ အခြေအနေ အပြောင်းအလဲ တစ်ခုခု ဖြစ်ပေါ်လာရင် ချက်ချင်း ဝက်ဘ်ဆိုက်ပေါ် တင်ဖို့ ကြိုတင် ပြင်ဆင်ထားတဲ့ သတင်းမူကြမ်း ခေါင်းစဉ်က မရည်ရွယ်ဘဲ ဝက်ဘ်ဆိုက်ပေါ် ရောက်သွားတာလို့ Bloombergက ဖြေရှင်းပါတယ်။

Bloombergရဲ့ ပြောရေးဆိုခွင့်ရ အရာရှိကတော့ သူတို့ဟာ ကမ္ဘာ့နိုင်ငံရေး အခြေအနေ ရုတ်တရက် ပြောင်းလဲသွားနိုင်တဲ့ အလားအလာ အားလုံးအတွက် သတင်းမူကြမ်း ပုံစံတွေ ကြိုတင် ပြင်ဆင်ထားလေ့ ရှိကြောင်း၊ အခုလို အမှားမျိုး ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါကြောင်း အီးမေးလ်နဲ့ အင်တာဗျူး တစ်ခုမှာ ဖြေဆိုသွားပါတယ်။ ပြီးတော့ ဒီလို ချွတ်ချော်မှုနဲ့ ပတ်သက်လို့လည်း စုံစမ်း စစ်ဆေးသွားမယ်လို့လည်း Bloombergဖက်က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။