Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုက ကမ်းခြေတစ်ခုမှာ လှိုင်းလုံး ရိုက်ခတ်မှုကြောင့် လူ ၁၁ ဦး ရေနစ်သေဆုံး

သူတို့အဖွဲ့ ကမ်းခြေ ရောက်လာချိန်မှာ ရေထဲ မဆင်းကြဖို့ ဒေသခံ တချို့က တားကြပေမယ့် နားမထောင်ခဲ့ကြဘူးလို့လည်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် အိုင်ဝါယန် ဆူယတ်နားက ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံက ကမ်းခြေတစ်ခုမှာ လှိုင်းလုံးတွေ ရိုက်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

အရှေ့ဂျာဗားက ကမ်းခြေတစ်ခုမှာ လှိုင်းကြီးနိုင်တဲ့အတွက် ပင်လယ်ထဲ မဆင်းဖို့ သတိပေးချက် ထုတ်ပြန်ထားတာကို မလိုက်နာတဲ့သူတွေ ရေနစ် သေဆုံးကုန်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အနီးအနား ကျေးရွာတချို့က လူ ၂၄ ဦး ပါဝင်တဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းက ပင်လယ်ထဲဆင်းပြီး ရေကူး ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ထဲက ၁၁ ဦးဟာ လှိုင်းတွေ ရိုက်ခတ်တဲ့ဒဏ်ကြောင့် ပင်လယ်ဖက် မျောပါပြီး ရေနစ် သေဆုံးကုန်တာလို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ အသက်ရှင် လွတ်မြောက်ခဲ့သူ ၁၃ ဦးထဲမှာ ၂ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

သူတို့အဖွဲ့ ကမ်းခြေ ရောက်လာချိန်မှာ ရေထဲ မဆင်းကြဖို့ ဒေသခံ တချို့က တားကြပေမယ့် နားမထောင်ခဲ့ကြဘူးလို့လည်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် အိုင်ဝါယန် ဆူယတ်နားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူတွေ အားလုံးရဲ့ ရုပ်အလောင်းတွေကို နောက်တစ်နေ့ ညနေပိုင်းကျမှ စုံစုံလင်လင် ပြန်လည်ဆယ်ယူ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အရှေ့ဂျာဗား အပါအဝင် နိုင်ငံရဲ့ ဒေသတချို့မှာ ရာသီဥတု ပြင်းထန်ပြီး လှိုင်းကြီးနိုင်ကြောင်း အင်ဒိုနီးရှား မိုးလေဝသ အေဂျင်စီက ကြိုတင် သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် လေယာဉ်တင် သင်္ဘောကြီး လာရောက်ဆိုက်ကပ်မယ့် ခရီးစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ အာဏာပိုင်တွေက လမ်းပေါ်က ပြည့်တန်ဆာ အမျိုးသမီးတွေကို လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

Facebook