Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယီမင်မှာ ကုလသမဂ္ဂ ဝန်ထမ်း ၅ ဦး ပြန်ပေးဆွဲခံရ

ယီမင်အခြေစိုက် ကုလသမဂ္ဂ မစ်ရှင်တွေရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရက်ဆဲလ် ဂိခ်ကိုင်းက ဝန်ထမ်း ၅ ဦး ပြန်ပေးဆွဲ ခံရတဲ့ သတင်းကို အတည်ပြုခဲ့ပြီး သူတို့ အမြန်ဆုံး ပြန်လည် လွတ်မြောက်ဖို့ ကြိုးစား ဆောင်ရွက်နေကြောင်း ပြောသွားပါတယ်။

ယီမင်နိုင်ငံမှာ ကုလသမဂ္ဂရဲ့ ဝန်ထမ်း ၅ ဦးကို လက်နက်ကိုင်တွေက ပြန်ပေးဆွဲ ဖမ်းဆီးသွားကြောင်း သိရပါတယ်။

အခု သီတင်းပတ်ကုန်မှာ ယီမင်တောင်ပိုင်းကို ကွင်းဆင်း ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး အေဒန်မြို့ကို ပြန်လာချိန် အက်ဘ်ယန်း ဒေသမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက ကုလသမဂ္ဂ ဝန်ထမ်းတွေကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ယီမင်အခြေစိုက် ကုလသမဂ္ဂ မစ်ရှင်တွေရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရက်ဆဲလ် ဂိခ်ကိုင်းက ဝန်ထမ်း ၅ ဦး ပြန်ပေးဆွဲ ခံရတဲ့ သတင်းကို အတည်ပြုခဲ့ပြီး သူတို့ အမြန်ဆုံး ပြန်လည် လွတ်မြောက်ဖို့ ကြိုးစား ဆောင်ရွက်နေကြောင်း ပြောသွားပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ စတက်ဖနီ ဒူဂျာရစ်ကတော့ ဒီကိစ္စကို သတင်းရထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဝန်ထမ်းတွေရဲ့ လုံခြုံရေး အပါအဝင် တချို့သော အကြောင်းရင်းတွေကြောင့် ဘာမှတ်ချက်မှ မပေးနိုင်သေးကြောင်း ဒူဂျာရစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယီမင်ဟာ ကုလသမဂ္ဂ အသိအမှတ် ပြုထားတဲ့ အစိုးရနဲ့ ဟိုသီ လက်နက်ကိုင် သူပုန်တွေကြား ပြည်တွင်းစစ် အပြင်းအထန် ဖြစ်ပွားနေတဲ့ နိုင်ငံပါ။ အခုလို ကုလသမဂ္ဂ ဝန်ထမ်းတွေကို ဖမ်းဆီးသွားတာက ဘယ်သူဘယ်ဝါရဲ့ လက်ချက် ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

ယီမင်မှာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွတွေလည်း လှုပ်ရှားနေပြီး အရင်ကလည်း ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးအမည်မသိ စစ်လက်နက် တစ်မျိုးနဲ့ ပစ်ခတ်ခံရလို့ အိန္ဒိယအလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။