Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယီမင်မှာ ကုလသမဂ္ဂ ဝန်ထမ်း ၅ ဦး ပြန်ပေးဆွဲခံရ

ယီမင်အခြေစိုက် ကုလသမဂ္ဂ မစ်ရှင်တွေရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရက်ဆဲလ် ဂိခ်ကိုင်းက ဝန်ထမ်း ၅ ဦး ပြန်ပေးဆွဲ ခံရတဲ့ သတင်းကို အတည်ပြုခဲ့ပြီး သူတို့ အမြန်ဆုံး ပြန်လည် လွတ်မြောက်ဖို့ ကြိုးစား ဆောင်ရွက်နေကြောင်း ပြောသွားပါတယ်။

ယီမင်နိုင်ငံမှာ ကုလသမဂ္ဂရဲ့ ဝန်ထမ်း ၅ ဦးကို လက်နက်ကိုင်တွေက ပြန်ပေးဆွဲ ဖမ်းဆီးသွားကြောင်း သိရပါတယ်။

အခု သီတင်းပတ်ကုန်မှာ ယီမင်တောင်ပိုင်းကို ကွင်းဆင်း ခရီးစဉ်တစ်ခု သွားရောက်ခဲ့ပြီး အေဒန်မြို့ကို ပြန်လာချိန် အက်ဘ်ယန်း ဒေသမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက ကုလသမဂ္ဂ ဝန်ထမ်းတွေကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ယီမင်အခြေစိုက် ကုလသမဂ္ဂ မစ်ရှင်တွေရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ရက်ဆဲလ် ဂိခ်ကိုင်းက ဝန်ထမ်း ၅ ဦး ပြန်ပေးဆွဲ ခံရတဲ့ သတင်းကို အတည်ပြုခဲ့ပြီး သူတို့ အမြန်ဆုံး ပြန်လည် လွတ်မြောက်ဖို့ ကြိုးစား ဆောင်ရွက်နေကြောင်း ပြောသွားပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရ အရာရှိ စတက်ဖနီ ဒူဂျာရစ်ကတော့ ဒီကိစ္စကို သတင်းရထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ ဝန်ထမ်းတွေရဲ့ လုံခြုံရေး အပါအဝင် တချို့သော အကြောင်းရင်းတွေကြောင့် ဘာမှတ်ချက်မှ မပေးနိုင်သေးကြောင်း ဒူဂျာရစ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ယီမင်ဟာ ကုလသမဂ္ဂ အသိအမှတ် ပြုထားတဲ့ အစိုးရနဲ့ ဟိုသီ လက်နက်ကိုင် သူပုန်တွေကြား ပြည်တွင်းစစ် အပြင်းအထန် ဖြစ်ပွားနေတဲ့ နိုင်ငံပါ။ အခုလို ကုလသမဂ္ဂ ဝန်ထမ်းတွေကို ဖမ်းဆီးသွားတာက ဘယ်သူဘယ်ဝါရဲ့ လက်ချက် ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။

ယီမင်မှာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွတွေလည်း လှုပ်ရှားနေပြီး အရင်ကလည်း ပြန်ပေးဆွဲတဲ့ ဖြစ်ရပ်မျိုးတွေ ရှိခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်က အဲဒီအဆိုကို ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့မေယ့် အမေရိကန်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ကလည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး အဆိုကို ထောက်ခံခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

သတင်း

လွယ်ဂျယ်မြို့ကို ဝိုင်းထားပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့နှင့် ဝန်ထမ်းများထွက်ခွာခွင့်ကို ယနေ့ ၁ ရက်အချိန်ပေးထားသည်ဟု သိရသည်။

သတင်း

ရခိုင်ပြည်နယ် ၊ မင်းပြား မြို့နယ်၊သာ​ဒေ​ကျေးရွာ ကို မတ် ၁၈ ရက်နံနက်အ​စောပိုင်းမှာ စစ်​ကောင်စီတပ်က ​လေ​ကြောင်းက​နေတိုက်ခိုက်တာ​ကြောင့်ရွာမှာ​နေထိုင်တဲ့ ရိုဟင်ဂျာ ၂၃ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။